အလုပ်တွေကြိုးစားလုပ်ရင်း ကိုယ်ပိုင်တိုက်ခန်းနဲ့ ကားလေးတစ်စီးပိုင်ဆိုင်ဖို့ အိပ်မက်လေး နီးကပ်လာပါပြီဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ်





Read in UNICODE

နှိုင်းယှဉ်မြင့်မိုရ်ကတော့ ကျရာဇာတ်ရုပ်အပေါ် အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီး ဇာတ်ရုပ်မျိုးစုံကို ခံစားသရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်က လက်ရှိမှာ ကားရိုက်တွေအားလုံး ရပ်နားထားတာကြောင့် မိသားစုဝင်ငွေရရှိနိုင်ဖို့အတွက် အွန်လိုင်းကနေဈေးရောင်းခြင်းတို့ကိုပြုကာ

သမာအာဇီဝကျကျ ရှာဖွေနေတာပဲ ဖြစ်ပါတယ်။ အလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ်က တဖြည်းဖြည်းနဲ့ သူမရဲ့အိပ်မက်လေးတစ်ခုနဲ့ အလှမ်းနီးလာပြီဖြစ်ကြောင်း ရင်ဖွင့်ပြောဆိုလာပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်က “တိုက်ခန်းလေးတစ်ခန်း၊ ကားလေးတစ်စီးပိုင်ဆိုင်ဖို့ နီးကပ်လို့လာပါပြီ 🙏🙏🙏 ကိုဗစ်မတိုင်ခင်

ကားလေးရောင်းပြီးအကြွေးတွေဆပ်လိုက်ရတယ်။ ကားလေးပြန်ဝယ်မယ်ဆိုပြီး မဝယ်နိုင်ခဲ့လို့ ရင်ထဲတော်တော်ခံစားခဲ့ရတယ်။ (6) လတစ်ကြိမ် အိမ်လခချူပ်ရတာကိုမုန်းတယ်။ သူများပေးစီးတဲ့ကားကိုစီးနေရတဲ့ဘဝကို မုန်းတယ်။ ခု ဘုရားကပေးသောဆု 🙏🙏🙏 ” ဆိုပြီး သူမကိုယ်သူမ အားပေးစကားလေး ပြောထားတာပဲ ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့

သူမရဲ့ အိပ်မက်လေးတစ်ခုကို အကောင်အထည်ဖော်နိုင်ဖို့ အလုပ်တွေ ကြိုးစားလုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နှိုင်းယှဉ်မြင့်မိုရ်တစ်ယောက် အိုးပိုင်အိမ်ပိုင်ရရှိဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Nhying Shin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *