ကျောင်းတွေဖွင့်နေပြီဖြစ်သော်လဲ အိမ်ထဲမှာပဲ ထိုင်ရာမထ ပညာသင်ကြားနေရတဲ့ သူမအဖြစ်ကို ပြောပြခဲ့တဲ့ ယွန်းဝတီလွင်မိုး
Read in UNICODE
လွင်မိုးရဲ့ သမီးအကြီးဖြစ်သူ ယွန်းဝတီလွင်မိုးက ဘိုဆန်တဲ့မျက်နှာလေးနဲ့ အရမ်းတည်ငြိမ်အေးဆေးလွန်းတာကြောင့် ပရိသတ်တွေများစွာရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက ငယ်စဉ်ကတည်းက အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ခဲ့သလို
အခုလက်ရှိမှာတော့ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ခင်ပွန်းဖြစ်သူနဲ့အတူတူ ကျောင်းတက်နေရင်း နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ကျောင်းပိတ်ချိန်မှာလည်း အိမ်ပြန်မလာဖြစ်တဲ့ ယွန်းဝတီလွင်မိုးက သူမရဲ့ စာသင်နှစ်အစမှာလည်း အပြောင်းအလဲတွေနဲ့ ကြုံဆုံခဲ့ရပါတယ်။ ယွန်းဝတီလွင်မိုးက COVID- 19 ကပ်ရောဂါအခြေအနေတွေကြောင့်
ကျောင်းသွားတက်ခွင့်မရပဲ နေအိမ်မှာပဲ ထိုင်ရာကမထ Online ကနေ ပညာသင်ယူနေရတာပဲ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးကတော့ သြစတေးလျနိုင်ငံမှာ ကျောင်းသွားတက်နေတာ (၃)နှစ်ကျော်တောင်ရှိပြီဖြစ်ပြီး မကြာခင်အချိန်အတွင်း ကျောင်းပြီးတော့မှာ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက
သူမရဲ့ ပညာရေးဆုံးခန်းတိုင်ချိန်မှာတော့ ဖခင်ဖြစ်သူနဲ့အတူတူ စီးပွားရေးအလုပ်တွေကို လုပ်ကိုင်သွားဖြစ်မယ်လို့ ဆိုထားပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Yun Waddy Lwin Moe’s Facebook
Add a Comment
Your email address will not be published. Required fields are marked *