ဝါဆိုလျပည့္ေန႔မွာ ႀကိတ္ႀကိတ္တိုး စည္ကားၿပီး မြန္ျမတ္တဲ့ အလွဴေလးတစ္ခု က်င္းပခဲ့ၾကတဲ့ ခင္လွိုင္တို႔ မိသားစု

ဘုရားေဟာ ဓမၼာစၾကၤာအခါေတာ္ေန႔ျဖစ္တဲ့ ဝါဆိုလျပည့္ေန႔ေလးမွာ သ႐ုပ္ေဆာင္ မင္းသားႀကီး ဦးခင္လႈိင္တို႔ မိသားစုကေတာ့ မြန္ျမတ္တဲ့ အလႉဒါနတစ္ခုကို ျပဳလုပ္ခဲ့ျပန္ပါၿပီေနာ္။ ကပ္ေရာဂါေၾကာင့္ ရပ္နားထားတဲ့ အႏုပညာလႈပ္ရွားမႈေတြကို ျပန္လည္လုပ္ကိုင္ေနၿပီျဖစ္တဲ့

ခင္လႈိင္က မိသားစုကိုလည္း အခ်ိန္ေပးကာ ေပ်ာ္႐ႊင္ေနသူပါ။ ယေန႔မွာေတာ့ ခင္လႈိင္က ခ်စ္ရတဲ့ ဇနီးေခ်ာေလးနဲ႔အတူ သြားေရာက္ၿပီး စုေပါင္းအလႉေလးကို ျပဳလုပ္ျဖစ္တဲ့ အေၾကာင္း သူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ တင္ေပးလာတာပါေနာ္။ ခင္လႈိင္က အလႉျပဳေနတဲ့

ၾကည္ႏူးစရာပုံေလးေတြကို တင္ေပးလာခဲ့ၿပီး ” ခ်စ္မိတ္ေဆြအေပါင္းတို႔ခင္ဗ်ာ ကြၽန္ေတာ္တို႔မိသားစုႏွင့္ခ်စ္မိတ္ေဆြ ၇ ရက္သားသမီး ပရိသတ္မ်ားစုေပါင္းလႉဒါန္းထားခဲ့ေသာအလႉေတာ္မ်ားကိုမေန႔က ဝါဆိုလျပည့္ေန႔ထူးေန႔ျမတ္ႀကီးမွာေရစက္သြန္းခ်ၿပီးေအာင္ျမင္စြာ

လႉဒါန္းခဲ့ပါၿပီခင္ဗ်ာ ဦးသိန္းထြန္းေအာင္+ေဒၚမိုးမိုး ေ႐ႊပင္ဆင့္ ေဆာက္လုပ္ေရးမိသားစုတည္ထားကိုးကြယ္ေတာ္မူေသာ မိဘေက်းဇူးဆပ္ေ႐ႊကံဆင့္ ေစတီေတာ္မွာရင္ျပင္ေတာ္အျပည့္ေနပူခံေက်ာက္ျပားကို ၇ ရက္သားသမီးပရိသတ္မ်ားကိုရည္စူးၿပီးကြၽန္ေတာ္တို႔

မိသားစုမွလႉဒါန္းခဲ့ပါတယ္ခင္ဗ်ာ ။ျပင္ဦးလြင္ၿမိဳ႕ အင္းထိပ္ဦး ေက်း႐ြာမွာ ၇ ရက္သားသမီးမ်ားလႉဒါန္းတည္ထားကိုးကြယ္ေတာ္မူေသာ ဝတ္ေႂကြးေတာ္ေျပ ကံေကာ္တစ္ေထာင္ဘုရားမွာ ဓမၼမိတ္ေဆြအေပါင္းေအးခ်မ္းစြာဖူးေမွ်ာ္ႏိုင္ေစရန္အတြက္ ေနပူခံေက်ာက္ျပားမ်ားကို

လမ္းခင္းၿပီးလႉဒါန္းခဲ့ပါတယ္ခင္ဗ်ာ ကြၽန္ေတာ္တို႔မိသားစုျပဳေသာေကာင္းမႉမ်ားကို ၇ရက္သားသမီးခ်စ္မိတ္ေဆြအေပါင္းတို႔အားအမွ်ေပးေဝပါတယ္ ေကာင္းမႈ႕ကုသိုလ္အားအညီအမွ်ရၾကပါေစခင္ဗ်ာ ” ဆိုၿပီး ေရးသားထားတာျဖစ္လို႔ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ဘုရားဟော ဓမ္မာစင်္ကြာအခါတော်နေ့ဖြစ်တဲ့ ဝါဆိုလပြည့်နေ့လေးမှာ သရုပ်ဆောင် မင်းသားကြီး ဦးခင်လှိုင်တို့ မိသားစုကတော့ မွန်မြတ်တဲ့ အလှူဒါနတစ်ခုကို ပြုလုပ်ခဲ့ပြန်ပါပြီနော်။ ကပ်ရောဂါကြောင့် ရပ်နားထားတဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့

ခင်လှိုင်က မိသားစုကိုလည်း အချိန်ပေးကာ ပျော်ရွှင်နေသူပါ။ ယနေ့မှာတော့ ခင်လှိုင်က ချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ သွားရောက်ပြီး စုပေါင်းအလှူလေးကို ပြုလုပ်ဖြစ်တဲ့ အကြောင်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာတာပါနော်။ ခင်လှိုင်က အလှူပြုနေတဲ့

ကြည်နူးစရာပုံလေးတွေကို တင်ပေးလာခဲ့ပြီး ” ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ ကျွန်တော်တို့မိသားစုနှင့်ချစ်မိတ်ဆွေ ၇ ရက်သားသမီး ပရိသတ်များစုပေါင်းလှူဒါန်းထားခဲ့သောအလှူတော်များကိုမနေ့က ဝါဆိုလပြည့်နေ့ထူးနေ့မြတ်ကြီးမှာရေစက်သွန်းချပြီးအောင်မြင်စွာ

လှူဒါန်းခဲ့ပါပြီခင်ဗျာ ဦးသိန်းထွန်းအောင်+ဒေါ်မိုးမိုး ရွှေပင်ဆင့် ဆောက်လုပ်ရေးမိသားစုတည်ထားကိုးကွယ်တော်မူသော မိဘကျေးဇူးဆပ်ရွှေကံဆင့် စေတီတော်မှာရင်ပြင်တော်အပြည့်နေပူခံကျောက်ပြားကို ၇ ရက်သားသမီးပရိသတ်များကိုရည်စူးပြီးကျွန်တော်တို့

မိသားစုမှလှူဒါန်းခဲ့ပါတယ်ခင်ဗျာ ။ပြင်ဦးလွင်မြို့ အင်းထိပ်ဦး ကျေးရွာမှာ ၇ ရက်သားသမီးများလှူဒါန်းတည်ထားကိုးကွယ်တော်မူသော ဝတ်ကြွေးတော်ပြေ ကံကော်တစ်ထောင်ဘုရားမှာ ဓမ္မမိတ်ဆွေအပေါင်းအေးချမ်းစွာဖူးမျှော်နိုင်စေရန်အတွက် နေပူခံကျောက်ပြားများကို

လမ်းခင်းပြီးလှူဒါန်းခဲ့ပါတယ်ခင်ဗျာ ကျွန်တော်တို့မိသားစုပြုသောကောင်းမှူများကို ၇ရက်သားသမီးချစ်မိတ်ဆွေအပေါင်းတို့အားအမျှပေးဝေပါတယ် ကောင်းမှု့ကုသိုလ်အားအညီအမျှရကြပါစေခင်ဗျာ ” ဆိုပြီး ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Source : Khin Hlaing’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *