ေမြးေန႔လက္ေဆာင္အေနနဲ႔ သစ္တံခါးဆရာေတာ္ႀကီးဆီက ရရွိခဲ့တဲ့ တန္ဖိုးႀကီး ေက်ာက္မ်က္ရတနာေတြကို အျမတ္တႏိုးဝတ္ဆင္ထားတဲ့ စမိုင္းလ္

သ႐ုပ္ေဆာင္ မင္းသမီး စမိုင္းလ္ပဲဟာ ယေန႔ခ်ိန္ထိ ပရိသတ္ေတြရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားေနဆဲ အႏုပညာရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ စမိုင္းလ္ဟာ အႏုပညာအလုပ္ေတြကိုသာမကဘဲ အိမ္မႈကိစၥေတြကိုပါ တာဝန္ေက်ပြန္ေအာင္ လုပ္ေဆာင္တဲ့ အိမ္ရွင္မေကာင္းတစ္ေယာက္လည္း ျဖစ္တာေၾကာင့္ အားလုံးက အားက်ေနၾကတာပါ။ စမိုင္းလ္ဟာ ၾကည္ႏူးေပ်ာ္႐ႊင္စရာေကာင္းတဲ့

မိသားစုဘဝေလးကိုလည္း ဖန္တီးတည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ သမီးေလးႏွစ္ေယာက္ဟာလည္း ပညာေရးတြင္ ထူးခြၽန္႐ုံသာမက လိမၼာေရးျခားလည္း ရွိလြန္းတာေၾကာင့္ စမိုင္းလ္တို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္လည္း ပီတိျဖစ္ေနရတာပါ။ သူတို႔ဇနီးေမာင္ႏွံဟာ ဘာသာေရးလည္း အလြန္ကိုင္းရႈိင္းလြန္းၾကၿပီး မၾကာခဏ ဆိုသလို အဓိဌာန္ေတြ

ဝင္ကာ ကုသိုလ္ေကာင္းမႈ ျပဳလုပ္ေလ့ရွိတာလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ ရက္ပိုင္းကလည္း သူမတို႔ ကိုးကြယ္တဲ့ သစ္တံခါးဆရာေတာ္ဘုရားႀကီး အဓိဌာန္ဝင္ရာ ျမဝတီၿမိဳ႕ကို ကိုယ္တိုင္သြားေရာက္ကာ ဘုန္းဘုန္းႀကီး လိုအပ္တာ မွန္သမွ်ကို သြားေရာက္ကာ ကူညီလုပ္ကိုင္ေပးခဲ့ၾကတာလည္း ျဖစ္ပါတယ္။ သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္လည္း လႈပ္ရွားမႈတိုင္းကို အၿမဲေဝမွ်လ်က္ရွိရာ

အခုတစ္ခါမွာလည္း အမွတ္တရပုံေလးေတြ တင္ထားတာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ ” အေဖလိုဆရာလိုကိုယ့္အေပၚ အၿမဲေကာင္းတာမွန္သမွ် သြန္သင္ဆုံးမေပးတဲ့ဆရာေတာ္ ဘုန္းဘုန္းရဲ႕သာသနာျပဳခရီးတိုင္းမွာသမီးတို႔ကုသိုလ္ျပဳႏိုင္သူျဖစ္ရပါေစ၊ ဘုန္းဘုန္းလည္းသက္ရွည္က်န္းမာၿပီးသမီးတို႔ကိုေစာင့္ေရွာက္ႏိုင္ပါေစ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Read in UNICODE

သရုပ်ဆောင် မင်းသမီး စမိုင်းလ်ပဲဟာ ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေဆဲ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ စမိုင်းလ်ဟာ အနုပညာအလုပ်တွေကိုသာမကဘဲ အိမ်မှုကိစ္စတွေကိုပါ တာဝန်ကျေပွန်အောင် လုပ်ဆောင်တဲ့ အိမ်ရှင်မကောင်းတစ်ယောက်လည်း ဖြစ်တာကြောင့် အားလုံးက အားကျနေကြတာပါ။ စမိုင်းလ်ဟာ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့

မိသားစုဘဝလေးကိုလည်း ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သမီးလေးနှစ်ယောက်ဟာလည်း ပညာရေးတွင် ထူးချွန်ရုံသာမက လိမ္မာရေးခြားလည်း ရှိလွန်းတာကြောင့် စမိုင်းလ်တို့ ဇနီးမောင်နှံနှစ်ယောက်လည်း ပီတိဖြစ်နေရတာပါ။ သူတို့ဇနီးမောင်နှံဟာ ဘာသာရေးလည်း အလွန်ကိုင်းရှိုင်းလွန်းကြပြီး မကြာခဏ ဆိုသလို အဓိဌာန်တွေ

ဝင်ကာ ကုသိုလ်ကောင်းမှု ပြုလုပ်လေ့ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းကလည်း သူမတို့ ကိုးကွယ်တဲ့ သစ်တံခါးဆရာတော်ဘုရားကြီး အဓိဌာန်ဝင်ရာ မြဝတီမြို့ကို ကိုယ်တိုင်သွားရောက်ကာ ဘုန်းဘုန်းကြီး လိုအပ်တာ မှန်သမျှကို သွားရောက်ကာ ကူညီလုပ်ကိုင်ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း လှုပ်ရှားမှုတိုင်းကို အမြဲဝေမျှလျက်ရှိရာ

အခုတစ်ခါမှာလည်း အမှတ်တရပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ” အဖေလိုဆရာလိုကိုယ့်အပေါ် အမြဲကောင်းတာမှန်သမျှ သွန်သင်ဆုံးမပေးတဲ့ဆရာတော် ဘုန်းဘုန်းရဲ့သာသနာပြုခရီးတိုင်းမှာသမီးတို့ကုသိုလ်ပြုနိုင်သူဖြစ်ရပါစေ၊ ဘုန်းဘုန်းလည်းသက်ရှည်ကျန်းမာပြီးသမီးတို့ကိုစောင့်ရှောက်နိုင်ပါစေ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source : Smile Mg’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *