ဘဝဆိုတာ ထင်တားတာနဲ့ လက်တွေ့နဲ့ ထပ်တူမကျကြောင်း သူမရဲ့အဖြစ်လေးနဲ့ ယှဉ်ပြီး ရင်ဖွင့်ခဲ့တဲ့ အိန္ဒြာကျော်ဇင်
Read in UNICODE
အိန္ဒြာကျော်ဇင်ကတော့ သူမရဲ့ အနုပညာသက်တမ်း နှစ်(၂၀)ကျော်အတွင်းမှာ အောင်မြင်ကျော်ကြားမှုတွေကိုသာ ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က လက်ရှိ အသက်လေးဆယ်ကျော်သည့်တိုင် အောင်မြင်မှုတွေများစွာကို သိမ်းပိုင်နိုင်ထားပြီး ထိပ်တန်းမင်းသမီးအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဘဝမှာ
အတွေ့အကြုံတွေများစွာကို ဖြတ်သန်းခဲ့ပြီးပြီဖြစ်တဲ့ အိန္ဒြာကျော်ဇင်က ဒီကနေ့မှာတော့ ထင်ထားသမျှက ထပ်တူမကျနိုင်တဲ့အကြောင်း သူမရဲ့အဖြစ်လေးနဲ့ ယှဉ်ပြီးပြောပြလာပါတယ်။ အိန္ဒြာကျော်ဇင်က “တခါတရံမှာ အဆင်ပြေနေတယ်လို့ ထင်ရပေမဲ့ အဆင်ပြေမနေပြန်ဘူး။ အဆင်မပြေဘူးလို့
ထင်ခဲ့တဲ့ အရာတွေကလဲ တခါတလေမှာ အဆင်ပြေနေတတ်ပြန်တယ်။ Purple ကကျွန်မနဲ့လိုက်လား….(သိပ်မဝတ်ဖြစ်တဲ့အရောင်မို့လို့)” ဆိုပြီး သူမနဲ့ သိပ်မလိုက်ဖူးလို့ထင်ခဲ့တဲ့ ခရမ်းရောင်လေးကို မဝတ်ဖြစ်ခဲ့တဲ့အကြောင်းလေးကို နမူနာပြပြီး ပြောပြလာတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ သူမကိုယ်တိုင် ခရမ်းရောင်လေးနဲ့
မလိုက်ဖက်ဘူးလို့ ထင်ခဲ့ပေမယ့် တကယ်ဝတ်လိုက်တဲ့အချိန်မှာတော့ အရမ်းကြည့်ကောင်းနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ခရမ်းရောင်လေးနဲ့ လှပနေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Eaindra Kyaw Zin’s Facebook