လီလီပန်းကွန်တိန်နာတစ်ခုစာအတွက် သိန်း(၁၃၀)ကျော် အခွန်ပေးဆောင်ခဲ့ပြီး နိုင်ငံကြီးသားပီသကြောင်း သက်သေပြခဲ့တဲ့ လွင်မိုး





Read in UNICODE

လွင်မိုးကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့ပြီး အော်င်မြင်မှုတွေအကြီးအကျယ်ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လွင်မိုးက အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာအလုပ်တွေထက် စီးပွားရေးအလုပ်တွေကို ဦးစားပြီးလုပ်ကိုင်နေလျက်ရှိပါတယ်။ စီးပွားရေးအလုပ်တွေများစွာကို

ဦးစီးလုပ်ကိုင်နေပြီး ဇနီးဖြစ်သူရဲ့ စိတ်တိုင်းကျ လီလီပန်းခင်းစိုက်ပျိုးရေးကိုလည်း ပြုလုပ်နေတဲ့ လွင်မိုးက ဒီကနေ့မှာတော့ အခွန် (၁၃၃) သိန်းကျော်ဖိုး ထမ်းဆောင်ခဲ့ကြောင်း ပြောထားပါတယ်။ လွင်မိုးက “နိုင်ငံတော်အတွက် လီလီပန်း ဥ ပေ ၄၀ကွန်တိန်နာ အခွန် ၁၃၃ သိန်းကျော်ပေးဆောင်ပြီးပါပြီ။ ၄၅ ရက်ကြာ holland နိင်ငံမှ -1.5° C နဲ့အေးခဲထားတဲ့ပန်းဥတွေကို

စိုက်ပျိုးရေးကဆိပ်ကမ်းမှာဖောက်ဖွင့်ပြီးနမူနာယူပါတယ်။ဟုတ်ကဲ့ အဲဒီမှာပဲ ပေးထားတဲ့အာမခံသက်တမ်းလည်းတခါတည်းကုန်ဆုံးပါတော့တယ်။ ဟဲဟိုးအအေးခန်းအတွင်းသို့၂၄ နာရီအတွင်းပို့ဆောင်သိုလှောင်ပြီးပါကြောင်း….” ဆိုပြီး ကိုဗစ်ကာလအတွင်းမှာ ပျက်စီးသွားတဲ့ သူ့ရဲ့စိုက်ခင်းကြီးအတွက်

ပြန်လည်ကြိုးပမ်းနေကြောင်း ပြောထားပါတယ်။ လွင်မိုးကတော့ သူ့ရဲ့ ဟဲဟိုးမြို့မှာရှိတဲ့ လီလီပန်းခင်းကြီးမှတဆင့် တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချနေတာပဲ ဖြစ်ပါတယ်။ လွင်မိုးတစ်ယောက် ဒီတစ်ခေါက်မှာတော့ ပန်းစိုက်ခင်းကြီး အစစအရာရာ အဆင်ပြေပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Lwin Moe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *