ယေန႔က်ေရာက္တဲ့ ေမြးေန႔ေလးကို ျပင္ဦးလြင္မွာ အလႉအတန္းေတြလုပ္ရင္း ျဖတ္သန္းခဲ့တဲ့ စြမ္းဇာနည္

စြမ္းဇာနည္ကေတာ့ ဇာတ္သဘင္ေလာကမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့ျပီး ဗီဒီယိုဇာတ္ကားေတြမွာလည္း သရုပ္ေဆာင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ အားေပးသူပရိသတ္အခုိင္အမာရရိွျပီးသား စြမ္းဇာနည္ကေတာ့ ျပီးခဲ့တဲ့နွစ္ေတြက အလုပ္ကိစၥျပႆနာအခ်ိဳ့နဲ့

က်န္းမာေရးအေျခအေနေၾကာင့္ အလုပ္ေတြလုပ္ကိုင္တာ နည္းပါးသြားေပမယ့္ စြမ္းဇာနည္ကေတာ့ ပရိသတ္ေတြကို အရင္လိုပဲ ျပန္လည္ေဖ်ာ္ေျဖမႈေတြလုပ္ဖို့ သူ့ကိုယ္သူ ၾကိဳးစားေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။ ဒီကေန့ ၾသဂုတ္လ (၃) ရက္ေန့ကေတာ့ စြမ္းဇာနည္ရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ စြမ္းဇာနည္က သူ့ရဲ့ ေမြးေန့ေလးမွာ ျပင္ဦးလြင္ျမိဳ့က

ဘုန္းၾကီးေက်ာင္းတစ္ေက်ာင္းမွာ ကုသိုလ္ေတြယူရင္း ျဖတ္သန္းေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။ စြမ္းဇာနည္ကေတာ့ သူ့ရဲ့ ေမြးေန့ေလးမွာ အေပ်ာ္အပါးေတြထက္ ကုသိုလ္ေရးနဲ့ ဘာသာေရးကို ပိုမိုအာရံုစိုက္ျပီး လုပ္ကိုင္ေနလ်က္ရိွတာကို ေတြ့ရပါတယ္။ စြမ္းဇာနည္ကေတာ့ မၾကာခင္မွာ တင္ဆက္မႈအသစ္ေတြနဲ့ စြမ္းသဘင္ၾကီးကို

ေဖ်ာ္ေျဖဖို့ ရိွေနတာကို ပရိသတ္ၾကီးကလည္း မေမ့မေလ်ာ့နဲ့ အားေပးၾကဖို့ မေမ့ပါနဲ့ေနာ္။ ဒါ့အျပင္ စြမ္းဇာနည္ရဲ့ ဒီကေန့က်ေရာက္တဲ့ ေမြးေန့အတြက္ ေမြးေန့ဆုေတာင္းစကားေလးေတြ ေျပာေပးခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုး သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။

Read in UNICODE

စွမ်းဇာနည်ကတော့ ဇာတ်သဘင်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အားပေးသူပရိသတ်အခိုင်အမာရရှိပြီးသား စွမ်းဇာနည်ကတော့ ပြီးခဲ့တဲ့နှစ်တွေက အလုပ်ကိစ္စပြဿနာအချို့နဲ့

ကျန်းမာရေးအခြေအနေကြောင့် အလုပ်တွေလုပ်ကိုင်တာ နည်းပါးသွားပေမယ့် စွမ်းဇာနည်ကတော့ ပရိသတ်တွေကို အရင်လိုပဲ ပြန်လည်ဖျော်ဖြေမှုတွေလုပ်ဖို့ သူ့ကိုယ်သူ ကြိုးစားနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ (၃) ရက်နေ့ကတော့ စွမ်းဇာနည်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ စွမ်းဇာနည်က သူ့ရဲ့ မွေးနေ့လေးမှာ ပြင်ဦးလွင်မြို့က

ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကုသိုလ်တွေယူရင်း ဖြတ်သန်းနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ စွမ်းဇာနည်ကတော့ သူ့ရဲ့ မွေးနေ့လေးမှာ အပျော်အပါးတွေထက် ကုသိုလ်ရေးနဲ့ ဘာသာရေးကို ပိုမိုအာရုံစိုက်ပြီး လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။ စွမ်းဇာနည်ကတော့ မကြာခင်မှာ တင်ဆက်မှုအသစ်တွေနဲ့ စွမ်းသဘင်ကြီးကို

ဖျော်ဖြေဖို့ ရှိနေတာကို ပရိသတ်ကြီးကလည်း မမေ့မလျော့နဲ့ အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဒါ့အပြင် စွမ်းဇာနည်ရဲ့ ဒီကနေ့ကျရောက်တဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Zwe Layaung Zwe Layaung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *