ဆီးနဲ႔ပတ္သတ္တဲ့ ေရာဂါေတြရွိေနရင္ အရွင္းေက်ာက္ကင္းေအာင္ ရွဲၿပီးသိမ္းထားၾကပါ

ဆီးနီ၊ ဆီးဝါ၊ ဆီးခ်ဳပ္၊ ဆီးေအာင့္၊ ဆီးပူး၊ ဆီးက်ဥ္၊ ဆီးက်န္ ျဖစ္ပါလၽွင္ အရွင္းေပ်ာက္ကင္း ဆီးေရာဂါကင္းေစေသာ ေဆးနည္းအား ေက်းဇူးေတာ္ရွင္ေရႊေပၚကၽြန္း ဆရာေတာ္ႀကီးထံမွ အမွတ္မထင္ ရရွိခဲ့ပါသည္။ ဆရာေတာ္ဘုရားသည္ ေဆးပညာ အလြန္ကၽြမ္းက်င္ပါ

သည္။ တပည့္ေဝေနယ်မ်ားအား တစ္ခါတစ္ရံ ေဆးနည္းမ်ား ေပးသည္လည္း ရွိပါသည္။ “နႏြင္း၊ ဆီးျဖဴ၊ပ်ားရည္ကူက မလြဲေသခ်ာ ဆီးေရာဂါေပ်ာက္၏” ဟု မိန္႔ဖူးပါသည္။ ယုံစြာအမွန္ လုပ္ေဆာင္ရန္က ေဝဒနာရွင္၏ တာ၀န္တည္း ..။ ယခုတင္ျပေသာ ဆီးေရာဂါေဆးနည္းမွာ

လူသိနည္းပါသည္။ ေယာက်ာ္းသား အေတာ္မ်ားမ်ား ဆီးေရာဂါမ်ိဳးစုံ ခံစားရတတ္ၾကပါသည္။နႏြင္းမွုန္႔ (၃) ပဲသား ဆီးျဖဴသီး သတၱဳရည္ (၁) ဇြန္း ပ်ားရည္စစ္စစ္ (၁) ဇြန္း ထိုသုံးမ်ိဳးကို ေရာစပ္ၿပီး တစ္ေန႔တစ္ႀကိမ္သာ အေသအခ်ာေသာက္ပါက

မုခ်ေပ်ာက္ပါသည္။ ယင္းေဆးနည္းအား လက္ဆင့္ကမ္းေပးခဲ့ရာ ေပ်ာက္ကင္းသူအလြန္မ်ားပါေၾကာင္း။ ေဝဒနာရွင္မ်ား လက္ေတြ႕ လိုက္နာေဆာင္ရြက္ၾကည့္ပါ ေပ်ာက္ကင္းပါက ထပ္မံေဝမၽွ ေပးၾကပါရန္။ က်န္းမာခ်မ္းသာၾကပါေစ ျပန္ၿပီးမၽွေဝေပးတာပါ            

Read in UNICODE

ဆီးနီ၊ ဆီးဝါ၊ ဆီးချုပ်၊ ဆီးအောင့်၊ ဆီးပူး၊ ဆီးကျဉ်၊ ဆီးကျန် ဖြစ်ပါလျှင် အရှင်းပျောက်ကင်း ဆီးရောဂါကင်းစေသော ဆေးနည်းအား ကျေးဇူးတော်ရှင်ရွှေပေါ်ကျွန်း ဆရာတော်ကြီးထံမှ အမှတ်မထင် ရရှိခဲ့ပါသည်။ ဆရာတော်ဘုရားသည် ဆေးပညာ အလွန်ကျွမ်းကျင်ပါ

သည်။ တပည့်ဝေနေယျများအား တစ်ခါတစ်ရံ ဆေးနည်းများ ပေးသည်လည်း ရှိပါသည်။ “နနွင်း၊ ဆီးဖြူ၊ပျားရည်ကူက မလွဲသေချာ ဆီးရောဂါပျောက်၏” ဟု မိန့်ဖူးပါသည်။ ယုံစွာအမှန် လုပ်ဆောင်ရန်က ဝေဒနာရှင်၏ တာဝန်တည်း ..။ ယခုတင်ပြသော ဆီးရောဂါဆေးနည်းမှာ

လူသိနည်းပါသည်။ ယောကျာ်းသား အတော်များများ ဆီးရောဂါမျိုးစုံ ခံစားရတတ်ကြပါသည်။နနွင်းမှုန့် (၃) ပဲသား ဆီးဖြူသီး သတ္တုရည် (၁) ဇွန်း ပျားရည်စစ်စစ် (၁) ဇွန်း ထိုသုံးမျိုးကို ရောစပ်ပြီး တစ်နေ့တစ်ကြိမ်သာ အသေအချာသောက်ပါက

မုချပျောက်ပါသည်။ ယင်းဆေးနည်းအား လက်ဆင့်ကမ်းပေးခဲ့ရာ ပျောက်ကင်းသူအလွန်များပါကြောင်း။ ဝေဒနာရှင်များ လက်တွေ့ လိုက်နာဆောင်ရွက်ကြည့်ပါ ပျောက်ကင်းပါက ထပ်မံဝေမျှ ပေးကြပါရန်။ ကျန်းမာချမ်းသာကြပါစေ ပြန်ပြီးမျှဝေပေးတာပါ            

Source : ရဲမ်ိဳးသူ (ေဗာဓိၿမိဳင္)                                 

Add a Comment

Your email address will not be published. Required fields are marked *