ဘဘ ဘိုကလေးတင့်အောင်ဆီ သွားရောက်ကန်တော့ ဂါရဝပြုခဲ့ကြတဲ့ မင်းသန့်မောင်မောင်နဲ့ မေသန်းနုတို့ သားအမိ





Read in UNICODE

မေသန်းနုကတော့ မကြာသေးခင်ကမှ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး ငြိမ်းချမ်းစွာ ကုသိုလ်ယူခဲ့တာဖြစ်ပါတယ်။မေသန်းနုက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်နဲ့ ပြန်လည်လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ မေသန်းနုကို အရင်လိုပဲ

ချစ်ကြပြီး အားပေးစကားလေးတွေနဲ့ ကြိုဆိုနေကြတာဖြစ်ပါတယ်။မေသန်းနုရဲ့တစ်ဦးတည်းသောသားလေး မင်းသန့်မောင်မောင်ကလည်း မိဘအပေါ်သိတတ်လိမ္မာတဲ့ သားလေးဖြစ်ပါတယ်နော်။ဖေဖေနဲ့မေမေကိုလည်း အမြဲစိတ်ချမ်းသာအောင်ထားပေးပြီး ဖေဖေ့ရဲ့အလုပ်တွေကိုလည်း

ကူညီလုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။မင်းသန့်မောင်မောင်က အနုပညာပိုင်းမှာပါရမီပါပြီး ကြိုးစားတာကြောင့် နောင်တစ်ချိန်မှာ အရမ်းအောင်မြင်ဦးမယ့်သူဖြစ်ပါတယ်နော်။ အခုဆိုရင်တော့ မင်းသန့်မောင်မောင်နဲ့မေသန်းနုတို့က ဘဘဘိုးကလေးတင့်အောင်ဆီသွားရောက်ခဲ့ကြတာဖြစ်ပါတယ်။မင်းသန့်ကတော့” မြန်မာ့ရုပ်ရှင်လောကရဲ့တစ်သက်တာဂုဏ်ထူး

ဆောင်ပညာရှင်ကြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏နာယကကြီး ဘဘဘိုကလေးတင့်အောင်အား သွားရောက်တွေ့ဆုံဂါဝရပြုကန်တော့ရခြင်းအတွက် အလွန်အမင်းဝမ်း‌မြောက်ဝမ်းသာဖြစ်ရပါသည်၊ မေ သန်း နု. သား မင်း သန့် မောင် မောင်”ဆိုပြီး ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Source : Min Thant Mg Mg’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *