အဆိုးရွားဆုံးအခြေအနေတွေကို ရင်ဆိုင်ပြီး လူလားမြောက်အောင် မွေးဖွားပေးခဲ့တဲ့ မိခင်ဖြစ်သူကို ကျေးဇူးတင်စကားပြောခဲ့တဲ့ ဝင့်ယမုံနိုင်





Read in UNICODE

ဝင့်ယမုံနိုင်ကတော့ ပထမဦးဆုံး မြန်မာရုပ်သံဇာတ်လမ်းတွဲကတည်းက ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိတိုင် အောင်မြင်မှုရရှိနေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ (၁) ရက်နေ့ကတော့ ဝင့်ယမုံနိုင်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဝင့်ယမုံနိုင်က သူမရဲ့မွေးနေ့မှာ အသက်နဲ့ ရင်းပြီး မွေးဖွားပေးခဲ့တဲ့ ကျေးဇူးရှင်မေမေကို ဦးခိုက်ကန်တော့ရင်း အခုလိုပဲ

ကျေးဇူးတင်စကားဆိုထားတာကို တွေ့ရပါတယ်။ “သမီးအတွက်ကမွေးနေ့ဆိုပေမယ့် အမေ့အတွက်ကတော့ သမီးကိုမွေးတဲ့အချိန်မှာ အင်မတန်ဆိုးရွားတဲ့အဖြစ်အပျက်ကြီးကို စရင်ဆိုင်ခဲ့ရတဲ့နေ့ပါ။ သေမင်းနဲ့စစ်ခင်းပြီး အသက်အန္တာရယ်ကို ဆိုးဆိုးရွားရွားရင်ဆိုင်ခဲ့ရတဲ့ အခြေအနေ။ ဆေးရုံမှာရက်လများစွာနေရပြီး ဆိုးရွားလွန်းခဲ့တဲ့အခြေအနေတွေကို ကြံ့ကြံ့ခံ့ခဲ့ပေးတာတွေ၊ ရက်ပေါင်းများစွာ

မျှော်လင့်ချက်မဲ့နေခဲ့တာတွေ၊ အဆိုးဆုံးအခြေအနေထိဖြစ်ပြီးမှ ကံ့ကောင်းထောက်မစွာနဲ့ ပြန်ကျန်းမာလာပေးလို့ ကျေးဇူးတင်ပါတယ်မေမေ 🙏 အသက်အန္တာရာယ်ကိုအံတုပြီး ယမုံ့ကိုလူလားမြောက်အောင်မွေးဖွားပေးခဲ့တဲ့အတွက် ဦးခိုက်ကန်တော့ပါတယ် မေမေ🙏🙏🙏” ဆိုပြီး သူမရဲ့မေမေကို ကျေးဇူးတင်ဦးခိုက်ထားပါတယ်။ ဝင့်ယမုံနိုင်ကတော့ သူမမေမေရဲ့ အကောင်းဆုံးပြုပြင်ပျိုးထောင်ပေးမှုကြောင့်

အခုဆိုရင် နိုင်ငံကျော်မင်းသမီးလေးတစ်လက်ဖြစ်လို့လာတာပဲ ဖြစ်ပါတယ်။ ဝင့်ယမုံနိုင်တစ်ယောက် မွေးနေ့ကစ အသက်ရှည်ကျန်းမာစွာနဲ့ မိသားစုတွေနဲ့ အိုအောင်မင်းအောင် နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Wint Yamone Naing’s Facebook

Add a Comment

Your email address will not be published. Required fields are marked *