ယနေ့ အသက်(၃၂)နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်းသမီးချောလေး ဖွေးဖွေး
Read in UNICODE
သြဂုတ်လ(၉) ရက်နေ့လေးကတော့ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဖွေးဖွေးရဲ့(၃၂) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်သလို အကယ်ဒမီရွှေစင်ရုပ်ထုသုံးဆုပိုင်ရှင်လည်း ဖြစ်ပါတယ်။ ပွင့်လင်းရိုးသားတဲ့
စကားပြောဟန်၊ ပကာသနမရှိ အရှိတိုင်းနေထိုင်လေ့ရှိတဲ့ပုံစံလေးကြောင့် ဖွေးစိန်ကိုတော့ အားပေးဝန်းရံသူပရိသတ်များစွာရှိပြီး ဒီနေ့မွေးနေ့မနက်ခင်းလေးမှာတော့ အခုလိုပြည်သူချစ်အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နိုင်အောင် ဝန်းရံပေးခဲ့တဲ့ပရိသတ်တွေကို
ဗွီဒီယိုလေးနဲ့ကျေးဇူးတင်စကားပြောကာ ” ကျေးဇူးစကြာဝဠာပါ… 9.8.1988 ကမွေးလာတဲ့ကလေးမ ဟာအခုဆိုရင်ဖြင့် 9th August, 2020 မှာ (၃၂) နှစ်ပြည့်ခဲ့ပြီ” ဆိုတဲ့စာသားလေးနဲ့အတူ မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…ဖွေးစိန်လေးကတော့ ဒီနှစ်မွေးနေ့မှာလည်း
အလှူတွေပြုလုပ်သွားမှာဖြစ်ပြီး မွေးနေ့ပွဲကိုတော့ ခမ်းခမ်းနားနားပြုလုပ်သွားမှာမဟုတ်ပါဘူးတဲ့နော်။ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပေမယ့် စိတ်ထဲရှိတဲ့ပုံစံလေးအတိုင်း ပြုမူနေထိုင်တတ်တဲ့ဖွေးစိန်လေး ဒီထက်မက အောင်မြင်မှုတွေနဲ့ အနုပညာခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Phway Phway’s Facebook | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *