ဟန္ၿငိမ္းဦး အေကာင့္မွာတင္ထားတဲ့ (၁၅)သိန္းကေန သိန္း(၅၀၀)အထိ ေပးႏိုင္တဲ့ စပြန္ဆာႀကီးေတြနဲ႔ ခ်ိတ္ေပးတယ္ဆိုတဲ့ ကိစၥကို ေျဖရွင္းခဲ့တဲ့ လမင္းကဗ်ာ

လမင္းကဗ်ာဟာ ဇာတ္ပို႔သ႐ုပ္ေဆာင္ တစ္ဦးအျဖစ္ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကား ေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူ တစ္ေယာက္ပါ။ သူမရဲ႕ အႏုပညာသက္တမ္းဟာ (၁၀) စုႏွစ္တစ္ခုကို ေက်ာ္လြန္လာပါၿပီ။ လက္ရွိမွာေတာ့ သူမက ဇာတ္ကား႐ိုက္ကူးေရးေတြ နည္းလာေပမယ့္ ကိုယ္ပိုင္စီးပြားေရးအလုပ္ကို ဦးစားေပးလုပ္ကိုင္ေနတာ ေတြ႕ရပါတယ္။ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ လူသိမ်ားေနတဲ့ ေဖ့စ္ဘြတ္ေပ့ခ်္ တစ္ခုကေနတဆင့္ ဇာတ္ပို႔သ႐ုပ္ေဆာင္ လမင္း ကဗ်ာရဲ႕ ဖုန္းနံပါတ္နဲ႔ Viber Message Screen short ေတြဟာ ပရိသတ္ေတြၾကားမွာ

ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ လမင္းကဗ်ာဟာ ေငြက်ပ္ (၁၅) သိန္းကေန သိန္း(၅၀၀) အထိ ေပးႏိုင္တဲ့ စပြန္ဆာႀကီးေတြနဲ႔ ခ်ိတ္ဆက္ေပးတယ္ဆိုတဲ့ သတင္းေတြအေပၚ သူမကိုယ္တိုင္ မီဒီယာေတြကေနတဆင့္ ေျဖရွင္းလာခဲ့ပါၿပီ။ “ 0951.. ဖုန္းကို လမင္း ဟိုးအရင္ကတည္းက ကိုင္တာပါ။ ေဖ့စ္ဘြတ္မွာလည္း တင္ထားတယ္။ လမင္းက Online Shopping လည္းလုပ္ေတာ့ အကုန္လုံးသိတယ္။ အဲဒါကို လမင္းဖုန္းနံပါတ္နဲ႔

လမင္းပုံကို Viber မွာ ႐ိုက္ၿပီး တင္ထားတာလည္းေတာ့ မသိဘူး ဒါက လမင္းဖုန္းပဲ ဆိုၿပီးေတာ့ အကုန္လုံးက ဝိုင္းဆက္ၾကတာ။ မရပ္မနားေတြ ဆက္ၾကတာဆိုေတာ့ လမင္းလည္း ဘာမွန္းမသိလို႔ စက္ပိတ္ထားလိုက္တယ္။ အဲဒီအခါက်ေတာ့မွ တကယ္ဟုတ္လို႔ စက္ပိတ္တယ္လို႔ ေျပာၾကတယ္။ ဒါ လုပ္ႀကံတာပါ။ လမင္းကို အၿပီး႐ိုက္ခ်ိဳးတာ။ လမင္းလုပ္တာ ဟုတ္တယ္ဆိုရင္ အဲဒီ ၁၅ သိန္းကေန သိန္း ၅၀၀ အထိ List ေတြရွိထားတယ္ ဒါကို ခ်ျပလိုက္မယ္ ဆိုေတာ့ ခ်ျပလိုက္ပါ။ တကယ္မရွိလို႔ သူလဲ မခ်ျပဘူးေလ” ဆိုၿပီးေတာ့

ၾသဂုတ္လ (၇) ရက္ေန႔က မီဒီယာေတြနဲ႔ ေတြ႕ဆုံပြဲမွာ ေျဖဆိုခဲ့ပါတယ္။ လမင္းကဗ်ာကိုယ္တိုင္ကလည္း ယင္း သတင္းေတြဟာ မဟုတ္မမွန္ေၾကာင္း သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚကေန ေျဖရွင္းခဲ့ေပမယ့္လည္း ေဝဖန္တိုက္ခိုက္မႈေတြ ႀကဳံရပါ မ်ားလာလို႔ မီဒီယာကေနတဆင့္ ေျဖရွင္းလိုက္ရတာပါလို႔ ဆိုပါတယ္။ အဲဒီေနာက္ သူမကို အိမ္ေထာင္က်ဖူးတယ္လို႔ Facebook Post တင္ခဲ့တဲ့ အေပၚမွာလည္း လမင္းကဗ်ာက ဆက္လက္ ေျဖရွင္းခဲ့ပါေသးတယ္။ “ အိမ္ေထာင္က်ဖူးတယ္ဆိုၿပီးေတာ့ တင္ထားတဲ့

ပုံကလည္း လြန္ခဲ့တဲ့ (၆) ႏွစ္ေလာက္က တြဲတဲ့ ခ်စ္သူနဲ႔ ပုံပါ။ အဲဒီဓာတ္ပုံက ျပင္ဦးလြင္ တန္ေဆာင္တိုင္ တစ္ခုကို သီခ်င္းဆိုဖို႔သြားရင္းက ႐ိုက္ျဖစ္တာပါ။ အဲဒီက ကိုငယ္ဆိုတဲ့ သတို႔သမီး သတို႔သား ဓာတ္ပုံေတြ႐ိုက္တဲ့ ဓာတ္ပုံဆိုင္ကေနၿပီးေတာ့ လမင္းကို အကူအညီေတာင္းၿပီး႐ိုက္ေပးပါလို႔ ေျပာလာလို႔ အမွတ္တရျဖစ္ေအာင္ ႐ိုက္လိုက္တာပါ။ လမင္းကဗ်ာ စုံတြဲပုံေတြ႐ိုက္တိုင္းသာ ေယာက်ၤားရေၾကးဆို အမ်ားႀကီး ျဖစ္ေနမွာေပါ့။ သူ အဲဒီလို လုပ္လိုက္ေတာ့လည္း ကိုယ္က Top ျဖစ္သြားတာေပါ့ေလ။ ပရိသတ္ေတြကလည္း ဦးေႏွာက္ရွိတဲ့သူေတြမ်ားတယ္။ ဟုတ္လား မဟုတ္လား သိႏိုင္ၾကတယ္” လို႔ သူက ဆိုပါတယ္။

Read in UNICODE

လမင်းကဗျာဟာ ဇာတ်ပို့သရုပ်ဆောင် တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းဟာ (၁၀) စုနှစ်တစ်ခုကို ကျော်လွန်လာပါပြီ။ လက်ရှိမှာတော့ သူမက ဇာတ်ကားရိုက်ကူးရေးတွေ နည်းလာပေမယ့် ကိုယ်ပိုင်စီးပွားရေးအလုပ်ကို ဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူသိများနေတဲ့ ဖေ့စ်ဘွတ်ပေ့ချ် တစ်ခုကနေတဆင့် ဇာတ်ပို့သရုပ်ဆောင် လမင်း ကဗျာရဲ့ ဖုန်းနံပါတ်နဲ့ Viber Message Screen short တွေဟာ ပရိသတ်တွေကြားမှာ

ပျံ့နှံ့လာခဲ့ပါတယ်။ လမင်းကဗျာဟာ ငွေကျပ် (၁၅) သိန်းကနေ သိန်း(၅၀၀) အထိ ပေးနိုင်တဲ့ စပွန်ဆာကြီးတွေနဲ့ ချိတ်ဆက်ပေးတယ်ဆိုတဲ့ သတင်းတွေအပေါ် သူမကိုယ်တိုင် မီဒီယာတွေကနေတဆင့် ဖြေရှင်းလာခဲ့ပါပြီ။ “ 0951.. ဖုန်းကို လမင်း ဟိုးအရင်ကတည်းက ကိုင်တာပါ။ ဖေ့စ်ဘွတ်မှာလည်း တင်ထားတယ်။ လမင်းက Online Shopping လည်းလုပ်တော့ အကုန်လုံးသိတယ်။ အဲဒါကို လမင်းဖုန်းနံပါတ်နဲ့

လမင်းပုံကို Viber မှာ ရိုက်ပြီး တင်ထားတာလည်းတော့ မသိဘူး ဒါက လမင်းဖုန်းပဲ ဆိုပြီးတော့ အကုန်လုံးက ဝိုင်းဆက်ကြတာ။ မရပ်မနားတွေ ဆက်ကြတာဆိုတော့ လမင်းလည်း ဘာမှန်းမသိလို့ စက်ပိတ်ထားလိုက်တယ်။ အဲဒီအခါကျတော့မှ တကယ်ဟုတ်လို့ စက်ပိတ်တယ်လို့ ပြောကြတယ်။ ဒါ လုပ်ကြံတာပါ။ လမင်းကို အပြီးရိုက်ချိုးတာ။ လမင်းလုပ်တာ ဟုတ်တယ်ဆိုရင် အဲဒီ ၁၅ သိန်းကနေ သိန်း ၅၀၀ အထိ List တွေရှိထားတယ် ဒါကို ချပြလိုက်မယ် ဆိုတော့ ချပြလိုက်ပါ။ တကယ်မရှိလို့ သူလဲ မချပြဘူးလေ” ဆိုပြီးတော့

သြဂုတ်လ (၇) ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ဖြေဆိုခဲ့ပါတယ်။ လမင်းကဗျာကိုယ်တိုင်ကလည်း ယင်း သတင်းတွေဟာ မဟုတ်မမှန်ကြောင်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ ဖြေရှင်းခဲ့ပေမယ့်လည်း ဝေဖန်တိုက်ခိုက်မှုတွေ ကြုံရပါ များလာလို့ မီဒီယာကနေတဆင့် ဖြေရှင်းလိုက်ရတာပါလို့ ဆိုပါတယ်။ အဲဒီနောက် သူမကို အိမ်ထောင်ကျဖူးတယ်လို့ Facebook Post တင်ခဲ့တဲ့ အပေါ်မှာလည်း လမင်းကဗျာက ဆက်လက် ဖြေရှင်းခဲ့ပါသေးတယ်။ “ အိမ်ထောင်ကျဖူးတယ်ဆိုပြီးတော့ တင်ထားတဲ့

ပုံကလည်း လွန်ခဲ့တဲ့ (၆) နှစ်လောက်က တွဲတဲ့ ချစ်သူနဲ့ ပုံပါ။ အဲဒီဓာတ်ပုံက ပြင်ဦးလွင် တန်ဆောင်တိုင် တစ်ခုကို သီချင်းဆိုဖို့သွားရင်းက ရိုက်ဖြစ်တာပါ။ အဲဒီက ကိုငယ်ဆိုတဲ့ သတို့သမီး သတို့သား ဓာတ်ပုံတွေရိုက်တဲ့ ဓာတ်ပုံဆိုင်ကနေပြီးတော့ လမင်းကို အကူအညီတောင်းပြီးရိုက်ပေးပါလို့ ပြောလာလို့ အမှတ်တရဖြစ်အောင် ရိုက်လိုက်တာပါ။ လမင်းကဗျာ စုံတွဲပုံတွေရိုက်တိုင်းသာ ယောင်္ကျားရကြေးဆို အများကြီး ဖြစ်နေမှာပေါ့။ သူ အဲဒီလို လုပ်လိုက်တော့လည်း ကိုယ်က Top ဖြစ်သွားတာပေါ့လေ။ ပရိသတ်တွေကလည်း ဦးနှောက်ရှိတဲ့သူတွေများတယ်။ ဟုတ်လား မဟုတ်လား သိနိုင်ကြတယ်” လို့ သူက ဆိုပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *