ဆယ်တန်းစာမေးပွဲကြီး ကျရှုံးခဲ့တာကြောင့် လောကကြီတစ်ခုလုံး မှောင်ပဲပြီး လမ်းပျောက်သလို ခံစားနေရတယ်ဆိုတဲ့ မေ့ချစ်သက်
Read in UNICODE
ရှေ့ဆက်ရမယ့် ဘဝခရီးအတွက် ဘဝတစ်ဆစ်ချိုးလို့ ဆိုကြတဲ့ ဆယ်တန်းစာမေးပွဲကြီးရဲ့ ရလဒ်ကတော့ ဒီနေ့မနက်မှာ ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဇွန်လမှာ ရလဒ်ထုတ်လေ့ရှိသော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် အခုလို သြဂုတ်လအထိနောက်ဆုတ်ခဲ့ရတာပါ။ ဆယ်တန်းစာမေးပွဲရဲ့
ရလဒ်ကိုတော့ လူတော်တော်များများအာရုံစိုက်ကြတာကြောင့် အောင်တဲ့သူ၊ ဂုဏ်ထူးပါတဲ့သူတွေအတွက်လည်း သာမန်အပျော်တွေထက်ပိုပျော်ရသလို ကျရှုံးတဲ့သူတွေအတွက်လည်း အင်မတန်စိတ်ထိခိုက်ရမှာပါ။ ပရိသတ်ချစ်ခင်အားပေးတဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့
တေးသံရှင်မေ့ချစ်သက်ကလည်း ဒီနှစ်စာမေးပွဲကျရှုံးခဲ့တာနဲ့ပတ်သက်ပြီး ” ပထမဆုံးအကြိမ် လောကကြီးတခုလုးံမှောင်မည်းပြီး လမ်းပျောက်သလိုခံစားမိတယ်” ဆိုပြီး စိတ်မကောင်းဖွယ် ရေးသားမျှဝေလာပါတယ်။ေ မ့ချစ်သက်ကတော့ ငယ်စဉ်ကတည်းက
အဆိုပြိုင်ပွဲတွေမှာဆုရရှိပြီး ဂီတခရီးလမ်းကို လျှောက်လှမ်းလာခဲ့သူပါ။ ကျောင်းတစ်ဖက် ဖျော်ဖြေပွဲတစ်ဖက်နဲ့ မိဘကိုလည်း လုပ်ကျွေးရင်း သူတတ်နိုင်တဲ့ဘက်ကနေ အလှူအတန်းတွေလည်း ဆက်တိုက်လုပ်နေသူပါ။ ပထမအကြိမ် ဆယ်တန်းစာမေးပွဲရှုံးနိမ့်ပြီး
ဒီနှစ်မှာတော့ ဖျော်ဖြေပွဲတွေရပ်နားကာ စာကို ဦးစားပေးလုပ်ခဲ့ပေမယ့်လည်း ထပ်မံကျရှုံးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ… ဆယ်တန်းစာမေးပွဲရလဒ်ကြောင့် စိတ်ထိခိုက်နေတဲ့ မေ့ချစ်သက်အတွက် ပရိသတ်ကြီးလည်း အားပေးစကားပြောခဲ့ပါဦးနော်။
Source : M Chit Thet မေ့ချစ်သက် | Source : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *