သဘာဝရွဳခင္းေတြကို ေနာက္ခံထားၿပီး ေပါက္တူးေလးကိုင္ကာ ႏႈတ္ခမ္းနီမေလးေတြ ေႂကြသြားေအာင္ ဓာတ္ဖမ္းခဲ့တဲ့ ေက်ာ္ထက္ေဇာ္

ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ေက်ာ္ထက္ေဇာ္ ကေတာ့ အခ်ိန္အတိုတြင္း သိမ္းပိုက္ယူႏိုင္ခဲ့ၿပီး ေနရာတစ္ခုကို ရပ္တည္ထားႏိုင္ခဲ့ပါၿပီေနာ္။ ေက်ာ္ထက္ေဇာ္ ဟာ လတ္ရွိမွာ ဇာတ္လမ္းတြဲေတြအျပင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ ေၾကာ္ျငာေတြကိုလည္း လက္ခံ႐ိုက္ကူးေနရတာ

ေတြ႕ရပါတယ္။ ဒါ့အျပင္ အႏုပညာေလာကမွာ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ေအာင္လည္း ႀကိဳးစားေနသူတစ္ေယာက္ပဲျဖစ္ပါတယ္ေက်ာ္ထက္ေဇာ္ ဟာ တည္ၾကည္ခန႔္ညားၿပီး တစ္မ်ိဳးေလး ဆြဲေဆာင္မႈရွိတာေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းဆြဲခ်စ္ေနရတဲ့

သူလည္းျဖစ္ပါတယ္။ လတ္တေလာမွာဆိုရင္ ေက်ာ္ထက္ေဇာ္ က ခရီးေတြဆက္တိုက္ထြက္ေနရၿပီး သူေရာက္ရွိခဲ့တဲ့ ေနရာတိုင္းမွာလည္း ပရိသတ္ေတြအတြက္ ေဖာ္ျပေပးတာ ေတြ႕ရပါတယ္။ ယခုမွာဆိုရင္ေတာ့ ရွမ္းျပည္နယ္ ေနာင္ခ်ိဴၿမိဳ႕ေလးကို ေရာက္ရွိေနတာျဖစ္ၿပီး

ႏႈတ္ခမ္းနီမေလးေတြ အသည္းယားေစမယ့္ ပုံရိပ္ေလးေတြကို သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာတင္ေပးလာခဲ့ပါတယ္။ဒီပုံေလးေတြထဲမွာေတာ့ ေက်ာ္ထက္ေဇာ္က ရွမ္း႐ိုးရာဝတ္စုံေလးကိုဝတ္ၿပီး ေပါက္တူးေလးကိုကိုင္ကာ အထာက်က် ပို႔စ္ေပးေနတာ ျဖစ္ပါတယ္။ ဒီပုံေလးေတြနဲ႔လည္း

ေက်ာ္ထက္ေဇာ္က ” ေနႏိုင္ပါ့မလား သဘာဝကို ပိုခ်စ္တက္ေအာင္ သင္ေပးမယ့္က်ေနာ္နဲ႔ ” ဆိုၿပီး ေရးသားေဖာ္ျပေပးထားပါေသးတယ္။ ကဲ…ခ်စ္ပရိသတ္ႀကီးေရ ရွမ္းျပည္နယ္ ေျမာက္ပိုင္းရဲ႕ သဘာဝအလွတရားေတြကို ေနာက္ခံထားၿပီး ဓာတ္ဖမ္းထားတဲ့ ေက်ာ္ထက္ေဇာ္ရဲ႕ ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Read in UNICODE

ပရိသတ်တွေရဲ့ အချစ်တွေကို ကျော်ထက်ဇော် ကတော့ အချိန်အတိုတွင်း သိမ်းပိုက်ယူနိုင်ခဲ့ပြီး နေရာတစ်ခုကို ရပ်တည်ထားနိုင်ခဲ့ပါပြီနော်။ ကျော်ထက်ဇော် ဟာ လတ်ရှိမှာ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေရတာ

တွေ့ရပါတယ်။ ဒါ့အပြင် အနုပညာလောကမှာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေသူတစ်ယောက်ပဲဖြစ်ပါတယ်ကျော်ထက်ဇော် ဟာ တည်ကြည်ခန့်ညားပြီး တစ်မျိုးလေး ဆွဲဆောင်မှုရှိတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းဆွဲချစ်နေရတဲ့

သူလည်းဖြစ်ပါတယ်။ လတ်တလောမှာဆိုရင် ကျော်ထက်ဇော် က ခရီးတွေဆက်တိုက်ထွက်နေရပြီး သူရောက်ရှိခဲ့တဲ့ နေရာတိုင်းမှာလည်း ပရိသတ်တွေအတွက် ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ ရှမ်းပြည်နယ် နောင်ချိူမြို့လေးကို ရောက်ရှိနေတာဖြစ်ပြီး

နှုတ်ခမ်းနီမလေးတွေ အသည်းယားစေမယ့် ပုံရိပ်လေးတွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာခဲ့ပါတယ်။ဒီပုံလေးတွေထဲမှာတော့ ကျော်ထက်ဇော်က ရှမ်းရိုးရာဝတ်စုံလေးကိုဝတ်ပြီး ပေါက်တူးလေးကိုကိုင်ကာ အထာကျကျ ပို့စ်ပေးနေတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း

ကျော်ထက်ဇော်က ” နေနိုင်ပါ့မလား သဘာဝကို ပိုချစ်တက်အောင် သင်ပေးမယ့်ကျနော်နဲ့ ” ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ သဘာဝအလှတရားတွေကို နောက်ခံထားပြီး ဓာတ်ဖမ်းထားတဲ့ ကျော်ထက်ဇော်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source : Kyaw Htet Zaw’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *