အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ဘုန်းဆက်သွင်နဲ့ စိုပြေမြင့်တို့နဲ့ တွဲသွားတွဲလာလုပ်တာကို အပြစ်တင်ဝေဖန်နေကြသူတွေကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ ခေးဆက်သွင်
Read in UNICODE
ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ အားပေးမှုကိုခေးဆက်သွင်ဟာဆိုရင် ရရှိထားတဲ့ မင်းသမီးတစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့ ဇာတ်လမ်းတွဲဟာဆိုရင် “နှင်းဆီ ၊ အရိပ် အစရှိတဲ့ ဇာတ်လမ်းတွဲတွေရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးနိုင်မှုတွေကြောင့်
အနုပညာလောကမှာ နေရာတစ်နေရာစာအဖြစ်အောင်မြင်မှုရရှိထားတဲ့သူတစ်ဦးပါပဲနော်။ ခေးဆက်သွင်ကတော့ လတ်တလောမှာ ရိုက်ကူးရေးတွေရပ်နားထားချိန်မှာ အချစ်ရဆုံးသူငယ်ချင်း စိုပြေမြင့်နဲ့ ဘုန်းဆက်သွင်တို့တွေနဲ့အတူ ခရီးတွေသွားရင်း ပျော်ရွှင်စွာဖြတ်သန်းလျက်ရှိပါတယ်။ အားပေးနေတဲ့ပရိသတ်တွေအတွက်လည်း
သူငယ်ချင်းသုံးယောက်ရဲ့ ပျော်ရွှင်နေတဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း ခေးဆက်သွင်က” အဖြူရောင်ကို မြင်အောင်ကြည့်ရင် တကယ်ရှိပါတယ်….သူတို့မှားနေရင် လမ်းပြဖို့ ကိုရှိသလို ကိုဆိုးနေရင်
သူတို့ကထိန်းသိမ်းပြီးသားပါ..ပိတောက်ပန်းလေး လမ်းမှာတွေ့လို့ လှလိုက်တာလို့ မပြောမိစေနဲ့ ကားရပ်ပြီး မရရအောင် ခူးပေးတဲ့သူမျိုးတွေ နတ်ပြည်ကနေ ငရဲထိ ကိုသွားချင်ရာသွား သူတို့ပါပြီးသား.ပေးစားချင်တဲ့သူတွေ ကြိုက်သလိုပေးစား အမှန်တရားက အမြဲမခါးပါဘူး.သူငယ်ချင်းထက်
မိသားစုဆိုပိုမှန်မယ် Single Mom နဲ့ သူ့သားနှစ်ယောက်ပါ(ဈေးဗန်း)”လို့ဆိုပြီး သူငယ်ချင်းဖြစ်သူ စိုပြေမြင့်နဲ့ဘုန်းဆက်သွင်တို့ကို သူငယ်ချင်းထက် မိသားစုလိုမျိုးခင်မင်နေကြတာမို့ ပေးစားနေကြတဲ့သူတွေသိအောင် ရှင်းပြပေးလိုက်တာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက်
သူမတို့ သူငယ်ချင်းသုံးယောက်ဟာဆိုရင် တစ်ယောက်ဆိုးတာနဲ့ တစ်ယောက်က ဆုံးမပေးလေ့ရှိတာကြောင့် သူငယ်ချင်းထက်မိသားစုလိုမျိုးခင်မင်ရင်းနှီးကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Khay Sett Thwin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *