ေက်ာက္ကပ္သမားေတြ ေက်ာက္လည္းေၾက ၊ ဆီးလည္း႐ႊင္ေစတဲ့ နာမည္ႀကီး ျမန္မာ့ေဆးပင္
|ေက်ာက္ကပ္တြင္ ေက်ာက္တည္ေနေသာေရာဂါကို ကုသရာတြင္ အဓိကဦးတည္ခ်က္သည္ ေက်ာက္မ်ားေၾက၍ ဆီးႏွင့္အတူ အရွိန္ျပင္းစြာျဖင့္ ခႏၶာကိုယ္အျပင္ဘက္သို႔ ထြက္လာေစရန္ျဖစ္သည္။ ထို႔ေၾကာင့္ ေက်ာက္လည္းေၾက၊ ဆီးလည္း႐ႊင္ေစမည့္အေကာင္းဆုံးေသာ သဘာ ဝေဆးမ်ားကို ေ႐ႊးခ်ယ္စားသုံးရန္
လိုအပ္လွပါသည္။ အဆိုပါ အခ်က္အလက္မ်ားႏွင့္အရည္အခ်င္းတို႔ျပည့္စုံေသာ ေဆးပင္မွာျမန္မာ့ေဆးေလာကတြင္ ထင္ေပၚေက်ာ္ၾကားလူသိမ်ားသည့္ အစြမ္းထက္ေဆးပင္ ပရႏၷဝါပင္ ျဖစ္ပါသည္။ ပရႏၷဝါပင္ကိုလည္း ပုံႏွင့္တကြ ေဖာ္ျပေပးလိုက္ပါတယ္။

အပင္ကို မသိသူမ်ား Google Search မွာလည္း Boerhavia diffusa လို႔႐ိုက္ၿပီး ရွာလိုက္ရင္ ရွင္းလင္းထင္ရွားတဲ့ ပရႏၷဝါပင္ပုံမ်ားကို ျမင္ေတြ႕ရပါလိမ့္မည္။ ေဆးေဖာ္စပ္နည္း..
ပရႏၷဝါပင္၏ ပၪၵငါးပါး(အျမႇစ္မွအပြင့္ထိ တစ္ပင္လုံး) ကို ေရစင္ေအာင္ေဆးပါ။ ယူထားေသာေဆးပင္၏ ၃ ဆ ၁ ခန႔္ ေရသန႔္သန႔္ထည့္၍ မီးေပ်ာ့ေပ်ာ့ျဖင့္ က်ိဳပါ။ သုံးခြက္တစ္ခြက္က်န္သည့္အထိ က်ိဳပါ။

၎ျပဳတ္ေဆးရည္ကို လက္ဖက္ရည္ပန္းကန္လုံးခန႔္ျဖင့္ မနက္၊ေန႔၊ည တစ္ေန႔ ၃ ႀကိမ္ ေသာက္ပါ။ ၇ ရက္တိတိ ေသာက္ပါ။ေက်ာက္မ်ားေၾက၍ ဆီးႏွင့္အတူ ထြက္လာတာကို ျမင္ေတြ႕ရပါမည္။ ကိုးကား – ဆရာႀကီးေက်ာ္တင့္ေဆြ၏ တိုင္းရင္းေဆးနည္းအဘိဓာန္
Read in UNICODE
ကျောက်ကပ်တွင် ကျောက်တည်နေသောရောဂါကို ကုသရာတွင် အဓိကဦးတည်ချက်သည် ကျောက်များကြေ၍ ဆီးနှင့်အတူ အရှိန်ပြင်းစွာဖြင့် ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်လာစေရန်ဖြစ်သည်။ ထို့ကြောင့် ကျောက်လည်းကြေ၊ ဆီးလည်းရွှင်စေမည့်အကောင်းဆုံးသော သဘာ ဝဆေးများကို ရွှေးချယ်စားသုံးရန်
လိုအပ်လှပါသည်။ အဆိုပါ အချက်အလက်များနှင့်အရည်အချင်းတို့ပြည့်စုံသော ဆေးပင်မှာမြန်မာ့ဆေးလောကတွင် ထင်ပေါ်ကျော်ကြားလူသိများသည့် အစွမ်းထက်ဆေးပင် ပရန္နဝါပင် ဖြစ်ပါသည်။ ပရန္နဝါပင်ကိုလည်း ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

အပင်ကို မသိသူများ Google Search မှာလည်း Boerhavia diffusa လို့ရိုက်ပြီး ရှာလိုက်ရင် ရှင်းလင်းထင်ရှားတဲ့ ပရန္နဝါပင်ပုံများကို မြင်တွေ့ရပါလိမ့်မည်။ ဆေးဖော်စပ်နည်း..
ပရန္နဝါပင်၏ ပဉ္ဒငါးပါး(အမြှစ်မှအပွင့်ထိ တစ်ပင်လုံး) ကို ရေစင်အောင်ဆေးပါ။ ယူထားသောဆေးပင်၏ ၃ ဆ ၁ ခန့် ရေသန့်သန့်ထည့်၍ မီးပျော့ပျော့ဖြင့် ကျိုပါ။ သုံးခွက်တစ်ခွက်ကျန်သည့်အထိ ကျိုပါ။

၎င်းပြုတ်ဆေးရည်ကို လက်ဖက်ရည်ပန်းကန်လုံးခန့်ဖြင့် မနက်၊နေ့၊ည တစ်နေ့ ၃ ကြိမ် သောက်ပါ။ ၇ ရက်တိတိ သောက်ပါ။ကျောက်များကြေ၍ ဆီးနှင့်အတူ ထွက်လာတာကို မြင်တွေ့ရပါမည်။ ကိုးကား – ဆရာကြီးကျော်တင့်ဆွေ၏ တိုင်းရင်းဆေးနည်းအဘိဓာန်
Source : ေစာႏြဲ႕ေနဆိုင္ (ပူတာအို)