ယုန္ေလးကို ခြင့္လႊတ္ၿပီး ေက်ေအးေပးၾကဖို႔ ပရိသတ္ေတြကို ေတာင္းဆိုခဲ့တဲ့ ထူးျခား
|ထူးျခားကေတာ့ “ ငါတို႔ အားလုံးရဲ႕ ေျမ” သီခ်င္းနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ၊ အႏုပညာရွင္ေတြရဲ႕ ေဝဖန္ေျပာဆိုမႈေတြ ႀကဳံေနရတဲ့ သူငယ္ခ်င္းျဖစ္သူ ယုန္ေလးအတြက္ စိတ္မေကာင္းျဖစ္လို႔ေနပါတယ္။ ယုန္ေလးကို ခြင့္လႊတ္ေပးၾကဖို႔လည္း ေတာင္းဆိုလာခဲ့ပါတယ္။ “ ကြၽန္ေတာ္လည္း ကြၽန္ေတာ့္ သူငယ္ခ်င္းအတြက္ စိတ္မေကာင္းျဖစ္မိပါတယ္။ သူလည္း အခုလို ျဖစ္သြား မယ္လို႔ ရည္႐ြယ္ခ်င္မွ ရည္႐ြယ္မွာေလ။ ဒါဟာ ယုန္ေလးက စိတ္ေလာသြားတာပါ။ သူ႔ရဲ႕ တင္ျပမႈက တလြဲႀကီးျဖစ္သြားတယ္။ အခုဆို ယုန္ေလးကလည္း

အားလုံးကို ေတာင္းပန္ေနပါၿပီ။ ဒီ့အတြက္ ေက်ေအးေပးၾကပါလို႔ ကြၽန္ေတာ္က ေျပာခ်င္ပါတယ္” ဆိုၿပီးေတာ့ ၾသဂုတ္လ (၅) ရက္ေန႔က ေျဖဆိုခဲ့တာပါ။ “ ငါတို႔ အားလုံးရဲ႕ ေျမ” MTV ထဲမွာလည္း သ႐ုပ္ေဆာင္ ထူးျခားဟာ တပ္မေတာ္သားတစ္ေယာက္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ဒီ MTV ကို ဖန္တီးထားတဲ့ ယုန္ေလးရဲ႕ စိတ္ေနစိတ္ထားအေပၚ ထူးျခား ရဲ႕ သေဘာထားကို အခုလို ေျပာျပခဲ့ပါေသးတယ္။ “ ႏိုင္ငံျခားဇာတ္ကားေတြမွာဆိုရင္

သမၼတကို ျပန္ေပးဆြဲၾကတယ္၊ ျပန္ကယ္ၾကမယ္ေပါ့။ ကြၽန္ေတာ့္ အထင္ကေတာ့ သူ႔ရဲ႕ စိတ္ကို စဥ္းစားၾကည့္လိုက္တဲ့ အခါမွာလည္း ဒီေလာက္ေလးနဲ႔ သူ ႐ိုက္လိုက္တယ္။ ဒါေပမယ့္ အခုခ်ိန္မွာ အားလုံးျဖစ္ေစခ်င္တဲ့ ဆႏၵနဲ႔ သူ႔ရဲ႕ တင္ျပမႈက တလြဲျဖစ္သြားတယ္။ အဲဒီအတြက္ ယုန္ေလးကိုယ္စား ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ပါဝင္ၾကတဲ့ သူအားလုံးကလည္း အခုလို ျဖစ္ေစမယ့္ ရည္႐ြယ္ခ်က္မ်ိဳးမရွိပါဘူး။ ကြၽန္ေတာ္တို႔ မွားတယ္

ဆိုတာ ဝန္ခံပါတယ္” လို႔ ဆက္လက္ ေျဖဆိုခဲ့ပါတယ္။ ” ငါတို႔ အားလုံးရဲ႕ ေျမ” Music Video ကို ၾသဂုတ္လ (၄) ရက္ေန႔ မနက္ (၁၀) နာရီေက်ာ္က Original Ganster Facebook Page ကေန ပရိသတ္ကို မိတ္ဆက္ေပးလိုက္တာျဖစ္ပါတယ္။ အဲဒီေနာက္ ပရိသတ္ေတြရဲ႕ ေဝဖန္ေျပာဆိုမႈေတြႀကဳံခဲ့ရပါတယ္။ ဒီေဝဖန္ေျပာဆိုမႈေတြေၾကာင့္ ၾသဂုတ္လ (၅) ရက္ေန႔ ေန႔လယ္ (၂) နာရီဝန္းက်င္က အဆိုေတာ္ယုန္ေလးကိုယ္တိုင္

Original Ganster Facebook Page ကေန ျဖဳတ္ခ်လိုက္တာကို ေတြ႕ရပါတယ္။ ထူးျခားကိုေတာ့ အက္ရွင္ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ ေအာ္ရဂ်င္နယ္ ဂိုဏ္းစတားဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြ ပိုသတိထားမိခဲ့ၾကပါတယ္။ လက္ရွိမွာလည္း သူဟာ အက္ရွင္ဇာတ္ကား ေတာ္ေတာ္မ်ားမ်ား႐ိုက္ကူူးေနရတာျဖစ္ၿပီး ပရိသတ္အခိုင္အမာ ရရွိလာတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။
Read in UNICODE
ထူးခြားကတော့ “ ငါတို့ အားလုံးရဲ့ မြေ” သီချင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ၊ အနုပညာရှင်တွေရဲ့ ဝေဖန်ပြောဆိုမှုတွေ ကြုံနေရတဲ့ သူငယ်ချင်းဖြစ်သူ ယုန်လေးအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ယုန်လေးကို ခွင့်လွှတ်ပေးကြဖို့လည်း တောင်းဆိုလာခဲ့ပါတယ်။ “ ကျွန်တော်လည်း ကျွန်တော့် သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ သူလည်း အခုလို ဖြစ်သွား မယ်လို့ ရည်ရွယ်ချင်မှ ရည်ရွယ်မှာလေ။ ဒါဟာ ယုန်လေးက စိတ်လောသွားတာပါ။ သူ့ရဲ့ တင်ပြမှုက တလွဲကြီးဖြစ်သွားတယ်။ အခုဆို ယုန်လေးကလည်း

အားလုံးကို တောင်းပန်နေပါပြီ။ ဒီ့အတွက် ကျေအေးပေးကြပါလို့ ကျွန်တော်က ပြောချင်ပါတယ်” ဆိုပြီးတော့ သြဂုတ်လ (၅) ရက်နေ့က ဖြေဆိုခဲ့တာပါ။ “ ငါတို့ အားလုံးရဲ့ မြေ” MTV ထဲမှာလည်း သရုပ်ဆောင် ထူးခြားဟာ တပ်မတော်သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ MTV ကို ဖန်တီးထားတဲ့ ယုန်လေးရဲ့ စိတ်နေစိတ်ထားအပေါ် ထူးခြား ရဲ့ သဘောထားကို အခုလို ပြောပြခဲ့ပါသေးတယ်။ “ နိုင်ငံခြားဇာတ်ကားတွေမှာဆိုရင်

သမ္မတကို ပြန်ပေးဆွဲကြတယ်၊ ပြန်ကယ်ကြမယ်ပေါ့။ ကျွန်တော့် အထင်ကတော့ သူ့ရဲ့ စိတ်ကို စဉ်းစားကြည့်လိုက်တဲ့ အခါမှာလည်း ဒီလောက်လေးနဲ့ သူ ရိုက်လိုက်တယ်။ ဒါပေမယ့် အခုချိန်မှာ အားလုံးဖြစ်စေချင်တဲ့ ဆန္ဒနဲ့ သူ့ရဲ့ တင်ပြမှုက တလွဲဖြစ်သွားတယ်။ အဲဒီအတွက် ယုန်လေးကိုယ်စား ကျွန်တော် တောင်းပန်ပါတယ်။ ပါဝင်ကြတဲ့ သူအားလုံးကလည်း အခုလို ဖြစ်စေမယ့် ရည်ရွယ်ချက်မျိုးမရှိပါဘူး။ ကျွန်တော်တို့ မှားတယ်

ဆိုတာ ဝန်ခံပါတယ်” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ ” ငါတို့ အားလုံးရဲ့ မြေ” Music Video ကို သြဂုတ်လ (၄) ရက်နေ့ မနက် (၁၀) နာရီကျော်က Original Ganster Facebook Page ကနေ ပရိသတ်ကို မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုတွေကြုံခဲ့ရပါတယ်။ ဒီဝေဖန်ပြောဆိုမှုတွေကြောင့် သြဂုတ်လ (၅) ရက်နေ့ နေ့လယ် (၂) နာရီဝန်းကျင်က အဆိုတော်ယုန်လေးကိုယ်တိုင်

Original Ganster Facebook Page ကနေ ဖြုတ်ချလိုက်တာကို တွေ့ရပါတယ်။ ထူးခြားကိုတော့ အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အော်ရဂျင်နယ် ဂိုဏ်းစတားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ ပိုသတိထားမိခဲ့ကြပါတယ်။ လက်ရှိမှာလည်း သူဟာ အက်ရှင်ဇာတ်ကား တော်တော်များများရိုက်ကူူးနေရတာဖြစ်ပြီး ပရိသတ်အခိုင်အမာ ရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
Source : Cele YatKwat | Reference & Credit : Duwun