က်န္းမာေရး ျပန္လည္ေကာင္းမြန္ေနၿပီျဖစ္တဲ့ ေဗလုဝနဲ႔ မေမွ်ာ္လင့္ထားပဲ ေတြ႕ခဲ့ၿပီး အမွတ္တရပုံေလး ႐ိုက္ခဲ့တဲ့ ေက်ာ္ေက်ာ္

ေက်ာ္ေက်ာ္ကေတာ့ အၿမဲေပ်ာ္ေပ်ာ္ေနတတ္ၿပီး လူငယ္ပီပီ ဟာသေလးေတြလုပ္တတ္ေနတာျဖစ္ပါတယ္။ေက်ာ္ေက်ာ္က လက္ရွိမွာလည္း အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္လုပ္ေဆာင္ေနၿပီး ခ်စ္သူငယ္ခ်င္းေတြနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ေနတာျဖစ္ပါတယ္ေနာ္။ေက်ာ္ေက်ာ့္ကို

အားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြကလည္း သူ႔ရဲ႕လႈပ္ရွားမႈတိုင္းကို ေစာင့္ၾကည့္ အားေပးဝန္းရံေနၾကတာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ေက်ာ္ေက်ာ္က သ႐ုပ္ေဆာင္ေဗလုဝနဲ႔ မထင္မွတ္ဘဲ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။ေဗလုဝကေတာ့ လတ္တေလာမွာဆိုရင္

က်န္းမာေရးအေျခအေနက တိုးတက္ေကာင္းမြန္လာၿပီး ပရိသတ္ေတြကလည္း သူ႔ကို အျမန္ဆုံးသက္သာေပ်ာက္ကင္းပါေစလို႔ ဆုေတာင္းေပးၾကတာပါေနာ္။ေဗလုဝက “လယ္သူမေက်းလက္ျမန္မာထမင္းဆိုင္”ကိုလည္း ဖြင့္လွစ္ထားၿပီး ေအးေအးခ်မ္းခ်မ္းနဲ႔

ေနထိုင္ေနတာျဖစ္ပါတယ္။ေက်ာ္ေက်ာ္ကေတာ့”ဦးေဗနဲ႔ မေမွ်ာ္လင့္ဘဲ ေတြ႕ဆုံ…အရင္လိုမ်ိဳးအာေဘာင္အာရင္းသန္သန္နဲ႔ စကားေတြအျမန္ဆုံး ေျပာႏိုင္ပါေစလို႔ သားဆုေတာင္းေပးပါတယ္”ဆိုၿပီး ေရးသားထားကာ ဦးေဗနဲ႔ပုံရိပ္ေလးေတြကို

သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာ တင္လာတာျဖစ္ပါတယ္။ဦးေဗလုဝကလည္း ၿပဳံး႐ႊင္ေနၿပီး လက္မေလးေထာင္ကာ လန္းဆန္းတက္ႂကြေနတဲ့ ပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါရေစေနာ္။

Read in UNICODE

ကျော်ကျော်ကတော့ အမြဲပျော်ပျော်နေတတ်ပြီး လူငယ်ပီပီ ဟာသလေးတွေလုပ်တတ်နေတာဖြစ်ပါတယ်။ကျော်ကျော်က လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ချစ်သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပါတယ်နော်။ကျော်ကျော့်ကို

အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း သူ့ရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့် အားပေးဝန်းရံနေကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကျော်ကျော်က သရုပ်ဆောင်ဗေလုဝနဲ့ မထင်မှတ်ဘဲ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဗေလုဝကတော့ လတ်တလောမှာဆိုရင်

ကျန်းမာရေးအခြေအနေက တိုးတက်ကောင်းမွန်လာပြီး ပရိသတ်တွေကလည်း သူ့ကို အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးကြတာပါနော်။ဗေလုဝက “လယ်သူမကျေးလက်မြန်မာထမင်းဆိုင်”ကိုလည်း ဖွင့်လှစ်ထားပြီး အေးအေးချမ်းချမ်းနဲ့

နေထိုင်နေတာဖြစ်ပါတယ်။ကျော်ကျော်ကတော့”ဦးဗေနဲ့ မမျှော်လင့်ဘဲ တွေ့ဆုံ…အရင်လိုမျိုးအာဘောင်အာရင်းသန်သန်နဲ့ စကားတွေအမြန်ဆုံး ပြောနိုင်ပါစေလို့ သားဆုတောင်းပေးပါတယ်”ဆိုပြီး ရေးသားထားကာ ဦးဗေနဲ့ပုံရိပ်လေးတွေကို

သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်လာတာဖြစ်ပါတယ်။ဦးဗေလုဝကလည်း ပြုံးရွှင်နေပြီး လက်မလေးထောင်ကာ လန်းဆန်းတက်ကြွနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source : Kyaw Naing Oo & Bay Bay’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *