ရိုက်ကူးရေးတွေလုပ်နေတုန်း မထင်မှတ်ပဲ မွေးနေ့အကြို စပရိုက် လုပ်ပေးတာခံလိုက်ရတဲ့ ဝတ်မှုံရွှေရည်





Read in UNICODE

ချောမောပြေပြစ်တဲ့ ရုပ်ရည်လေးနဲ့ ကြည်လင်ဖြူဝင်းတဲ့ အသားအရည်ကို ပိုင်ဆိုင်ထားပြီး ကိုရီးယားမလေးတွေတောင် အရှုံးပေးရတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ တစ်နိုင်ငံလုံးက လူကြီးလူငယ်ပရိသတ်မရွေး အားပေးခြင်းခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အနုပညာသက်တမ်း ဆယ်စုနှစ်တစ်စုကျော်တိုင် အောင်မြင်မှုရရှိနေပြီး

ပရိသတ်တွေရဲ့ စောင့်ကြည့်အားပေးခံနေရဆဲ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကလည်း သူမရဲ့ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နောက်လာမယ့် သြဂုတ်လ (၁၀) ရက်နေ့မှာတော့

ဝတ်မှုံရွှေရည်ရဲ့ မွေးနေ့လေး ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်ရဲ့ မွေးနေ့အတွက် မေဦးနဲ့ ရှုတင်အဖွဲ့သားတွေက ရှုတင်ပေါ်မှာပဲ မွေးနေ့ အကြို Surprise လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကလည်း မထင်မှတ်ထားတဲ့ စီစဉ်မှုကြောင့် တော်တော်လေး အံ့အားသင့်ပြီး

ပျော်ရွှင်သွားခဲ့ရပုံကို အခုလိုပဲ ဗီဒီယိုလေးမှာ တွေ့မြင်ရပါတယ်။ဝတ်မှုံရွှေရည်ကတော့ သူမကို အရမ်းချစ်ပြီး ဂရုစိုက်တဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေကောင်းတွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ထပ်တူပျော်ရွှင်ကြည်နူးသွားမယ် ထင်ပါတယ်နော်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : May Oo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *