မင္းကြန္းကို အလည္သြားရင္း ေတြ႕ခဲ့တဲ့ သမာအာဇီဝနဲ႔ ဝင္ေငြရွာေနၾကတဲ့ ထူးခြ်န္တဲ့ ကေလးငယ္ေလးေတြအေၾကာင္း ေျပာျပခဲ့တဲ့ ေဝလာရီ

ေဝလာရီကေတာ့ခ်စ္စရာေကာင္းတဲ့ တက္သစ္စမင္းသမီးေခ်ာေလးတစ္ေယာက္ပါ။ ႐ုပ္သံဇာတ္လမ္းတြဲေတြနဲ႔အတူပရိသတ္ေတြသတိထားမိၾကတဲ့ မင္းသမီးေလးတစ္လက္လည္း ျဖစ္ပါတယ္။ အဆိုေတာ္လိေမၼာ္သီးရဲ႕ညီမေလးျဖစ္ၿပီး မြန္ဝတ္စုံေလးေတြနဲ႔အလြန္လိုက္ဖက္လြန္းတဲ့

မြန္မေလးတစ္ေယာက္ဆိုတာ ပရိသတ္ေတြသိၾကမွာပါ။ေဝလာရီကေတာ့ ခရီးေတြထြက္ေနတာျဖစ္ၿပီး အမွတ္ရစရာအေတြ႕အႀကဳံေလးေတြကို ပရိသတ္ေတြကို ေျပာျပလာတာပါ။ သူ႔ရဲ႕ေဖ့ဘြတ္ခ္မွာ “မင္းကြန္းက ဓာတ္ပုံ႐ိုက္ေပးတဲ့ ကေလးေလးေတြ … အရမ္းေတာ္တာ ပဲ … ၂ ကိုယ္ခြဲ , ၃ ကိုယ္ခြဲက

အစ ႐ိုက္တတ္ေသးတယ္ … pose ေတြကလည္း သင္ေပးေသးတာေနာ္ … ဒီအ႐ြယ္ေလးနဲ႔ သမာအာဇီဝ အလုပ္ေတြ လုပ္ရင္း သူတို႔ေလးေတြ ဝင္ေငြ ရွာတတ္ေနၿပီေလ … ဒါက သူတို႔လက္ရာ ပုံေလးေတြပါ ..”ဆိုၿပီးေတာ့ ေရးသားထားတာပါ။ေဝလာရီကေတာ့ ခ်စ္စရာေကာင္းၿပီး

လိမၼာေရးျခားရွိတဲ့ကေလးေတြကိုေတြ႕ခဲ့ရတာေၾကာင့္ ပရိသတ္ေတြကို ျပန္လည္ေဝမွ်ေပးခဲ့ပါေသးတယ္။ ေဝလာရီကေတာ့ ခ်စ္စရာေကာင္းတဲ့ကေလးေတြေၾကာင့္ အမွတ္တရေတြရွိခဲ့ပုံပါပဲ။ ေဝလာရီရဲ႕အႏုပညာေျခလွမ္းအသစ္ေတြကို ရင္ခုန္ေနၾကတယ္မဟုတ္လား ပရိသတ္ႀကီးေရ…

Read in UNICODE

ဝေလာရီကတော့ချစ်စရာကောင်းတဲ့ တက်သစ်စမင်းသမီးချောလေးတစ်ယောက်ပါ။ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူပရိသတ်တွေသတိထားမိကြတဲ့ မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ အဆိုတော်လိမ္မော်သီးရဲ့ညီမလေးဖြစ်ပြီး မွန်ဝတ်စုံလေးတွေနဲ့အလွန်လိုက်ဖက်လွန်းတဲ့

မွန်မလေးတစ်ယောက်ဆိုတာ ပရိသတ်တွေသိကြမှာပါ။ဝေလာရီကတော့ ခရီးတွေထွက်နေတာဖြစ်ပြီး အမှတ်ရစရာအတွေ့အကြုံလေးတွေကို ပရိသတ်တွေကို ပြောပြလာတာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “မင်းကွန်းက ဓာတ်ပုံရိုက်ပေးတဲ့ ကလေးလေးတွေ … အရမ်းတော်တာ ပဲ … ၂ ကိုယ်ခွဲ , ၃ ကိုယ်ခွဲက

အစ ရိုက်တတ်သေးတယ် … pose တွေကလည်း သင်ပေးသေးတာနော် … ဒီအရွယ်လေးနဲ့ သမာအာဇီဝ အလုပ်တွေ လုပ်ရင်း သူတို့လေးတွေ ဝင်ငွေ ရှာတတ်နေပြီလေ … ဒါက သူတို့လက်ရာ ပုံလေးတွေပါ ..”ဆိုပြီးတော့ ရေးသားထားတာပါ။ဝေလာရီကတော့ ချစ်စရာကောင်းပြီး

လိမ္မာရေးခြားရှိတဲ့ကလေးတွေကိုတွေ့ခဲ့ရတာကြောင့် ပရိသတ်တွေကို ပြန်လည်ဝေမျှပေးခဲ့ပါသေးတယ်။ ဝေလာရီကတော့ ချစ်စရာကောင်းတဲ့ကလေးတွေကြောင့် အမှတ်တရတွေရှိခဲ့ပုံပါပဲ။ ဝေလာရီရဲ့အနုပညာခြေလှမ်းအသစ်တွေကို ရင်ခုန်နေကြတယ်မဟုတ်လား ပရိသတ်ကြီးရေ…

Source : Wai Lar Ri’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *