ကမ္ဘာမှာ ဒုတိယခါးအသေးဆုံး မြန်မာနိုင်ငံသူ မစုမို့မို့နိုင်နဲ့ အပြင်မှာတွေ့ခဲ့ရတဲ့ အချိန်မှာ အံ့သြခဲ့ရတဲ့ နေဆန်း





Read in UNICODE

နေဆန်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို နေဆန်းက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဟာသဗီဒီယိုအတိုလေးတွေနဲ့ စတင် ရရှိခဲ့ပြီး ရိုးရှင်းပွင့်လင်းစွာ နေတတ်ကာ မိဘအပေါ် သိတတ်တဲ့ သားလိမ္မာတစ်ယောက်လည်း ဖြစ်တာကြောင့် ပရိသတ်တွေ

အချစ်ပိုနေရသူဆိုလည်း မမှားမပါဘူး.။ နေဆန်းကတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေကို ပရိသတ်တွေအတွက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပြီး ဒီနေ့ သြဂုတ်လ (၉)ရက်နေ့မှာလည်း နေဆန်းက ပဲခူးမြို့သူလေး ကမ္ဘာမှာ ဒုတိယ ခါးအသေးဆုံးလို့ သတ်မှတ်ခံရတဲ့ စုမို့မို့နိုင်နဲ့ အပြင်မှာ တွေ့ဆုံစဉ် ရိုက်ကူးခဲ့တဲ့ ပုံလေးတွေကို “အပြင်မှာလည်း

တစ်ကယ်သေးတယ် ဟ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ အသက် (၂၁)အရွယ် မစုမို့မို့နိုင်ရဲ့ခါးကတော့ (၁၆)လက်မခွဲသာရှိပြီး ကမ္ဘာပေါ်မှာ ခါးဆိုဒ်အသေးဆုံး ဒုတိယနေရာမှာ သတ်မှတ်ခံထားရတဲ့အကြောင်းကို ဗြိတိန်မီဒီယာ Daily Mail မှာ ဖော်ပြခံခဲ့ရတာပဲဖြစ်ပါတယ်.။ ယခုခေတ်မှာ တိုးတက်နေတဲ့ နည်းပညာတွေနဲ့ ပြုလုပ်ထားတဲ့ ပုံတွေမဟုတ်ဘဲ

အပြင်မှာပါတကယ်ကို သေးသွယ်တဲ့ ခါးဆိုဒ်အသေးဆုံးကို ပိုင်ဆိုင်ထားတဲ့အကြောင်းကို နေဆန်းကတော့ သူကိုယ်တိုင်ဖက်ကြည့်ခဲ့ပြီး တအံ့တသြဖြစ်ခဲ့ပုံပါပဲနော်..ပရိသတ်ကြီး.။ နေဆန်းနဲ့ မစုမို့မို့နိုင်တို့ရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။

Source : Nay San’s Facebook

Add a Comment

Your email address will not be published. Required fields are marked *