သူလုပ်ချင်တဲ့ အလှူလေးကို ပရိသတ်တွေကြောင့် စိတ်ချမ်းသာစွာနဲ့ လှူဒါန်းခွင့် ရတော့မယ်ဆိုတဲ့ ပိုပို
Read in UNICODE
ပိုပိုကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာကို ရူးရူးမူးမူး ဝါသနာပါခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုပိုက သူမဘဝရဲ့အချိန်တွေတော်တော်များများကို သူမဝါသနာပါ မြတ်နိုးတဲ့ သီချင်းတွေကိုပဲ ဖန်တီးခဲ့ပြီး ပရိသတ်တွေရဲ့ နှလုံးသားနဲ့ ထပ်တူကျစေခဲ့တာပဲ ဖြစ်ပါတယ်။ ပိုပိုက လက်ရှိအသက် (၃၀) အချိန်ထိလည်း
အိမ်ထောင်ရေးကို မစဉ်းစားသေးပဲ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုပိုက အခုလိုအစစအရာရာ ခက်ခဲနေချိန်မှာ သူမရဲ့ မူရင်းသီချင်းခွေကို ဝယ်ယူအားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောလာပါတယ်။ “ဆုတောင်းပြည့်ပြီ။ The Sun Music Production က ပို့
အခွေတွေရဲ့ ရောင်းရငွေတွေ ပို့ပေးလိုက်ပါတယ်။ အခုလို ခက်ခဲနေတဲ့ အချိန်မှာ အခွေရောင်းရငွေတွေ လွဲပေးလိုက်လို့ အလှူ ကို စိတ်ချမ်ချမ်းသာသာနဲ့ လှူရတော့မယ် 🥰 ။ ပို့ရဲ့ မူရင်း သီချင်းအခွေ တွေ ဝယ်ယူအားပေးတဲ့ ပရိတ်သတ်တွေကို အထူးပဲ ကျေးဇူးတင်လျက်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မျှဝေထားပါတယ်။ ပိုပိုကတော့
မကြာခင်မှာ အလှူလေးတစ်ခုကို ပြုလုပ်ဖို့ ရည်ရွယ်ထားပြီး အခုဆိုရင် ငွေရေးကြေးရေးစိတ်ပူစရာမလိုပဲ စိတ်ချမ်ချမ်းသာသာလှူရတော့မှာမို့ ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Wutt Yi Moe’s Facebook
Add a Comment
Your email address will not be published. Required fields are marked *