သူမရဲ့နာမည်ကို လက်မှာ တက်တူးထိုးပြီး အားပေးခဲ့တဲ့ ပရိသတ်ကြောင့် ပျော်ရွှင်ခဲ့ပြီး အသားလဲနာမှာပဲဆိုပြီး စိတ်ပူနေတဲ့ ဝတ်မှုံရွှေရည်





Read in UNICODE

အောင်မြင်တဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ ရွှေကစ်ကတော့ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ သူမကတော့ အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်သူလေးပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ သူမရဲ့နာမည်လေးကို

တတ်တူးထိုးပြီး ချစ်ပေးတဲ့ ပရိသတ်ကြောင့် ပျော်ရွှင်ရသလို တတ်တူးထိုးချိန်မှာ အသားအရမ်းနာမှာပဲဆိုပြီး စိတ်ပူပေးနေခဲ့ပါတယ်။ သူမကတော့ “ပရိတ်သတ်ကပေးတဲ့ကစ်အတွက် မွေးနေ့လက်ဆောင်လို့မှတ်ယူပါတယ်။အခုလိုချစ်ပေးတဲ့ အတွက် အရမ်းပျော်ရပါတယ်။ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်း က ကစ်နာမည် နဲ့ tattoo ထိုးတာ တွေ ကစ် မြင်ခဲ့ရတယ် တချို့တွေဆို ဓားတွေနဲ့

မွှန်းတာတွေရော အစုံပဲ ဘာလို့ အဲ့လိုတောင်လုပ်ကြရတာလဲလို့ ဂရုဏာဒေါသောနဲ့မေးမိတယ် ဆိုတော့ ချစ်လို့တဲ့ကစ်ကို ချစ်လို့ တန်ဖိုးထားတယ်ဆိုတာ အသိအမှတ်ပြုပါတယ် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ ” ပြောမပြတတ်အောင်အရမ်းလဲဝမ်းသာဝမ်းနည်းဖြစ်ရပါတယ် ဝမ်းနည်း ရတယ် ဆိုတာကိုယ်က

အသားနာမှာကြောက်တတ်တဲ့သူဆိုတော့ သူတို့လေးတွေ ဘယ်လောက်တောင်နာနေမလဲလို့ တွေးရင်းခံစားရတယ်ကစ်ကိုချစ်တယ်ဆိုရင်လေ ကစ် အတွက် အသားနာပီးချစ်ပေးဖို့မလိုပါဘူး နာကျင်ရမှာစိုးလို့ပါ။ရင်ထဲမှာ ထာဝရရှိပေးနေရင်ကျေနပ်နေပါပီလို့ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source : Wutt Hmone Shwe Yi’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *