ဒုတိယအႀကိမ္ ျပန္လည္ေျဖဆိုခဲ့တဲ့ ဆယ္တန္းစာေမးပြဲႀကီးမွာ ဂုဏ္ထူး(၁)ဘာသာပါခဲ့တဲ့ ေမာင္ေလးေၾကာင့္ ဝမ္းသာမ်က္ရည္က်ခဲ့ရတဲ့ ဟန္ေလး

ဟန္ေလးကေတာ့ ခ်စ္စရာေကာင္းျပီး ရိုးသားပြင့္လင္းစြာေနတတ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရိွထားတာ ျဖစ္ပါတယ္။ ဟန္ေလးက အနုပညာအလုပ္ေတြကို မအားမလပ္လုပ္ကိုင္ေနသလို သူမရဲ့မိသားစုေလးကိုလည္း ၾကည့္ရႈေစာင့္ေရွာက္ေပးေနတဲ့

သမီးၾကီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဟန္ေလးရဲ့ တစ္ဦးတည္းေသာေမာင္ေလးကလည္း မင္းသားတစ္ေယာက္လို ေခ်ာေမာတဲ့ ရုပ္ရည္ကို ပိုင္ဆိုင္ထားတာေၾကာင့္ ပရိသတ္ေတြမ်က္စိက်ခံရသူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီကေန့ ၾသဂုတ္လ (၉) ရက္ေန့မွာ

တကၠသိုလ္ဝင္တန္း စာေမးပြဲေအာင္စာရင္းေတြ ထုတ္ျပန္ေပးခဲ့ျပီး ဟန္ေလးကေတာ့ ဂုဏ္ထူးတစ္ဘာသာနဲ့ေအာင္ျမင္ခဲ့တဲ့ ေမာင္ေခ်ာေလးအတြက္ ေတာ္ေတာ္ေလး ဝမ္းသာေနခဲ့တာပဲ ျဖစ္ပါတယ္။ ဟန္ေလးက ဆယ္တန္းေအာင္စာရင္းထြက္ထြက္ခ်င္းပဲ “မမေမာင္ေလး

တစ္ဦးတည္းေသာ ေထြး​ေလးေရ ေအာင္ပီေဟး ေအာင္ပီ ဂုဏ္ထူးတစ္လုံးပါတယ္ ေဟး🥰🥰🥰 Sai အေပ်ာ္မ်က္ရည္ပါ ဒီနစ္❤️ 8.8.2020” ဆိုျပီး ေမာင္ေလးအတြက္ ေျပာမျပတတ္ေအာင္ ဝမ္းသာေနရွာတာပဲ ျဖစ္ပါတယ္။ ဟန္ေလးကေတာ့ သူမရဲ့ေမာင္ေခ်ာေလးကို အနုပညာအလုပ္ေတြ

ဆက္လက္လုပ္ကိုင္ေစခ်င္တယ္လို့ အင္တာဗ်ဴးေတြမွာ ေျဖဆိုထားတာပဲ ျဖစ္ပါတယ္။ ဟန္ေလးရဲ့ေမာင္ေလးလည္း မမျဖစ္ေစခ်င္တဲ့ အနုပညာရွင္ၾကီးတစ္ေယာက္ျဖစ္လာနိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ရက္ေလးကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

ဟန်လေးကတော့ ချစ်စရာကောင်းပြီး ရိုးသားပွင့်လင်းစွာနေတတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။ ဟန်လေးက အနုပညာအလုပ်တွေကို မအားမလပ်လုပ်ကိုင်နေသလို သူမရဲ့မိသားစုလေးကိုလည်း ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့

သမီးကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဟန်လေးရဲ့ တစ်ဦးတည်းသောမောင်လေးကလည်း မင်းသားတစ်ယောက်လို ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေမျက်စိကျခံရသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ (၉) ရက်နေ့မှာ

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေ ထုတ်ပြန်ပေးခဲ့ပြီး ဟန်လေးကတော့ ဂုဏ်ထူးတစ်ဘာသာနဲ့အောင်မြင်ခဲ့တဲ့ မောင်ချောလေးအတွက် တော်တော်လေး ဝမ်းသာနေခဲ့တာပဲ ဖြစ်ပါတယ်။ ဟန်လေးက ဆယ်တန်းအောင်စာရင်းထွက်ထွက်ချင်းပဲ “မမမောင်လေး

တစ်ဦးတည်းသော ထွေးလေးရေ အောင်ပီဟေး အောင်ပီ ဂုဏ်ထူးတစ်လုံးပါတယ် ဟေး🥰🥰🥰 Sai အပျော်မျက်ရည်ပါ ဒီနစ်❤️ 8.8.2020” ဆိုပြီး မောင်လေးအတွက် ပြောမပြတတ်အောင် ဝမ်းသာနေရှာတာပဲ ဖြစ်ပါတယ်။ ဟန်လေးကတော့ သူမရဲ့မောင်ချောလေးကို အနုပညာအလုပ်တွေ

ဆက်လက်လုပ်ကိုင်စေချင်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားတာပဲ ဖြစ်ပါတယ်။ ဟန်လေးရဲ့မောင်လေးလည်း မမဖြစ်စေချင်တဲ့ အနုပညာရှင်ကြီးတစ်ယောက်ဖြစ်လာနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Nan Shwe Aye’s Facebook

Add a Comment

Your email address will not be published. Required fields are marked *