(၉)ရက္ေန႔မွာ က်ေရာက္မယ့္ ေမြးေန႔မွာ အလွဴအတန္းေတြလုပ္ၿပီး ပရိသတ္ေတြကိုလည္း စပ႐ိုက္လုပ္ဖို႔ရွိတယ္ ဆိုတဲ့ ေဖြးေဖြး

ေဖြးေဖြးကေတာ့ ၾသဂုတ္လ(၉) ရက္ေန႔မွာ ေမြးေန႔ က်ေရာက္မွာ ျဖစ္ပါတယ္။ သူမရဲ႕ ေမြးေန႔ကို အလႉအတန္းေတြ လုပ္သြားမွာျဖစ္ၿပီး ပရိသတ္ေတြကိုလည္း Surprise ေလးေတြ လုပ္ဖို႔ စီစဥ္ထားတယ္လို႔ ေျပာျပလာပါတယ္။“ ေမြးေန႔ကေတာ့ ေဖြး လႉခ်င္တဲ့ ေနရာေလးေတြကို လႉမယ္။ စတုဒီသာေတြေတာ့ ေကြၽးျဖစ္မွာမဟုတ္ဘူး လူစုလူေဝးအရမ္းမ်ားမွာစိုးလို႔ပါ။ ၿပီးရင္ ပရိသတ္ေတြအတြက္ Surprise စီစဥ္ထားတာ တစ္ခုရွိတယ္။ ေဖြးကို က်ေတာ့ ႐ုပ္ရွင္႐ုံေတြမွာပဲ ေတြ႕ရတာမ်ားတယ္ေလ။ အဲဒီေတာ့ သူတို႔ေလးေတြ အလြမ္းေျပေအာင္ ေဖြးက ေမြးေန႔

အမွတ္တရ Surprise လုပ္သြားမွာပါ။ ဒီ Surprise ကလည္း အႏၲရာယ္လည္း ကင္းေအာင္ Social Media မွာပဲ ပရိသတ္ကို Surprise လုပ္သြားမွာပါ” ဆိုၿပီးေတာ့ ဇူလိုင္လ ၃၁ ရက္ေန႔ ညက Bella ရဲ႕ ေရေမႊးအသစ္ မိတ္ဆက္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ အႏုပညာရွင္မ်ားအေနနဲ႔ မတ္လ အစမွာကတည္းက COVID-19 ကူးစက္ေရာဂါေၾကာင့္ အလုပ္ေတြ ရပ္နားခဲ့ၾကတာျဖစ္ပါတယ္။ ေဖြးေဖြးကိုယ္တိုင္ကလည္း ႐ိုက္ကူးေရးေတြ ရပ္နားထားတဲ့ ကာလမွာ တစ္ေန႔တာ ျဖတ္သန္းမႈေတြ အေၾကာင္းေျပာျပလာပါတယ္။ “အခုခ်ိန္က စိတ္ဖိစီးမႈေတြ

မရွိတဲ့ ကာလလို႔ေျပာလို႔ရတယ္။ ဝင္ေငြေတာ့ အရင္ကေလာက္မရွိဘူးဆိုေပမယ့္ ကိုယ္နားရတာေတြက ကိုယ့္မိသားစုအတြက္၊ ကိုယ့္ကိုယ္ကိုယ္ အတြက္ အခ်ိန္ေတြ ထြက္လာတာေပါ့ေနာ္။ ကိုယ္မဖတ္ရေသးတဲ့ စာအုပ္ေတြ ဖတ္တယ္၊ ကိုယ္မၾကည့္ရေသးတဲ့ ႐ုပ္ရွင္ေတြ ၾကည့္တယ္။ ကိုယ့္ကိုယ္ကိုယ္ ျပန္ရွာေဖြေနမိတယ္။ ႐ုပ္ရွင္႐ိုက္ကူးေရးေတြကိုက်ေတာ့ သူမ်ားေတြ ဘယ္လို႐ိုက္ၾကလဲဆိုတာ ေဖြးေလ့လာခ်င္ပါေသးတယ္။ ေဖြးကေတာ့ ၾသဂုတ္လကုန္ေလာက္မွ ဇာတ္ကားေတြ ျပန္႐ိုက္ျဖစ္မွာပါ” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ေဖြးေဖြးကေတာ့ သ႐ုပ္ေဆာင္အလုပ္သာမက

သီခ်င္းဆိုတာကိုလည္း ဝါသနာပါသူျဖစ္တာေၾကာင့္ Stay Home ကာလမွာ သူမကိုယ္တိုင္ သီဆိုထားတဲ့ ” ငါ့ကမာၻထဲ” ၊ “ဘိုမ” စတဲ့သီခ်င္းေလးေတြနဲ႔ ပရိသတ္ေတြကို မိတ္ဆက္ေပးထားတာလည္း ေတြ႕ရပါတယ္။ ေဖြးေဖြးဟာ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆု အကယ္ဒမီ (၃)ဆုကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ ပရိသတ္မ်ားစြာတို႔ရဲ႕ အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့ သူမဟာ ၂၀၁၂ခုႏွစ္တြင္ လက္ပံ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့သလို၂၀၁၅ ခုႏွစ္မွာေတာ့ ကြၽန္မက ႏွင္းဆီပါေမာင္ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ပိုင္ဆိုင္ထားႏိုင္ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုအျဖစ္ ေ႐ႊၾကာ႐ုပ္ရွင္ကားႀကီးနဲ႔ ထပ္မံရရွိခဲ့ပါတယ္။

Read in UNICODE

ဖွေးဖွေးကတော့ သြဂုတ်လ(၉) ရက်နေ့မှာ မွေးနေ့ ကျရောက်မှာ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေ လုပ်သွားမှာဖြစ်ပြီး ပရိသတ်တွေကိုလည်း Surprise လေးတွေ လုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောပြလာပါတယ်။“ မွေးနေ့ကတော့ ဖွေး လှူချင်တဲ့ နေရာလေးတွေကို လှူမယ်။ စတုဒီသာတွေတော့ ကျွေးဖြစ်မှာမဟုတ်ဘူး လူစုလူဝေးအရမ်းများမှာစိုးလို့ပါ။ ပြီးရင် ပရိသတ်တွေအတွက် Surprise စီစဉ်ထားတာ တစ်ခုရှိတယ်။ ဖွေးကို ကျတော့ ရုပ်ရှင်ရုံတွေမှာပဲ တွေ့ရတာများတယ်လေ။ အဲဒီတော့ သူတို့လေးတွေ အလွမ်းပြေအောင် ဖွေးက မွေးနေ့

အမှတ်တရ Surprise လုပ်သွားမှာပါ။ ဒီ Surprise ကလည်း အန္တရာယ်လည်း ကင်းအောင် Social Media မှာပဲ ပရိသတ်ကို Surprise လုပ်သွားမှာပါ” ဆိုပြီးတော့ ဇူလိုင်လ ၃၁ ရက်နေ့ ညက Bella ရဲ့ ရေမွှေးအသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ အနုပညာရှင်များအနေနဲ့ မတ်လ အစမှာကတည်းက COVID-19 ကူးစက်ရောဂါကြောင့် အလုပ်တွေ ရပ်နားခဲ့ကြတာဖြစ်ပါတယ်။ ဖွေးဖွေးကိုယ်တိုင်ကလည်း ရိုက်ကူးရေးတွေ ရပ်နားထားတဲ့ ကာလမှာ တစ်နေ့တာ ဖြတ်သန်းမှုတွေ အကြောင်းပြောပြလာပါတယ်။ “အခုချိန်က စိတ်ဖိစီးမှုတွေ

မရှိတဲ့ ကာလလို့ပြောလို့ရတယ်။ ဝင်ငွေတော့ အရင်ကလောက်မရှိဘူးဆိုပေမယ့် ကိုယ်နားရတာတွေက ကိုယ့်မိသားစုအတွက်၊ ကိုယ့်ကိုယ်ကိုယ် အတွက် အချိန်တွေ ထွက်လာတာပေါ့နော်။ ကိုယ်မဖတ်ရသေးတဲ့ စာအုပ်တွေ ဖတ်တယ်၊ ကိုယ်မကြည့်ရသေးတဲ့ ရုပ်ရှင်တွေ ကြည့်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေနေမိတယ်။ ရုပ်ရှင်ရိုက်ကူးရေးတွေကိုကျတော့ သူများတွေ ဘယ်လိုရိုက်ကြလဲဆိုတာ ဖွေးလေ့လာချင်ပါသေးတယ်။ ဖွေးကတော့ သြဂုတ်လကုန်လောက်မှ ဇာတ်ကားတွေ ပြန်ရိုက်ဖြစ်မှာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ဖွေးဖွေးကတော့ သရုပ်ဆောင်အလုပ်သာမက

သီချင်းဆိုတာကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် Stay Home ကာလမှာ သူမကိုယ်တိုင် သီဆိုထားတဲ့ ” ငါ့ကမ္ဘာထဲ” ၊ “ဘိုမ” စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးထားတာလည်း တွေ့ရပါတယ်။ ဖွေးဖွေးဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *