ကျောက်ထက်ဇော် ရန်အောင်တို့နဲ့အတူ ရိုက်ကွင်းပေါ်မှာ ဟာသတွေပြောပြီး အားရပါး ရယ်မောနေတဲ့ မအေးသောင်း
Read in UNICODE
ပုရိသတွေ ကြွေပြီးရင်း ကြွေနေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး အေးဝတ်ရည်သောင်းပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်
မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ မအေးသောင်းဟာ အမြဲပျော်ပျော်နေတတ်ပြီး ဘဝကို ပေါးပါးလွတ်လပ်စွာ ဖြတ်သန်းသူတစ်ယောက်ဖြစ်တာကြောင့် အမြဲ နုပျိုလှပနေတာလည်း ဖြစ်ပါတယ်။ မအေးသောင်းဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေ
တောက်လျှောက် ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ခရီးတွေ ထွက်ရတာကိုလည်း ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး မကြာခဏဆိုသလို အပန်းဖြေခရီးတွေ ထွက်လေ့ရှိပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း အမြဲလိုလို ဝေမျှပေးတတ်သူတစ်ယောက်ပါ။ ပရိသတ်တွေကလည်း
မအေးသောင်းရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကိုကြည့်ပြီး အသည်းယားကာ ချစ်မ၀ ဖြစ်နေကြတာပါ။မနေ့ညကလည်း သူမရဲ့ Facebook Story မှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ရန်အောင် ၊ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲချစ်ခင်
အားပေးနေရတဲ့ သရုပ်ဆောင် မင်းသားချောလေး ကျော်ထက်ဇော်တို့နဲ့အတူ ကြော်ငြာလေးတစ်ခု ရိုက်ကူးနေတဲ့ ပုံလေး တင်ထားတာပဲ ဖြစ်ပါတယ်။ အနုပညာမောင်နှမသုံးယောက် ပျော်ပျော်ပါးပါးနဲ့ ကြော်ငြာရိုက်ကူးနေတဲ့ ပုံရိပ်လေးကို ပရိသတ်တွေ ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source : Aye Thaung’ & Kyaw Htet Zaw’s Facebook | Reference & Credit : Myanmarload.com
Add a Comment
Your email address will not be published. Required fields are marked *