ကလောမှာ ရိုမန့်တစ်ဆန်ဆန်ရိုက်ထားတဲ့ ကြည်နူးဖို့ကောင်းတဲ့ စုံတွဲပုံလေးတွေ မျှဝေခဲ့တဲ့ နန်းဆုရတီစိုး






Read in UNICODE

နန်းဆုရတီစိုးကတော့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးပါ..။မြန်မာဝတ်စုံလေးတွေနဲ့ ရိုးရှင်းအေးချမ်းစွာ လိုက်ဖက်လွန်းလှသလို အမိုက်စားဖက်ရှင်လေးတွေနဲ့လည်း ခပ်မိမိလေးမိမိုက်နေတဲ့ နန်းဆုလေးကိုတော့

ပရိသတ်တွေအားလုံးက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်နော်..။ သရုပ်ဆောင်ပိုင်းမှာရော အဆိုပိုင်းမှာပါ အောင်မြင်နေတဲ့နန်းဆုလေးဟာ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေ သီဆိုတတ်ပြီး လူငယ်ပရိသတ်တွေကြား

အမြဲရေပန်းစားနေတာလည်း အားလုံးအသိပါပဲနော်..။ သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲဝေမျှလေ့ရှိတဲ့ နန်းဆုလေးကတော့ အခုတစ်ခါမှာလည်း မော်ဒယ်လ်မင်းသားချောလေး မင်းသွေးခန့်နဲ့အတူ ရိုမန်တစ်ဆန်ဆန်လေး ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို

ထပ်မံ ဝေမျှလာပါတယ်နော်..။ မကြာခင်မှာ ထွက်ရှိတော့မယ့်သူမရဲ့သီချင်းအသစ်လေးဖြစ်တဲ့ “အလွမ်းရာသီ” ဆိုတဲ့ သီချင်းလေးမှာ နှစ်ယောက်အတူ လိုက်ဖက်ညီညီနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့

ကြည်နူးစရာ ပုံရိပ်လေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။ စုံတွဲပုံလေးတွေ ဝေမျှရင်း Music video လေးကလည်း မကြာခင်မှာ ထွက်ရှိတော့မယ့် အကြောင်းလေးကိုလည်း နန်းဆုလေးက ပြောပြထားပါသေးတယ်နော်..။

Source : Nansu Yati Soe’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *