မိသားစုနဲ့အတူ ဝါဆိုသင်္ကန်းကပ်အလှူလေး ပြုလုပ်ပြီး ကုသိုလ်ယူခဲ့တဲ့ နေထူးနိုင်
Read in UNICODE
နေထူးနိုင်လို့ ဆိုလိုက်တာနဲ့ တောရောမြို့ပါ အကြိုက်တွေ့စေတဲ့ ဇာတ်ကားကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသားတစ်လက်ကို အားလုံးပဲ မြင်ယောင်မိမှာပါနော်..။ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုလေးတွေကြောင့်လည်း
ဗီဒီယို ဇာတ်ကားပေါင်းများစွနဲ့ အောင်မြင်ကျော်ကြားတဲ့ အက်ရှင်မင်းသားတစ်ဦးအဖြစ် ရပ်တည်လျှောက်လှမ်းနေတဲ့ နေထူးနိုင်ကတော့ အလှူအတန်းတွေကိုလည်း ပြုလုပ်လေ့ရှိသလို ပျော်စရာမိသားစုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတာလည်း ပရိသတ်တွေ
မြင်တွေ့ရမှာပါနော်..။ အခုတစ်ခါမှာလည်း ဝါဆိုသင်္ကန်းကပ်အလှူလေးကို မိသားစုလိုက် ပြုလုပ်ကုသိုလ်ယူခဲ့တဲ့ ပီတိဖြစ်စရာ ပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကို နှစ်သက်ကြည်နူးစေပြန်ပါတယ်နော်..။ ဆွမ်းဟင်းဖွယ်ဖွယ်ရာရာနဲ့ သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူခဲ့ပြီး
နဝကမ္မအလှူငွေတွေအပြင် ဝါဆိုသင်္ကန်းတွေ ကပ်လှူခဲ့ကြတဲ့ နေထူးနိုင်တို့ မိသားစုပုံရိပ်လေးတွေကတော့ တကယ်ကို ကြည်နူးစရာလေးပါပဲနော်..။ “ဝါဆိုသင်္ကန်းကပ် နေ့ဆွမ်းအလှူ..” ဆိုပြီး မိသားစုလိုက် ဝါဆိုသင်္ကန်းကပ် အလှူလေးပြုလုပ်ပြီး အေးချမ်းစွာကုသိုလ်ယူခဲ့ကြတဲ့
မိသားစုပုံရိပ်လေးတွေကို နေထူးနိုင်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မျှဝေထားတာပါ..။ ချစ်ရတဲ့ ပရိသတ်တွေကလည်း နေထူးနိုင်တို့ မိသားစုလေးရဲ့ အလှူပုံရိပ်လေးတွေကြည့်ရင်း ပီတိလေးတွေနဲ့အတူ ကြည်နူးမှုလေးတွေလည်း ကူးစက်ကာ သာဓုခေါ်ဆုတောင်း စကားလေးတွေလည်း ဆိုထားကြပါတယ်နော်..။
Source : Nay Htoo Naing’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *