မိဘႏွစ္ပါးကို အိမ္အသစ္တစ္လံုးနဲ႔ ကားအသစ္တစ္စီး ဝယ္ေပးၿပီး စပ႐ိုက္လုပ္ခဲ့တဲ့ ပိုင္တံခြန္

အႏုပညာေလာကထဲကို ေမာ္ဒယ္ေလာကကေန ေရာက္ရွိလာသူ မင္းသားေခ်ာပိုင္တံခြန္ဟာ မိန္းကေလးေတြရဲ႕ အသည္းစြဲ မင္းသားေခ်ာတစ္လက္လည္းျဖစ္ပါတယ္။ အႏုပညာလႈပ္ရွားမႈေတြကို ဆက္တိုက္လုပ္ကိုင္ေနရၿပီး အားေပးသူ ေဖာ္လိုဝါေတြလည္း မ်ားျပားေနသူတစ္ဦးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာတင္မကဘဲ ထိုင္းႏိုင္ငံထိပါ ထိုးေဖာက္ေအာင္ျမင္ေနတဲ့ ျမန္မာမင္းသားတစ္လက္ျဖစ္ျပန္ပါေသးတယ္။ အႏုပညာအလုပ္ေတြလုပ္ကိုင္ျပီး မိဘ ၂ ပါးကိုလည္း စိတ္ခ်မ္းသာေအာင္ ထားေနတဲ့ ပုိင္တံခြန္ဟာ ယေန႔မွာလည္း

မိဘျဖစ္သူေတြကို Surprise လုပ္ခဲ့ပါတယ္။ ေျမာက္ဒဂံု (၄၁) ရပ္ကြက္မွာရွိတဲ့ ႏွစ္ထပ္တိုက္ အိမ္တစ္လံုးနဲ႔ ကားအသစ္တစ္စီးကို မိဘႏွစ္ပါးအတြက္ ဝယ္ေပးခဲ့တာျဖစ္ပါတယ္။ သားျဖစ္သူ ပိုင္တံခြန္ရဲ႕ သိတတ္မွုေၾကာင့္ မိဘႏွစ္ပါးမွာ မ်က္ရည္က်မတတ္ေအာင္ ပီတိေတြျဖစ္ခဲ့ရတာကို ပံုထဲမွာေတြ႕ျမင္ႏုိင္ပါတယ္။ ပိုင္တံခြန္က တစ္ဆက္တည္းမွာ သူ႔ရဲ႕ဘဝအေၾကာင္းကိုလည္း ေျပာျပလာခဲ့ပါတယ္။ က်ေနာ့္ရဲ႕ ကံေကာင္းျခင္းေတြက မိဘ ကို ေကြၽးေမြးျပဳစုျခင္းက လာတာပါ ဒီေန႔ အိမ္သစ္‌ေလးတစ္လုံး နဲ႔ ကား တစ္စင္း ကို အေဖ အေမ အတြက္ က်ေနာ္ လက္ေဆာင္ဝယ္ေပးျဖစ္တာပါ Surprise

လုပ္ဖို႔ အမ်ိဳးမ်ိဳးလိမ္ၿပီးေခၚခဲ့ရတယ္ ေနာက္ဆုံးေတာ့ အေဖလည္း ငို အေမလည္း ငို က်ေနာ္လည္း ပီတိျဖစ္ရ 🖤 ဒါက က်ေနာ့္ဘဝအေၾကာင္းေလး တခ်ိဳ႕သိခ်င္ၾကတဲ့ သူေတြအတြက္ပါ ။ ဘယ္အရာမွ ဖုံးကြယ္လို႔ မရပါဘူး က်ေနာ္ ႀကိဳးစားခဲ့တဲ့ ဘဝ အက်ဥ္းေလး ေျပာျပမယ္ေနာ္ က်ေနာ္မွာ ေမာင္ႏွမ 6 ေယာက္ရွိတယ္။က်ေနာ္က ၄ေယာက္ ေျမာက္သားငယ္စဥ္က က်ေနာ့ မိဘေတြ ေငြေၾကး ျပည့္စုံေတာ့ ဘယ္ေနရာေရာက္ေရာက္ က်ေနာ္တို႔ ေမာင္ႏွမေတြ မ်က္ႏွာတခ်က္ မငယ္ခဲ့ရဖူးဘူး ဘဝ တေကြ႕မွာ က်ေနာ္ ဆယ္တန္းေျဖၿပီးခါစအခ်ိန္ေပါ့ က်ေနာ့္မိဘေတြ ဘာဆိုဘာမွ

မရွိေအာင္ကို ဆင္းရဲ အတိ ျဖစ္ခဲ့ရတယ္။ ဒါေပမယ့္ အေဖအေမရဲ႕ သားသမီးအေပၚထားတဲ့ ေမတၱာက က်ေနာ္တို႔အတြက္ ဆင္းရဲဒုကၡဆိုတာ ဘာမွန္းမသိေအာင္ ကာကြယ္ေပးခဲ့တယ္။ အဲဒီအခ်ိန္က က်ေနာ္တို႔ ရန္ကုန္ စၿပီးေျပာင္းလာတဲ့အခ်ိန္ ။ က်‌ေနာ္ကိုေမြးတဲ့အခ်ိန္ကတည္းက အလုပ္သမားမ်ားစြာ နဲ႔ ျပည့္ျပည့္စုံစုံ ေန ‌ခဲ့ရတဲ့ က်ေနာ့္ ရဲ႕အေဖ နဲ႔ အေမ ေက်ာက္ေျမာင္းမွာ တိုက္ခန္းေလးငွားၿပီး သုခလမ္းက တိုက္ေအာက္‌ေလး မွာ ဒီ သားသမီး ၆ေယာက္ စားဝတ္ေနေရးအတြက္ မုန္႔တီသုပ္ေလး ေရာင္းေနတဲ့ ျမင္ကြင္း က်ေနာ္ မခံစားႏိုင္ခဲ့ဘူး

ညအိပ္ခါနီးတိုင္း မနက္အေစာႀကီးအေဖအေမထၿပီး မုန္႔ေရာင္းရအုန္းမွာပါလားဆိုတဲ့ စိတ္နဲ႔ ငိုမိတယ္။ အေဖ အေမ ငယ္စဥ္ကတည္းကအၿမဲ ဆုံးမဖူးတဲ့ စကားရွိတယ္။ “သူမ်ားဆီက ေငြတက်ပ္ေတာင္ မမက္ေမာမိေစနဲ႔တဲ့ သူမ်ားေငြတက်ပ္ယူမိရင္ တက်ပ္ ျပန္ဆပ္ႏိုင္ေအာင္ႀကိဳးစားၿပီး ဘဝကိုအ႐ိုးသားဆုံး ေနထိုင္ပါ တဲ့ ” က်ေနာ္မိဘေတြနဲ႔ အတူတူမေနေပမယ့္ အျပင္ေလာကမွာ အေဖ အေမ သြန္သင္ဆုံးမ ေပးခဲ့တဲ့အတိုင္း အ႐ိုးသားဆုံး ႀကိဳးစားအလုပ္လုပ္တယ္။ ရွာေဖြတယ္ စုေဆာင္းခဲ့တယ္။ ေငြ တစ္ေထာင္ စၿပီး ရတဲ့ေန႔ကတည္းက ကိုယ္က်ိဳးအတြက္ က်ေနာ္ မသုံးခဲ့ဖူးဘူး။ လႉတယ္ ခက္ခဲတဲ့ သူေတြကို ကူညီေပးတယ္။ သူမ်ားေတြ ကားေကာင္းေတြ

စီးၿပီး ေပ်ာ္ပါးေနခ်ိန္မွာ က်ေနာ္ မနက္စာ ေန႔လည္စာ ညစာကို 1600 ထက္ ပိုမစားခဲ့ဖူးဘူး ။ က်ေနာ္ ရွာေဖြသမွ် အရာရာတိုင္းလည္း ငါ့မိသားစု အတြက္ နဲ႔ လႉဒါန္းဖို႔ အတြက္ ဆိုတဲ့ စိတ္ပဲရွိခဲ့တယ္ ။ အခုခ်ိန္မွာေတာ့ က်ေနာ့္ရဲ႕ ပီတိက က်‌ေနာ္ သိပ္ကို ျမင္ခ်င္တဲ့ အရင္တခ်ိန္က မိသားစု ပုံရိပ္တခုကို တေျဖးေျဖး ျမင္ေနရၿပီဆိုတာပါပဲ ေနာက္ဆုံးအေနနဲ႔ က်ေနာ္ရဲ႕ ပရိတ္သတ္ ညီကိုေမာင္ႏွမ အားလုံးကို ေျပာျပခ်င္တာက မိဘကို လုပ္ေကြၽးျပဳစုခြင့္ဆိုတာ မိဘကိုေပးတဲ့အရာဝတၳဳေတြရဲ႕ တန္ေၾကးမဟုတ္ပါဘူး မိဘအေပၚ ရင္ထဲကလာတဲ့ အ႐ိုးသားဆုံး တန္ျပန္တာဝန္သိတတ္မႈပါ ။ ဒါက မိဘအေပၚမွာ ကိုယ့္ရဲ႕ အသန္႔ရွင္းဆုံး လုပ္ေကြၽးျပဳစုခြင့္ပါလို႔ ေျပာရင္း နိဂုန္းခ်ဳပ္ပါတယ္ခင္မ်ာ အားလုံးပဲ ေပ်ာ္႐ႊင္စရာေန႔ရက္ေလးပိုင္ဆိုင္ႏိုင္ၾကပါေစ

Read in UNICODE

အနုပညာလောကထဲကို မော်ဒယ်လောကကနေ ရောက်ရှိလာသူ မင်းသားချောပိုင်တံခွန်ဟာ မိန်းကလေးတွေရဲ့ အသည်းစွဲ မင်းသားချောတစ်လက်လည်းဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေရပြီး အားပေးသူ ဖော်လိုဝါတွေလည်း များပြားနေသူတစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတင်မကဘဲ ထိုင်းနိုင်ငံထိပါ ထိုးဖောက်အောင်မြင်နေတဲ့ မြန်မာမင်းသားတစ်လက်ဖြစ်ပြန်ပါသေးတယ်။ အနုပညာအလုပ်တွေလုပ်ကိုင်ပြီး မိဘ ၂ ပါးကိုလည်း စိတ်ချမ်းသာအောင် ထားနေတဲ့ ပိုင်တံခွန်ဟာ ယနေ့မှာလည်း

မိဘဖြစ်သူတွေကို Surprise လုပ်ခဲ့ပါတယ်။ မြောက်ဒဂုံ (၄၁) ရပ်ကွက်မှာရှိတဲ့ နှစ်ထပ်တိုက် အိမ်တစ်လုံးနဲ့ ကားအသစ်တစ်စီးကို မိဘနှစ်ပါးအတွက် ဝယ်ပေးခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူ ပိုင်တံခွန်ရဲ့ သိတတ်မှုကြောင့် မိဘနှစ်ပါးမှာ မျက်ရည်ကျမတတ်အောင် ပီတိတွေဖြစ်ခဲ့ရတာကို ပုံထဲမှာတွေ့မြင်နိုင်ပါတယ်။ ပိုင်တံခွန်က တစ်ဆက်တည်းမှာ သူ့ရဲ့ဘဝအကြောင်းကိုလည်း ပြောပြလာခဲ့ပါတယ်။ ကျနော့်ရဲ့ ကံကောင်းခြင်းတွေက မိဘ ကို ကျွေးမွေးပြုစုခြင်းက လာတာပါ ဒီနေ့ အိမ်သစ်‌လေးတစ်လုံး နဲ့ ကား တစ်စင်း ကို အဖေ အမေ အတွက် ကျနော် လက်ဆောင်ဝယ်ပေးဖြစ်တာပါ Surprise

လုပ်ဖို့ အမျိုးမျိုးလိမ်ပြီးခေါ်ခဲ့ရတယ် နောက်ဆုံးတော့ အဖေလည်း ငို အမေလည်း ငို ကျနော်လည်း ပီတိဖြစ်ရ 🖤 ဒါက ကျနော့်ဘဝအကြောင်းလေး တချို့သိချင်ကြတဲ့ သူတွေအတွက်ပါ ။ ဘယ်အရာမှ ဖုံးကွယ်လို့ မရပါဘူး ကျနော် ကြိုးစားခဲ့တဲ့ ဘဝ အကျဉ်းလေး ပြောပြမယ်နော် ကျနော်မှာ မောင်နှမ 6 ယောက်ရှိတယ်။ကျနော်က ၄ယောက် မြောက်သားငယ်စဉ်က ကျနော့ မိဘတွေ ငွေကြေး ပြည့်စုံတော့ ဘယ်နေရာရောက်ရောက် ကျနော်တို့ မောင်နှမတွေ မျက်နှာတချက် မငယ်ခဲ့ရဖူးဘူး ဘဝ တကွေ့မှာ ကျနော် ဆယ်တန်းဖြေပြီးခါစအချိန်ပေါ့ ကျနော့်မိဘတွေ ဘာဆိုဘာမှ

မရှိအောင်ကို ဆင်းရဲ အတိ ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် အဖေအမေရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာက ကျနော်တို့အတွက် ဆင်းရဲဒုက္ခဆိုတာ ဘာမှန်းမသိအောင် ကာကွယ်ပေးခဲ့တယ်။ အဲဒီအချိန်က ကျနော်တို့ ရန်ကုန် စပြီးပြောင်းလာတဲ့အချိန် ။ ကျ‌နော်ကိုမွေးတဲ့အချိန်ကတည်းက အလုပ်သမားများစွာ နဲ့ ပြည့်ပြည့်စုံစုံ နေ ‌ခဲ့ရတဲ့ ကျနော့် ရဲ့အဖေ နဲ့ အမေ ကျောက်မြောင်းမှာ တိုက်ခန်းလေးငှားပြီး သုခလမ်းက တိုက်အောက်‌လေး မှာ ဒီ သားသမီး ၆ယောက် စားဝတ်နေရေးအတွက် မုန့်တီသုပ်လေး ရောင်းနေတဲ့ မြင်ကွင်း ကျနော် မခံစားနိုင်ခဲ့ဘူး

ညအိပ်ခါနီးတိုင်း မနက်အစောကြီးအဖေအမေထပြီး မုန့်ရောင်းရအုန်းမှာပါလားဆိုတဲ့ စိတ်နဲ့ ငိုမိတယ်။ အဖေ အမေ ငယ်စဉ်ကတည်းကအမြဲ ဆုံးမဖူးတဲ့ စကားရှိတယ်။ “သူများဆီက ငွေတကျပ်တောင် မမက်မောမိစေနဲ့တဲ့ သူများငွေတကျပ်ယူမိရင် တကျပ် ပြန်ဆပ်နိုင်အောင်ကြိုးစားပြီး ဘဝကိုအရိုးသားဆုံး နေထိုင်ပါ တဲ့ ” ကျနော်မိဘတွေနဲ့ အတူတူမနေပေမယ့် အပြင်လောကမှာ အဖေ အမေ သွန်သင်ဆုံးမ ပေးခဲ့တဲ့အတိုင်း အရိုးသားဆုံး ကြိုးစားအလုပ်လုပ်တယ်။ ရှာဖွေတယ် စုဆောင်းခဲ့တယ်။ ငွေ တစ်ထောင် စပြီး ရတဲ့နေ့ကတည်းက ကိုယ်ကျိုးအတွက် ကျနော် မသုံးခဲ့ဖူးဘူး။ လှူတယ် ခက်ခဲတဲ့ သူတွေကို ကူညီပေးတယ်။ သူများတွေ ကားကောင်းတွေ

စီးပြီး ပျော်ပါးနေချိန်မှာ ကျနော် မနက်စာ နေ့လည်စာ ညစာကို 1600 ထက် ပိုမစားခဲ့ဖူးဘူး ။ ကျနော် ရှာဖွေသမျှ အရာရာတိုင်းလည်း ငါ့မိသားစု အတွက် နဲ့ လှူဒါန်းဖို့ အတွက် ဆိုတဲ့ စိတ်ပဲရှိခဲ့တယ် ။ အခုချိန်မှာတော့ ကျနော့်ရဲ့ ပီတိက ကျ‌နော် သိပ်ကို မြင်ချင်တဲ့ အရင်တချိန်က မိသားစု ပုံရိပ်တခုကို တဖြေးဖြေး မြင်နေရပြီဆိုတာပါပဲ နောက်ဆုံးအနေနဲ့ ကျနော်ရဲ့ ပရိတ်သတ် ညီကိုမောင်နှမ အားလုံးကို ပြောပြချင်တာက မိဘကို လုပ်ကျွေးပြုစုခွင့်ဆိုတာ မိဘကိုပေးတဲ့အရာဝတ္ထုတွေရဲ့ တန်ကြေးမဟုတ်ပါဘူး မိဘအပေါ် ရင်ထဲကလာတဲ့ အရိုးသားဆုံး တန်ပြန်တာဝန်သိတတ်မှုပါ ။ ဒါက မိဘအပေါ်မှာ ကိုယ့်ရဲ့ အသန့်ရှင်းဆုံး လုပ်ကျွေးပြုစုခွင့်ပါလို့ ပြောရင်း နိဂုန်းချုပ်ပါတယ်ခင်မျာ အားလုံးပဲ ပျော်ရွှင်စရာနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ

Source : Paing Takhon’s Facebook

Add a Comment

Your email address will not be published. Required fields are marked *