ပရိသတ်တွေနဲ့အတူ စုပေါင်းလှူဒါန်းကြမယ့် အလှူလေးအတွက် တက်တက်ကြွကြွ ကူညီ လုပ်အားပေးနေတဲ့ ဖွေးဖွေး
Read in UNICODE
ဖွေးဖွေးက ချစ်စရာကောင်းပြီး လှပလွန်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားသူလေး ဖြစ်ပါတယ်။ ဖွေးဖွေးက လူလေးလှရုံသာမက သရုပ်ဆောင်တဲ့နေရာမှာလည်း ထူးချွန်လွန်းတာကြောင့် အနုပညာသက်တမ်း ဆယ်နှစ်ကျော်အတွင်းမှာ
အကယ်ဒမီဆု သုံးဆုတိတိ ဆွတ်ခူးရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ အလှူအတန်းတွေကိုလည်း မကြာခဏလုပ်လေ့ရှိတဲ့ ဖွေးဖွေးက ဒီတစ်ခေါက်မှာလည်း အလှူလေးတစ်ခုကို Fan တွေနဲ့အတူတူ ပြုလုပ်ဖို့ စီစဉ်နေတာကို တွေ့ရပါတယ်။ ဖွေးဖွေးက
သူမရဲ့ အလှူလေးမှာ လုပ်အားဒါနလည်း ပါဝင်စေဖို့အတွက် သူမကိုယ်တိုင် အထုပ်လေးတွေထုပ်ပေးရင်း ကုသိုလ်ယူနေတာကို တွေ့ရပါတယ်။ ဖွေးဖွေးကတော့ သူမရဲ့ အလှူလေးအတွက် တက်ကြွစွာ ပါဝင်ကူညီနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း
ဖွေးဖွေးရဲ့ ကုသိုလ်လေးကိုကြည့်ပြီး ပီတိတွေ ကူးစက်သွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Phway Phway’s Facebook
Add a Comment
Your email address will not be published. Required fields are marked *