ကိုယ္ပိုင္စီးပြားေရးတစ္ခုလုပ္ဖို႔ ကားေရာင္းၿပီး ႀကိဳတင္ျပင္ဆင္ေနတယ္ဆိုတဲ့ ခင္လွိုင္

စီးပြားေရးေလာကထဲကို ခင္လႈိင္ကေတာ့ဝင္ေရာက္ဖို႔ ေျခလွမ္းေတြ စတင္ျပင္ဆင္ေနပါတယ္။ အခုဆိုရင္ေတာ့ သူ ပိုင္ဆိုင္တဲ့ ကားတစ္စီးကို ေရာင္းၿပီး Mini Market ေလးတစ္ခု ဖြင့္ေတာ့မယ္လို႔ ေျပာပါတယ္။ “ စီးပြားေရး တစ္ခါလုပ္ဖို႔ ဘယ္လြယ္ပါ့မလဲဗ်ာ။ ကြၽန္ေတာ္က အရမ္းခ်မ္းသာတဲ့လူလည္း မဟုတ္ဘူး။ တစ္ခုခုလုပ္ခ်င္တယ္ဆိုရင္ တစ္ခုခုကို ေရာင္းရတာမ်ိဳးေပါ့။ အခုဆိုရင္ ကြၽန္ေတာ္က Mini Market ေလး တစ္ခု

လုပ္ဖို႔အတြက္ ကားတစ္စီးေရာင္းရမယ္။ ဘယ္တတ္ႏိုင္မလဲ ကားက စီးစရာရွိေနေသးရင္ ျပႆနာမရွိဘူးေလ။ ဒီ စီးပြားေရးေလာကထဲကို ဝင္ဖို႔ဆိုတာက အရမ္းႀကီးေတာ့ မလြယ္ပါဘူး” လို႔ သူက ဆိုပါတယ္။ ခင္လႈိင္ဟာ သားသမီးေတြ အ႐ြယ္ေရာက္လာၿပီျဖစ္တာေၾကာင့္ ကိုယ္ပိုင္စီးပြားေရးေတြ လုပ္ဖို႔ လိုအပ္လာၿပီလို႔ ဆိုပါတယ္။ အလုပ္နဲ႔ ပတ္သက္လာရင္ သားႏွစ္ေယာက္သာမက သမီးငယ္ေလး သဇင္ထူးျမင့္ကလည္း အားကိုးရတယ္လို႔ ဆိုပါတယ္။“ သားသမီးေတြကလည္း အ႐ြယ္ေရာက္လာၿပီဆိုေတာ့

တြက္တတ္၊ ခ်က္တတ္ေနၿပီ။ သမီးဆိုရင္ Hotel management နဲ႔ေက်ာင္းၿပီးထားတာဆိုေတာ့ သူက အစအဆုံးကို တြက္ျပတယ္။ ဒါေၾကာင့္လည္း သားသမီးေတြ ႀကီးလာမွ စီးပြားေရးလုပ္တာ။ ကိုယ့္ဘာသာကိုယ္သာ ရမ္းလုပ္ေနရင္ ကုန္မွာ” ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။ ကြၽန္ေတာ္တို႔က မ်ိဳး႐ိုးစဥ္ဆက္ မိဘအေမြနဲ႔ ခ်မ္းသာလာတဲ့သူမဟုတ္ဘူး။ ကိုယ့္ဒူးကိုယ္ခြၽန္ၿပီး ရွာေဖြလာရတာျဖစ္တဲ့အတြက္ စီးပြားေရးလုပ္ဖို႔ အရမ္းကြၽမ္းက်င္တဲ့သူလည္း

မဟုတ္ပါဘူး” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ သ႐ုပ္ေဆာင္ ခင္လႈိင္ဟာ ႐ုပ္ရွင္ဘက္မွာ ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ရပ္တည္လာရင္း အခုဆိုရင္ ကိုယ္တိုင္ ဒါ႐ိုက္တာအျဖစ္႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ကားႀကီးေတြေတာင္ရွိေနပါၿပီ။ သူဟာ အလႉအတန္းနဲ႔ ပတ္သက္လာရင္လည္း လက္မေႏွးသူတစ္ေယာက္လို႔ ေျပာရမွာပါ။ အၿမဲတမ္းလိုလို စတုဒီသာ အလႉေတြ ျပဳလုပ္လ်က္ ရွိၿပီး ၿပီးခဲ့ေသာလပိုင္းေလာက္က ေရရွားပါးေသာ ေနရာမ်ားကို သူကိုယ္တိုင္ဦးစီးၿပီး အလႉေငြမ်ားေကာက္ခံကာ သြားေရာက္လႉ ဒါန္းခဲ့တာ ကိုလည္း ေတြ႕ရပါတယ္။

Read in UNICODE

စီးပွားရေးလောကထဲကို ခင်လှိုင်ကတော့ဝင်ရောက်ဖို့ ခြေလှမ်းတွေ စတင်ပြင်ဆင်နေပါတယ်။ အခုဆိုရင်တော့ သူ ပိုင်ဆိုင်တဲ့ ကားတစ်စီးကို ရောင်းပြီး Mini Market လေးတစ်ခု ဖွင့်တော့မယ်လို့ ပြောပါတယ်။ “ စီးပွားရေး တစ်ခါလုပ်ဖို့ ဘယ်လွယ်ပါ့မလဲဗျာ။ ကျွန်တော်က အရမ်းချမ်းသာတဲ့လူလည်း မဟုတ်ဘူး။ တစ်ခုခုလုပ်ချင်တယ်ဆိုရင် တစ်ခုခုကို ရောင်းရတာမျိုးပေါ့။ အခုဆိုရင် ကျွန်တော်က Mini Market လေး တစ်ခု

လုပ်ဖို့အတွက် ကားတစ်စီးရောင်းရမယ်။ ဘယ်တတ်နိုင်မလဲ ကားက စီးစရာရှိနေသေးရင် ပြဿနာမရှိဘူးလေ။ ဒီ စီးပွားရေးလောကထဲကို ဝင်ဖို့ဆိုတာက အရမ်းကြီးတော့ မလွယ်ပါဘူး” လို့ သူက ဆိုပါတယ်။ ခင်လှိုင်ဟာ သားသမီးတွေ အရွယ်ရောက်လာပြီဖြစ်တာကြောင့် ကိုယ်ပိုင်စီးပွားရေးတွေ လုပ်ဖို့ လိုအပ်လာပြီလို့ ဆိုပါတယ်။ အလုပ်နဲ့ ပတ်သက်လာရင် သားနှစ်ယောက်သာမက သမီးငယ်လေး သဇင်ထူးမြင့်ကလည်း အားကိုးရတယ်လို့ ဆိုပါတယ်။“ သားသမီးတွေကလည်း အရွယ်ရောက်လာပြီဆိုတော့

တွက်တတ်၊ ချက်တတ်နေပြီ။ သမီးဆိုရင် Hotel management နဲ့ကျောင်းပြီးထားတာဆိုတော့ သူက အစအဆုံးကို တွက်ပြတယ်။ ဒါကြောင့်လည်း သားသမီးတွေ ကြီးလာမှ စီးပွားရေးလုပ်တာ။ ကိုယ့်ဘာသာကိုယ်သာ ရမ်းလုပ်နေရင် ကုန်မှာ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ ကျွန်တော်တို့က မျိုးရိုးစဉ်ဆက် မိဘအမွေနဲ့ ချမ်းသာလာတဲ့သူမဟုတ်ဘူး။ ကိုယ့်ဒူးကိုယ်ချွန်ပြီး ရှာဖွေလာရတာဖြစ်တဲ့အတွက် စီးပွားရေးလုပ်ဖို့ အရမ်းကျွမ်းကျင်တဲ့သူလည်း

မဟုတ်ပါဘူး” လို့ ဆက်လက် ပြောပြလာပါတယ်။ သရုပ်ဆောင် ခင်လှိုင်ဟာ ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *