ယုန္ေလးအတြက္ ႐ုပ္ရွင္အစည္းအရံုးမွာ ကိုယ္တိုင္ သြားေရာက္ ေျဖရွင္းေပးခဲ့ၾကတဲ့ ေကညီ နဲ႔ ျမင့္ျမတ္

ယုန္ေလး အတြက္ သ႐ုပ္ေဆာင္ ျမင့္ျမတ္ နဲ႔  ေကညီတို႔ ဦးေဆာင္ၿပီး ဒီေန႔ ၾသဂုတ္(၆) ရက္ေန႔ မနက္ပိုင္းက ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးသို႔ သြားေရာက္ေတာင္းပန္ခဲ့ၾကပါတယ္။ လာေရာက္ေတာင္းပန္ ခဲ့ၾကတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌ ဦးညီညီထြန္းလြင္က အခုလို ေျပာျပလာပါတယ္။ “ ကိုယုန္ေလးတို႔ လာေတာင္းပန္တာေတာ့ မဟုတ္ပါဘူး။ သူ႐ိုက္ထားတာက စည္းလုံးသင့္ၿပီ ျမန္မာျပည္ ေပါ့ေနာ္။ ဒါကို သူက ေစတနာနဲ႔ ႐ိုက္ေပးတာ။ သူေျပာသြားတဲ့ အထဲမွာေတာ့ ၈၈ အေရးအခင္းတုန္းက သူ ၃ ႏွစ္သားပဲရွိပါေသးတယ္။ သူ ဘာမွ နားမလည္ဘူး၊ အဲဒီအေၾကာင္းအရာေတြကို သူမသိဘူး။ သူ႐ိုက္ကူးခဲ့တဲ့ ဇာတ္ကားေတြဆိုရင္လည္း ထူးျခားမႈေလးေတြကို သူႀကိဳက္လို႔ သူ႐ိုက္တယ္။ ဒါကိုလည္း ထူးျခားမယ္ထင္လို႔ သူ႐ိုက္တယ္။ သူက

ဘယ္သူ ဘယ္ဝါဆီကမွ အခေၾကးေငြယူၿပီး႐ိုက္ထားတာလည္း မဟုတ္ဘူးဆိုတာကို ရွင္းျပတယ္။ သားညီတို႔၊ ေကညီတို႔၊ ထူးျခားတို႔လည္း ပါတယ္။ ပါဝင္သ႐ုပ္ေဆာင္ၾကတဲ့ သူေတြကလည္း ေမတၱာ ေစတနာနဲ႔ ပါဝင္႐ိုက္ကူးထားၾကတာပါ။ MTV အတြက္ကိုလည္း တစ္ခုခုျဖစ္ရင္ သူပဲ တာဝန္ယူထားပါတယ္။ ၿပီးေတာ့ အဖြဲ႕အစည္းတစ္ခုခုကိုလည္း ထိခိုက္နစ္နာေစလိုတဲ့ ဆႏၵ လုံးဝ မရွိပါဘူးလို႔ လာရွင္းျပပါတယ္” လို႔ ဆိုပါတယ္။ အဆိုေတာ္ ယုန္ေလးရဲ႕ ” စည္းလုံးသင့္ၿပီ ျမန္မာျပည္” သီခ်င္းနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးမွ CEC အဖြဲ႕ကလည္း ၾသဂုတ္လ ၇ ရက္ေန႔ မွာ အစည္းအေဝးျပဳလုပ္ၿပီး ဆုံးျဖတ္သြားမယ္လို႔ သိရပါတယ္။ အဆိုေတာ္ ယုန္ေလးတို႔ ရွင္းျပေပးခဲ့တဲ့ အေၾကာင္းအရာေတြကိုလည္း ယင္း အစည္းအေဝးမွာ ထည့္သြင္း ဆုံးျဖတ္သြားမယ္လို႔ ဦးညီညီထြန္းလြင္က ေျပာျပခဲ့ပါတယ္။ ဦးညီညီထြန္းလြင္ အေနနဲ႔ ယုန္ေလးရဲ႕ သီခ်င္းဟာ MTV သီးသန႔္မဟုတ္ပဲ

ဇာတ္လမ္းပုံစံမ်ိဳးျဖစ္တာေၾကာင့္ ဆင္ဆာ ကိစၥေတြမွာ ျပန္လည္ ညႇိႏႈိင္းဖို႔ လိုအပ္တယ္လို႔ သူက ဆိုပါတယ္။ အႏုပညာနဲ႔ ပတ္သက္ၿပီး ဆန္းသစ္တီထြင္မႈကို သေဘာက်တဲ့ အႏုပညာရွင္အသစ္ေတြ အေနနဲ႔ ယုန္ေလးရဲ႕ အျဖစ္ကိုၾကည့္ၿပီး နမူနာထားသင့္တယ္လို႔ ဦးညီညီထြန္းလြင္က ဆိုပါတယ္။ “ ယုန္ေလးေျပာခ်င္သလို ေပးခ်င္တဲ့ မက္ေဆ့ခ်္က ေခတ္နဲ႔ အံဝင္သလား၊ အံမဝင္ဘူးလား။ ေခတ္မွာ ျဖစ္ေပၚေနတဲ့ အေနအထားက ဘယ္လိုဆိုတာ မသိဘူး။ သူ႔ၾကည့္ရတာ ကေလးတစ္ေယာက္က အဲဒီ ဇာတ္လမ္းေလးကို စိတ္ကူးထဲမွာ တစ္ခါတည္း တည္ေဆာက္ခဲ့လိုက္တာ။ တကယ့္ႏိုင္ငံ အဓိပတိ ေခါင္းေဆာင္ကိုလည္း ထည့္႐ိုက္လို႔႐ိုက္နဲ႔ သူကေတာ့ အရမ္းကို ထူးျခားဆန္းသစ္တယ္လို႔ ထင္ေနတယ္။ ဘယ္လို အႏၲရာယ္ေတြ ႐ိုက္ခတ္လာႏိုင္သလဲဆိုတာ သူ ဘာမွ စဥ္းစားထားပုံမရဘူး။ ေနာက္ထပ္ ထူးျခား ဆန္းသစ္လိုတဲ့ လူငယ္ေတြရွိရင္

အဲဒါကို စံနမူနာယူရမွာေပါ့။ ႏိုက္ကလပ္ေတြ ဘာေတြ တက္႐ုံနဲ႔ မလုံေလာက္ဘူး။ စာေလး ဘာေလးလည္း မ်ားမ်ားဖတ္ဖို႔ လိုအပ္တယ္” လို႔ သူက ဆိုပါတယ္။ ယုန္ေလးအေနနဲ႔လည္း ” စည္းလုံးသင့္ၿပီ ျမန္မာျပည္” သီခ်င္းအတြက္နဲ႔ စိတ္ဓာတ္က်ေနတဲ့ သူ႔ကို ေဘးကေန မခြာပဲ အၿမဲ အားေပးေနၾကတဲ့ သူငယ္ခ်င္းေတြျဖစ္တဲ့ ျမင့္ျမတ္၊ ခင္လႈိင္၊ သားညီ၊ K ညီ နဲ႔ ထူးျခား တို႔ကိုလည္းၾသဂုတ္လ(၆) ရက္ေန႔ မနက္ပိုင္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေက်းဇူးတင္စကားဆိုခဲ့ပါေသးတယ္။ အဲဒီေနာက္ ” စည္းလုံးသင့္ၿပီ ျမန္မာျပည္” သီခ်င္းအေပၚ ေဝဖန္မႈေတြနဲ႔ ပတ္သက္ၿပီး ယုန္ေလးကို စိတ္ဓာတ္မက်ဖို႔ အားေပးစကားဆိုခဲ့ၾကတဲ့ မို႔မို႔ျမင့္ေအာင္၊ထူးအယ္လ္လင္း နဲ႔ အႏုပညာရွင္ ညီငယ္၊ ညီမငယ္ေတြကိုလည္း ေက်းဇူးတင္စကားေျပာခဲ့ပါတယ္။ “စည္းလုံးသင့္ၿပီ ျမန္မာျပည္ ” Music Video ကို ၾသဂုတ္လ (၄) ရက္ေန႔ မနက္ (၁၀) နာရီေက်ာ္က Original Gangster Facebook Page ကေန ပရိသတ္ကို မိတ္ဆက္ေပးလိုက္တာျဖစ္ပါတယ္။ အဲဒီေနာက္ ပရိသတ္ေတြရဲ႕ ေဝဖန္ေျပာဆိုမႈေတြႀကဳံခဲ့ရပါတယ္။ ဒီေဝဖန္ေျပာဆိုမႈေတြေၾကာင့္ ၾသဂုတ္လ (၅) ရက္ေန႔ ေန႔လယ္ (၂) နာရီဝန္းက်င္က အဆိုေတာ္ယုန္ေလးကိုယ္တိုင္ Original Gangster Facebook Page ကေန ျဖဳတ္ခ်လိုက္တာကို ေတြ႕ရပါတယ္။

Read in UNICODE

ယုန်လေး အတွက် သရုပ်ဆောင် မြင့်မြတ် နဲ့  ကေညီတို့ ဦးဆောင်ပြီး ဒီနေ့ သြဂုတ်(၆) ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ သွားရောက်တောင်းပန်ခဲ့ကြပါတယ်။ လာရောက်တောင်းပန် ခဲ့ကြတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က အခုလို ပြောပြလာပါတယ်။ “ ကိုယုန်လေးတို့ လာတောင်းပန်တာတော့ မဟုတ်ပါဘူး။ သူရိုက်ထားတာက စည်းလုံးသင့်ပြီ မြန်မာပြည် ပေါ့နော်။ ဒါကို သူက စေတနာနဲ့ ရိုက်ပေးတာ။ သူပြောသွားတဲ့ အထဲမှာတော့ ၈၈ အရေးအခင်းတုန်းက သူ ၃ နှစ်သားပဲရှိပါသေးတယ်။ သူ ဘာမှ နားမလည်ဘူး၊ အဲဒီအကြောင်းအရာတွေကို သူမသိဘူး။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေဆိုရင်လည်း ထူးခြားမှုလေးတွေကို သူကြိုက်လို့ သူရိုက်တယ်။ ဒါကိုလည်း ထူးခြားမယ်ထင်လို့ သူရိုက်တယ်။ သူက

ဘယ်သူ ဘယ်ဝါဆီကမှ အခကြေးငွေယူပြီးရိုက်ထားတာလည်း မဟုတ်ဘူးဆိုတာကို ရှင်းပြတယ်။ သားညီတို့၊ ကေညီတို့၊ ထူးခြားတို့လည်း ပါတယ်။ ပါဝင်သရုပ်ဆောင်ကြတဲ့ သူတွေကလည်း မေတ္တာ စေတနာနဲ့ ပါဝင်ရိုက်ကူးထားကြတာပါ။ MTV အတွက်ကိုလည်း တစ်ခုခုဖြစ်ရင် သူပဲ တာဝန်ယူထားပါတယ်။ ပြီးတော့ အဖွဲ့အစည်းတစ်ခုခုကိုလည်း ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒ လုံးဝ မရှိပါဘူးလို့ လာရှင်းပြပါတယ်” လို့ ဆိုပါတယ်။ အဆိုတော် ယုန်လေးရဲ့ ” စည်းလုံးသင့်ပြီ မြန်မာပြည်” သီချင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ CEC အဖွဲ့ကလည်း သြဂုတ်လ ၇ ရက်နေ့ မှာ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ အဆိုတော် ယုန်လေးတို့ ရှင်းပြပေးခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ယင်း အစည်းအဝေးမှာ ထည့်သွင်း ဆုံးဖြတ်သွားမယ်လို့ ဦးညီညီထွန်းလွင်က ပြောပြခဲ့ပါတယ်။ ဦးညီညီထွန်းလွင် အနေနဲ့ ယုန်လေးရဲ့ သီချင်းဟာ MTV သီးသန့်မဟုတ်ပဲ

ဇာတ်လမ်းပုံစံမျိုးဖြစ်တာကြောင့် ဆင်ဆာ ကိစ္စတွေမှာ ပြန်လည် ညှိနှိုင်းဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး ဆန်းသစ်တီထွင်မှုကို သဘောကျတဲ့ အနုပညာရှင်အသစ်တွေ အနေနဲ့ ယုန်လေးရဲ့ အဖြစ်ကိုကြည့်ပြီး နမူနာထားသင့်တယ်လို့ ဦးညီညီထွန်းလွင်က ဆိုပါတယ်။ “ ယုန်လေးပြောချင်သလို ပေးချင်တဲ့ မက်ဆေ့ချ်က ခေတ်နဲ့ အံဝင်သလား၊ အံမဝင်ဘူးလား။ ခေတ်မှာ ဖြစ်ပေါ်နေတဲ့ အနေအထားက ဘယ်လိုဆိုတာ မသိဘူး။ သူ့ကြည့်ရတာ ကလေးတစ်ယောက်က အဲဒီ ဇာတ်လမ်းလေးကို စိတ်ကူးထဲမှာ တစ်ခါတည်း တည်ဆောက်ခဲ့လိုက်တာ။ တကယ့်နိုင်ငံ အဓိပတိ ခေါင်းဆောင်ကိုလည်း ထည့်ရိုက်လို့ရိုက်နဲ့ သူကတော့ အရမ်းကို ထူးခြားဆန်းသစ်တယ်လို့ ထင်နေတယ်။ ဘယ်လို အန္တရာယ်တွေ ရိုက်ခတ်လာနိုင်သလဲဆိုတာ သူ ဘာမှ စဉ်းစားထားပုံမရဘူး။ နောက်ထပ် ထူးခြား ဆန်းသစ်လိုတဲ့ လူငယ်တွေရှိရင်

အဲဒါကို စံနမူနာယူရမှာပေါ့။ နိုက်ကလပ်တွေ ဘာတွေ တက်ရုံနဲ့ မလုံလောက်ဘူး။ စာလေး ဘာလေးလည်း များများဖတ်ဖို့ လိုအပ်တယ်” လို့ သူက ဆိုပါတယ်။ ယုန်လေးအနေနဲ့လည်း ” စည်းလုံးသင့်ပြီ မြန်မာပြည်” သီချင်းအတွက်နဲ့ စိတ်ဓာတ်ကျနေတဲ့ သူ့ကို ဘေးကနေ မခွာပဲ အမြဲ အားပေးနေကြတဲ့ သူငယ်ချင်းတွေဖြစ်တဲ့ မြင့်မြတ်၊ ခင်လှိုင်၊ သားညီ၊ K ညီ နဲ့ ထူးခြား တို့ကိုလည်းသြဂုတ်လ(၆) ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။ အဲဒီနောက် ” စည်းလုံးသင့်ပြီ မြန်မာပြည်” သီချင်းအပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ယုန်လေးကို စိတ်ဓာတ်မကျဖို့ အားပေးစကားဆိုခဲ့ကြတဲ့ မို့မို့မြင့်အောင်၊ထူးအယ်လ်လင်း နဲ့ အနုပညာရှင် ညီငယ်၊ ညီမငယ်တွေကိုလည်း ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ “စည်းလုံးသင့်ပြီ မြန်မာပြည် ” Music Video ကို သြဂုတ်လ (၄) ရက်နေ့ မနက် (၁၀) နာရီကျော်က Original Gangster Facebook Page ကနေ ပရိသတ်ကို မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုတွေကြုံခဲ့ရပါတယ်။ ဒီဝေဖန်ပြောဆိုမှုတွေကြောင့် သြဂုတ်လ (၅) ရက်နေ့ နေ့လယ် (၂) နာရီဝန်းကျင်က အဆိုတော်ယုန်လေးကိုယ်တိုင် Original Gangster Facebook Page ကနေ ဖြုတ်ချလိုက်တာကို တွေ့ရပါတယ်။

Source : Cele YatKWat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *