ဆီးသွားရခက်သူများ ဆီးကြိတ်ရောင်သူများအတွက် ခံတက်ရွက် စွမ်းရည်
|ဆီးကြိတ်ရောင်ရောဂါ ( ညဖက်ဆီးခဏခဏ သွားခြင်းသည့်ရောဂါ)လက္ခဏာများ
ဆီးစသွားရသည်မှာ ခက်ခဲခြင်း။
ဆီးသွားချင်ပြီးဆိုလျှင် ခုချက်ခြင်းထသွားရမလို အလျင်စလိုဖြစ်ခြင်း။
ဆီးလုံးကတဖြည်းဖြည်းသေးလာပြီး ဝေးဝေးရောက်အောင် မရှိနိုင်ဘဲအားလျော့လာခြင်း။
သာမန်သွားလျှင် ဆီးမကုန်နိုင်ဘဲ ပိုမိုအားစိုက် ညှစ်ထုတ်လိုက်မှသာကုန်ခြင်း။
ညဖက်ဆိုလျှင် ခဏခဏထပြီးဆီးသွားချင်သောကြောင့် အိပ်ရေးပျက်ရခြင်း။
ဆီးသွားပြီးသော်လည်း မကုန်သေးဘဲ တစ်စက်တစ်စက်ကျနေသေးသောကြောင့် ဘောင်းဘီ၊ ပုဆိုး စသည့်တို့၌ ဆီးစိုကုန်တက်ခြင်း။
ဆီးသွားသော်လည်း မဝသေးဘဲ ထပ်ပြီးသွားချင်နေလျက် ဆီးကျန်သည့် ဝေဒနာကို ခံစားနေရခြင်း။
အမှန်လည်း ဆီးအိမ်ထဲတွင် ဆီးအနည်းငယ်ကျန်နေခြင်း၊ ကျန်နေတာများလာ ကြာလာသည့်အခါ ကူးစက်ရောဂါပိုးများကြောင့် ပုပ်သိုးပြီး ဆီး
အိမ်ရောင်တက်လာခြင်း၊ ထိုအခါ ဆီးသွားလျှင် ပူစပ်ပူလောင်ဖြစ်ခြင်းနှင့် ဆီးအိမ်ထဲ၌လည်း မအီမလည်ဖြစ်နေခြင်း။
တစ်ခါတစ်ရံ အဖျားသိပ်မကြီးဘဲ ဖျားတက်ခြင်း၊ခြေထောက်နှင့်ခါးများ ညောင်းညာကိုက်ခဲ နေတတ်ခြင်းနှင့်
ရုတ်တရက်ဆီးမသွားနိုင်သည့်အပြင် ဆီးအိမ်ကြီး ဖောင်းနေသည့်အတွက် ညည်းညူးအော်ဟစ်ရလောက်အောင် အခံရခက်ခြင်းတို့ပင်ဖြစ်သည်။
ဆေးနည်းကား။ ။ ချဉ်ဖတ်ထည့်ရောင်းသည့် ကုန်းခံတက်ရွက် (၃) ရွက်ကို ရေသင့်ရုံထည့်ပြီး နှစ်ခွက်တစ်ခွက်ကျိုကာ နေ့စဉ် သောက်ပေးပါ၊
ထို့အပြင်အမြစ်နှင့် အခေါက်ကို ကျောက်ပျဉ်သန့်သန့်နှင့် သွေး၍ ရလာသည့်အနှစ် မပျစ်မကြဲကို ကြေးဇွန်းကြီး တစ်ဇွန်းကျ နေ့စဉ်သောက်ပေးပါ။
မှတ်ချက်။ ။ကြွေဇွန်းမဟုတ်ပါ ကြေးသတ္ထုနှင့် ပြုလုပ်ထားသော ကြေးဇွန်းပါ
Read in UNICODE
ဆီးကြိတ်ရောင်ရောဂါ ( ညဖက်ဆီးခဏခဏ သွားခြင်းသည့်ရောဂါ)လက္ခဏာများ

Source : ဟိတေသီနာဂသိန်(အိမ်တွင်းသက်စောင့်ဆေးမြီး တိုကျမ်း)