မည္သည့္အႏုပညာအလုပ္မဆို လုပ္ကိုင္ခြင့္(၁)ႏွစ္တိတိ အပိတ္ခံခဲ့ရတဲ့ ယုန္ေလး

ယုန္ေလးကိုယ္တိုင္ ပုံေဖာ္႐ိုက္ကူးထားတဲ့ “ စည္းလုံးသင့္ၿပီ ျမန္မာျပည္ ”Music Video နဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးမွ အမႈေဆာင္အဖြဲ႕ဝင္မ်ားဟာ ၾသဂုတ္လ (၇) ရက္ေန႔ မနက္ပိုင္းက ေဆြးေႏြးမႈျပဳလုပ္ခဲ့တာေတြ႕ ရပါတယ္။ အဆိုေတာ္ယုန္ေလးကိုေတာ့ အႏုပညာအလုပ္ေတြလုပ္ကိုင္ဖို႔ တစ္ႏွစ္တိတိ ပိတ္လိုက္ၿပီလို႔ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌ ဦးညီညီထြန္းလြင္က မီဒီယာေတြကိုေျပာျပလာပါတယ္။ “ ကြၽန္ေတာ္တို႔ အစည္းအ႐ုံးဝင္ေတြ အေနနဲ႔ ဆုံးျဖတ္လိုက္တာကေတာ့ ကိုဗစ္ကာလမွာ ဘယ္သူ႔မွ ႐ုပ္ရွင္ေတြ မ႐ိုက္ကူးရဘူး။ က်န္းမာေရး ဝန္ႀကီးဌာနကလည္း ထုတ္ျပန္ထားတဲ့ အမိန႔္ေတြရွိတယ္။ ေလာကသားေတြ

အကုန္လုံး စည္းကမ္းလိုက္နာၾကတယ္။ ဒါေပမယ့္ ယုန္ေလး အေနနဲ႔ စည္းကမ္းလိုက္နာမႈ မရွိတဲ့ အတြက္ေၾကာင့္ အေရးယူသင့္တယ္။ ဒါကိုလည္း အမႈေဆာင္ေတာ္ေတာ္မ်ားမ်ားက သေဘာတူညီၾကတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ ႐ိုက္ကူးေရးနဲ႔ ပတ္သက္ၿပီး တစ္ႏွစ္ရပ္ဆိုင္းလိုက္တာ ျဖစ္ပါတယ္။ ႐ုပ္ရွင္အစည္းအ႐ုံးကေနၿပီးေတာ့ ထုတ္ပယ္လို႔ မရဘူးဆိုတာကလည္း ယုန္ေလးဟာ အရင္ကတည္းက အစည္းအ႐ုံးဝင္တစ္ေယာက္ မဟုတ္တဲ့အတြက္ထုတ္ပယ္လို႔မရတာပါ” ဆိုၿပီးေတာ့ ၾသဂုတ္လ(၇) ရက္ေန႔ မနက္ပိုင္းက ႐ုပ္ရွင္အစည္းအ႐ုံးမွာ ေျဖဆိုခဲ့တာပါ။ ယုန္ေလးဟာ “ စည္းလုံးသင့္ၿပီ ျမန္မာျပည္” music video ကို ဇူလိုင္လ (၁၁) ရက္ေန႔မွာ ႐ိုက္ကူးခဲ့တာလို႔ သိရပါတယ္။ ကိုဗစ္ကာလအခ်ိန္အတြင္းမွာ

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက လူစုလူေဝး မျပဳလုပ္ဖို႔ တားျမစ္ထားတဲ့ ကာလျဖစ္ၿပီး ယုန္ေလးရဲ႕ Music Video ဟာ ဒီကာလအတြင္းမွာ ႐ိုက္ကူးထားတာေၾကာင့္ ဒီ Music Video နဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြကိုလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တာဝန္ရွိသူမ်ားက ဆက္လက္ စစ္ေဆးသြားမွာျဖစ္တယ္လို႔ ဦးညီညီထြန္းလြင္က ေျပာပါတယ္။ “စည္းလုံးသင့္ၿပီ ျမန္မာျပည္ ” Music Video ကို ၾသဂုတ္လ (၄) ရက္ေန႔ မနက္ (၁၀) နာရီေက်ာ္က Original Gangster Facebook Page ကေန ပရိသတ္ကို မိတ္ဆက္ေပးလိုက္တာျဖစ္ပါတယ္။ အဲဒီေနာက္ ပရိသတ္ေတြရဲ႕ ေဝဖန္ေျပာဆိုမႈေတြႀကဳံခဲ့ရပါတယ္။ ဒီေဝဖန္ေျပာဆိုမႈေတြေၾကာင့္ ၾသဂုတ္လ (၅) ရက္ေန႔ ေန႔လယ္ (၂) နာရီဝန္းက်င္က အဆိုေတာ္ယုန္ေလးကိုယ္တိုင္ Original Gangster Facebook Page ကေန ျဖဳတ္ခ်လိုက္တာကို ေတြ႕ရပါတယ္။

Read in UNICODE

ယုန်လေးကိုယ်တိုင် ပုံဖော်ရိုက်ကူးထားတဲ့ “ စည်းလုံးသင့်ပြီ မြန်မာပြည် ”Music Video နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အမှုဆောင်အဖွဲ့ဝင်များဟာ သြဂုတ်လ (၇) ရက်နေ့ မနက်ပိုင်းက ဆွေးနွေးမှုပြုလုပ်ခဲ့တာတွေ့ ရပါတယ်။ အဆိုတော်ယုန်လေးကိုတော့ အနုပညာအလုပ်တွေလုပ်ကိုင်ဖို့ တစ်နှစ်တိတိ ပိတ်လိုက်ပြီလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က မီဒီယာတွေကိုပြောပြလာပါတယ်။ “ ကျွန်တော်တို့ အစည်းအရုံးဝင်တွေ အနေနဲ့ ဆုံးဖြတ်လိုက်တာကတော့ ကိုဗစ်ကာလမှာ ဘယ်သူ့မှ ရုပ်ရှင်တွေ မရိုက်ကူးရဘူး။ ကျန်းမာရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားတဲ့ အမိန့်တွေရှိတယ်။ လောကသားတွေ

အကုန်လုံး စည်းကမ်းလိုက်နာကြတယ်။ ဒါပေမယ့် ယုန်လေး အနေနဲ့ စည်းကမ်းလိုက်နာမှု မရှိတဲ့ အတွက်ကြောင့် အရေးယူသင့်တယ်။ ဒါကိုလည်း အမှုဆောင်တော်တော်များများက သဘောတူညီကြတယ်။ ဒါကြောင့် သူ့ရဲ့ ရိုက်ကူးရေးနဲ့ ပတ်သက်ပြီး တစ်နှစ်ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံးကနေပြီးတော့ ထုတ်ပယ်လို့ မရဘူးဆိုတာကလည်း ယုန်လေးဟာ အရင်ကတည်းက အစည်းအရုံးဝင်တစ်ယောက် မဟုတ်တဲ့အတွက်ထုတ်ပယ်လို့မရတာပါ” ဆိုပြီးတော့ သြဂုတ်လ(၇) ရက်နေ့ မနက်ပိုင်းက ရုပ်ရှင်အစည်းအရုံးမှာ ဖြေဆိုခဲ့တာပါ။ ယုန်လေးဟာ “ စည်းလုံးသင့်ပြီ မြန်မာပြည်” music video ကို ဇူလိုင်လ (၁၁) ရက်နေ့မှာ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။ ကိုဗစ်ကာလအချိန်အတွင်းမှာ

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လူစုလူဝေး မပြုလုပ်ဖို့ တားမြစ်ထားတဲ့ ကာလဖြစ်ပြီး ယုန်လေးရဲ့ Music Video ဟာ ဒီကာလအတွင်းမှာ ရိုက်ကူးထားတာကြောင့် ဒီ Music Video နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူများက ဆက်လက် စစ်ဆေးသွားမှာဖြစ်တယ်လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။ “စည်းလုံးသင့်ပြီ မြန်မာပြည် ” Music Video ကို သြဂုတ်လ (၄) ရက်နေ့ မနက် (၁၀) နာရီကျော်က Original Gangster Facebook Page ကနေ ပရိသတ်ကို မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုတွေကြုံခဲ့ရပါတယ်။ ဒီဝေဖန်ပြောဆိုမှုတွေကြောင့် သြဂုတ်လ (၅) ရက်နေ့ နေ့လယ် (၂) နာရီဝန်းကျင်က အဆိုတော်ယုန်လေးကိုယ်တိုင် Original Gangster Facebook Page ကနေ ဖြုတ်ချလိုက်တာကို တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *