ေျခဖဝါး လက္ဖဝါးေတြေတြ ေရဝဲ(သဲဝဲ) စားေနလွ်င္

အခ်ိဳ႕ေသာ ေတာသူေတာင္သားမ်ား၊ ျမစ္ေခ်ာင္းကမ္းနား အလုပ္လုပ္သူမ်ား၊ တပ္မေတာ္သားမ်ား ဗြက္ေရ၊ မိုးေရထဲ ခရီးသြားၾကရ၍ ေျခေခ်ာင္းေလးမ်ားၾကား မၾကခဏ သဲဝဲစားျခင္းမ်ိဳးႀကဳံတတ္ၾကပါသည္။ သဲဝဲ ( ေရဝဲ )ဟာ ကူးစက္တတ္တဲ့ မႈိေရာဂါတစ္မ်ိဳး ျဖစ္ပါသည္။ ကိုယ္တိုင္လည္း ႀကဳံဖူးၿပီး ေျခေထာက္မေထာက္ႏိုင္ေအာင္ ခံစားရပါသည္။လက္ေတြ႕လြယ္ကူစြာ

သက္သာေပ်ာက္ကင္းျခင္း ျမန္လွေသာ ေဆးၿမီးတိုေလးအား မွ်ေဝလိုက္ပါသည္။ ငွက္ေပ်ာဖူးမွ အျပင္ဘက္သို႔ကြာက်ေနသည့္ အဖက္တစ္လက္ကို မီးရႈိ႕ၿပီး ျပာခ်လိုက္ပါ။ ထိုျပာႏုေလးကို အုန္းဆီေလးႏွင့္ ေဖ်ာ္ၿပီး ေျခေခ်ာင္းေလးမ်ား၊ ေျခေခ်ာင္း ေအာက္ေျခႏွင့္ေျခဖဝါးတို႔အား လိမ္းေပးလိုက္ပါ။ (၂)(၃)ရက္အတြင္း

ေပ်ာက္ကင္းပါသည္။ မၾကာခဏ ႀကဳံေတြ႕ရေသာ သဲဝဲအတြက္ လြယ္ကူစြာျဖင့္ ေပ်ာက္ကင္းသည့္ေဆးနည္း ေလးျဖစ္ပါသည္။ အခ်ိဳ႕သြားတိုက္ေဆးသိပ္ပါသည္။ သက္သာသလိုရွိေသာ္လည္း ျမန္ဆန္စြာ မေပ်ာက္ကင္းပါ။ အခ်ိဳ႕က အာလူးစိမ္းကိုလွီးၿပီး သဲဝဲေပၚ မၾကာခဏ ကပ္ေပး၍လည္း ကုသၾကပါသည္။ သိေတာ့လည္းအလြယ္ေလးပါ။ လိုသူတို႔သုံးႏိုင္ၾကပါေစ။

Read in UNICODE

အချို့သော တောသူတောင်သားများ၊ မြစ်ချောင်းကမ်းနား အလုပ်လုပ်သူများ၊ တပ်မတော်သားများ ဗွက်ရေ၊ မိုးရေထဲ ခရီးသွားကြရ၍ ခြေချောင်းလေးများကြား မကြခဏ သဲဝဲစားခြင်းမျိုးကြုံတတ်ကြပါသည်။ သဲဝဲ ( ရေဝဲ )ဟာ ကူးစက်တတ်တဲ့ မှိုရောဂါတစ်မျိုး ဖြစ်ပါသည်။ ကိုယ်တိုင်လည်း ကြုံဖူးပြီး ခြေထောက်မထောက်နိုင်အောင် ခံစားရပါသည်။လက်တွေ့လွယ်ကူစွာ

သက်သာပျောက်ကင်းခြင်း မြန်လှသော ဆေးမြီးတိုလေးအား မျှဝေလိုက်ပါသည်။ ငှက်ပျောဖူးမှ အပြင်ဘက်သို့ကွာကျနေသည့် အဖက်တစ်လက်ကို မီးရှို့ပြီး ပြာချလိုက်ပါ။ ထိုပြာနုလေးကို အုန်းဆီလေးနှင့် ဖျော်ပြီး ခြေချောင်းလေးများ၊ ခြေချောင်း အောက်ခြေနှင့်ခြေဖဝါးတို့အား လိမ်းပေးလိုက်ပါ။ (၂)(၃)ရက်အတွင်း

ပျောက်ကင်းပါသည်။ မကြာခဏ ကြုံတွေ့ရသော သဲဝဲအတွက် လွယ်ကူစွာဖြင့် ပျောက်ကင်းသည့်ဆေးနည်း လေးဖြစ်ပါသည်။ အချို့သွားတိုက်ဆေးသိပ်ပါသည်။ သက်သာသလိုရှိသော်လည်း မြန်ဆန်စွာ မပျောက်ကင်းပါ။ အချို့က အာလူးစိမ်းကိုလှီးပြီး သဲဝဲပေါ် မကြာခဏ ကပ်ပေး၍လည်း ကုသကြပါသည်။ သိတော့လည်းအလွယ်လေးပါ။ လိုသူတို့သုံးနိုင်ကြပါစေ။

Source : ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Add a Comment

Your email address will not be published. Required fields are marked *