သားအဖသံုးေယာက္ေပါင္းၿပီး ပထမဆံုးအႀကိမ္ အႏုပညာလွဳပ္ရွားမွဳေလး လုပ္ေတာ့မွာျဖစ္ေၾကာင္း ခ်ျပခဲ့တဲ့ သဇင္ထူးျမင့္

ခင္လိႈင္ကေတာ့ သားသမီးသံုးေယာက္ရိွျပီး သူ့ရဲ့ အနုပညာအေမြေတြကို သားအလတ္ ေနရဲနဲ့ သမီးငယ္ေလး သဇင္ထူးျမင့္ကို လက္ဆင့္ကမ္းထားနိုင္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခင္လိႈင္ရဲ့သားၾကီး ေနရဲကေတာ့ အနုပညာေလာကမွာ ေနရာတစ္ေနရာရရိွထားျပီး ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာလည္း

ပါဝင္သရုပ္ေဆာင္ေနရသလို သဇင္ထူးျမင့္ကေတာ့ တက္သစ္စသရုပ္ေဆာင္ေလးအျဖစ္ ေၾကာ္ျငာေတြ၊ ဇာတ္လမ္းတြဲေတြမွာ သရုပ္ေဆာင္ေနသူေလးပဲ ျဖစ္ပါတယ္။ အနုပညာမ်ိုးဆက္ေတြလို့ တင္စားရေလာက္တဲ့ ခင္လိႈင္၊ ေနရဲနဲ့ သဇင္ထူးျမင့္တို့ သားအဖသံုးေယာက္က ဒီတစ္ခါမွာေတာ့

အနုပညာလႈပ္ရွားမႈတစ္ခုကို အတူတူျပဳလုပ္ျဖစ္မယ့္အေၾကာင္းကို ခ်ျပလာပါတယ္။ ခင္လိႈင္ဒါရိုက္တာအျဖစ္ ရိုက္ကူးမယ့္ တီဗီေၾကာ္ျငာတစ္ခုမွာ ခင္လိႈင္နဲ့ အတူတူ သားေနရဲနဲ့ သမီးငယ္ သဇင္ထူးျမင့္တို့က အတူတူ ပါဝင္သရုပ္ေဆာင္မွာျဖစ္ျပီး ခင္လိႈင္ရဲ့ ေျမးမေလး ေရႊပိုးဝတ္မႈံလိႈင္ကလည္း ပါဝင္သြားမွာပဲ ျဖစ္ပါတယ္။ ခင္လိႈင္ကေတာ့ သူ့ရဲ့ အနုပညာအေမြေတြကို

သားသမီးေတြကိုသာမက ေျမးျမစ္ေတြထိတိုင္ လက္ဆင့္ကမ္းသြားမယ့္ သေဘာမွာရိွပါတယ္။ ပရိသတ္ၾကီးလည္း ခင္လိႈင္တို့ သားအဖေတြရဲ့ ေၾကာ္ျငာေလး ထြက္ရိွလာရင္ အားေပးၾကဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

ခင်လှိုင်ကတော့ သားသမီးသုံးယောက်ရှိပြီး သူ့ရဲ့ အနုပညာအမွေတွေကို သားအလတ် နေရဲနဲ့ သမီးငယ်လေး သဇင်ထူးမြင့်ကို လက်ဆင့်ကမ်းထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခင်လှိုင်ရဲ့သားကြီး နေရဲကတော့ အနုပညာလောကမှာ နေရာတစ်နေရာရရှိထားပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း

ပါဝင်သရုပ်ဆောင်နေရသလို သဇင်ထူးမြင့်ကတော့ တက်သစ်စသရုပ်ဆောင်လေးအဖြစ် ကြော်ငြာတွေ၊ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေသူလေးပဲ ဖြစ်ပါတယ်။ အနုပညာမျိုးဆက်တွေလို့ တင်စားရလောက်တဲ့ ခင်လှိုင်၊ နေရဲနဲ့ သဇင်ထူးမြင့်တို့ သားအဖသုံးယောက်က ဒီတစ်ခါမှာတော့

အနုပညာလှုပ်ရှားမှုတစ်ခုကို အတူတူပြုလုပ်ဖြစ်မယ့်အကြောင်းကို ချပြလာပါတယ်။ ခင်လှိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးမယ့် တီဗီကြော်ငြာတစ်ခုမှာ ခင်လှိုင်နဲ့ အတူတူ သားနေရဲနဲ့ သမီးငယ် သဇင်ထူးမြင့်တို့က အတူတူ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ခင်လှိုင်ရဲ့ မြေးမလေး ရွှေပိုးဝတ်မှုံလှိုင်ကလည်း ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။ ခင်လှိုင်ကတော့ သူ့ရဲ့ အနုပညာအမွေတွေကို

သားသမီးတွေကိုသာမက မြေးမြစ်တွေထိတိုင် လက်ဆင့်ကမ်းသွားမယ့် သဘောမှာရှိပါတယ်။ ပရိသတ်ကြီးလည်း ခင်လှိုင်တို့ သားအဖတွေရဲ့ ကြော်ငြာလေး ထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Thazin Htoo Myint’s Facebook

Add a Comment

Your email address will not be published. Required fields are marked *