မိသားစုစံုစံုလင္လင္နဲ႔ ေယာက်ာ္းျဖစ္သူ ဥကၠာေက်ာ္ရဲ႕ ေမြးေန႔မွာ အလွဴဒါနေတြျပဳလုပ္ခဲ့တဲ့ ဆုပန္ထြာ

ဆုပန္ထြာကေတာ့ ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အႏုပညာရွင္တစ္ေယာက္လည္းျဖစ္ၿပီး ခ်စ္စရာသားေလးတစ္ေယာက္နဲ႔အတူ သာယာေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးေလးကို ပိုင္ဆိုင္ျဖတ္သန္းေနသူတစ္ေယာက္လည္းျဖစ္ပါတယ္ေနာ္။ ခင္ပြန္းျဖစ္သူ ဥကၠာေက်ာ္ဟာလည္း

ဆုပန္ထြာရဲ႕အႏုပညာအလုပ္ေတြကို အားေပးကူညီေပးေလ့ရွိတဲ့သူျဖစ္ၿပီး သူကိုယ္တိုင္လည္း ေအာင္ဆန္း႐ုပ္ရွင္ကားႀကီးမွာ ဂဠဳန္ဦးေစာအေနနဲ႔ပါ၀င္သ႐ုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ဆုပန္ထြာတို႔မိသားစုေလးဟာ အၿမဲစည္းစည္းလုံးလုံးနဲ႔ ခ်စ္ခ်စ္ခင္ခင္ေနထိုင္ၾကတာျဖစ္ၿပီး

ပရိသတ္အားက်ခ်စ္ခင္ရတဲ့ မိသားစုေလးလည္းျဖစ္ပါတယ္ေနာ္။ ဩဂုတ္လ(၅)ရက္ေန႔ေလးကေတာ့ ဆုပန္ထြာရဲ႕ခင္ပြန္းကိုဥကၠာေက်ာ္ရဲ႕ေမြးေန႔ေလးျဖစ္ပါတယ္‌။ ကိုဥကၠာေက်ာ္ရဲ႕ေမြးေန႔ေလးကို ဆုပန္ထြာနဲ႔သားေလး Roar Roar Kyawေလးဟာလည္း birthday surpriseေလး

ျပဳလုပ္ေပးခဲ့ၾကပါေသးတယ္ေနာ္။ဒါ့ျပင္ေမြးေန႔ရက္ျမတ္ေလးမွာ မိသားစုေတြစုံစုံညီညီနဲ႔ ဆြမ္းကပ္အလႉေတြျပဳလုပ္ခဲ့ၾကပါေသးတယ္။ ဒီအေၾကာင္းအရာေလးကို ဆုပန္ထြာဟာ သူမရဲ႕Facebookစာမ်က္ႏွာတြင္ “5.8.2020 ေဖေဖ Okkar Kyaw ေမြးေန႔။ Happy Birthday

ပါေဖေဖ။ ေမြးေန႔မွစၿပီး စိတ္ခ်မ္းသာ၊ကိုယ္က်န္းမာ၊ ဘဝမွာအစစအရာရာျပည့္စုံစြာ ေအးခ်မ္းစြာ ေအာင္ျမင္စြာ ျဖတ္သန္းရပါေစ။ဘာသာ၊သာသနာအက်ိဳးဆထပ္တိုးေပးကမ္းလႉဒါန္းႏိုင္ပါေစ။ ေဖေဖ့ေမြးေန႔မွာ သကၤန္းပရိကၡရာအစုံ အပါး ၅၀စာ၊ သံဃာ အပါး ၅၀ ဆြမ္းထမင္းဆက္ကပ္လႉဒါန္းျခင္း

ေကာင္းမႉကုသိုလ္ေတြအတြက္ ဝမ္းေျမာက္ဝမ္းသာသာဓုေခၚမိပါတယ္။ ေဖေဖ့ကိုေမြးဖြားေပးၾကတဲ့မိဘႏွစ္ပါးကိုလည္း ေက်းဇူးတင္စြာေမတၱာပို႔ဆုေတာင္းေပးရင္း….Happy birthday ပါေဖေဖေရ”ဆိုၿပီး ေရးသားထားပါတယ္။ ကဲ….ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ဆုပန်ထွာကတော့ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပြီး ချစ်စရာသားလေးတစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူတစ်ယောက်လည်းဖြစ်ပါတယ်နော်။ ခင်ပွန်းဖြစ်သူ ဥက္ကာကျော်ဟာလည်း

ဆုပန်ထွာရဲ့အနုပညာအလုပ်တွေကို အားပေးကူညီပေးလေ့ရှိတဲ့သူဖြစ်ပြီး သူကိုယ်တိုင်လည်း အောင်ဆန်းရုပ်ရှင်ကားကြီးမှာ ဂဠုန်ဦးစောအနေနဲ့ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဆုပန်ထွာတို့မိသားစုလေးဟာ အမြဲစည်းစည်းလုံးလုံးနဲ့ ချစ်ချစ်ခင်ခင်နေထိုင်ကြတာဖြစ်ပြီး

ပရိသတ်အားကျချစ်ခင်ရတဲ့ မိသားစုလေးလည်းဖြစ်ပါတယ်နော်။ ဩဂုတ်လ(၅)ရက်နေ့လေးကတော့ ဆုပန်ထွာရဲ့ခင်ပွန်းကိုဥက္ကာကျော်ရဲ့မွေးနေ့လေးဖြစ်ပါတယ်‌။ ကိုဥက္ကာကျော်ရဲ့မွေးနေ့လေးကို ဆုပန်ထွာနဲ့သားလေး Roar Roar Kyawလေးဟာလည်း birthday surpriseလေး

ပြုလုပ်ပေးခဲ့ကြပါသေးတယ်နော်။ဒါ့ပြင်မွေးနေ့ရက်မြတ်လေးမှာ မိသားစုတွေစုံစုံညီညီနဲ့ ဆွမ်းကပ်အလှူတွေပြုလုပ်ခဲ့ကြပါသေးတယ်။ ဒီအကြောင်းအရာလေးကို ဆုပန်ထွာဟာ သူမရဲ့Facebookစာမျက်နှာတွင် “5.8.2020 ဖေဖေ Okkar Kyaw မွေးနေ့။ Happy Birthday

ပါဖေဖေ။ မွေးနေ့မှစပြီး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၊ ဘဝမှာအစစအရာရာပြည့်စုံစွာ အေးချမ်းစွာ အောင်မြင်စွာ ဖြတ်သန်းရပါစေ။ဘာသာ၊သာသနာအကျိုးဆထပ်တိုးပေးကမ်းလှူဒါန်းနိုင်ပါစေ။ ဖေဖေ့မွေးနေ့မှာ သင်္ကန်းပရိက္ခရာအစုံ အပါး ၅၀စာ၊ သံဃာ အပါး ၅၀ ဆွမ်းထမင်းဆက်ကပ်လှူဒါန်းခြင်း

ကောင်းမှူကုသိုလ်တွေအတွက် ဝမ်းမြောက်ဝမ်းသာသာဓုခေါ်မိပါတယ်။ ဖေဖေ့ကိုမွေးဖွားပေးကြတဲ့မိဘနှစ်ပါးကိုလည်း ကျေးဇူးတင်စွာမေတ္တာပို့ဆုတောင်းပေးရင်း….Happy birthday ပါဖေဖေရေ”ဆိုပြီး ရေးသားထားပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Supan Htwar’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *