ဟော့ပေါ့ဆိုင်လုပ်ရင်းရတဲ့ အမြတ်ငွေလေးတွေနဲ့ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့ကြတဲ့ မိုးမိုးတို့ မိသားစု
Read in UNICODE
မိုးမိုးကတော့ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ရေးသားသီဆိုတတ်သူတစ်ယောက် ဖြစ်ပါတယ်။ မိုးမိုးက ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ သီချင်းကောင်းတွေကိုရေးသားနေပြီး သီချင်းအသစ်တွေထွက်ရှိနိုင်ဖို့ကိုလည်း ကြိုးစားနေလျက်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့
မိုးမိုးက အနုပညာအလုပ်တွေအပြင် သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အိမ်တွင်းစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဟော့ပေါ့လုပ်ငန်းကိုလည်း ဦးစီးလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား စားသုံးသူတွေကြားအောင်မြင်လာတဲ့ မိုးမိုးတို့ရဲ့ ဟော့ပေါ့လုပ်ငန်းက အခုဆိုရင်
ဈေးကွက်ထဲမှာ နေရာတစ်နေရာ ရရှိနေပြီဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင်လ (၃၁) ရက်နေ့မှာတော့ မိုးမိုးတို့ ဇနီးမောင်နှံက သူတို့ရဲ့ ဟော့ပေါ့လုပ်ငန်းက ရရှိတဲ့  အမြတ်ငွေတွေနဲ့ သစ်တံခါးဆရာတော်ဘုရားကြီးဆီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရင်း ကုသိုလ်ယူခဲ့တာကို တွေ့ရပါတယ်။ မိုးမိုးတို့ ဇနီးမောင်နှံကတော့ အရွယ်ကောင်းလူလတ်ပိုင်းများပီပီ
စီးပွားရေးမှာလည်း ကြိုးစားကြသလို ဘာသာရေးနဲ့ ကုသိုလ်ရေးကို အမြဲမပြတ် ဆောင်ရွက်နေသူများ ဖြစ်ကြပါတယ်။ မိုးမိုးတို့ ဇနီးမောင်နှံရဲ့ ဟော့ပေါ့လုပ်ငန်းကြီး ဒီထက်မက အောင်မြင်တိုးတက်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Moe Sithu Kyaw’s Facebook
Add a Comment
Your email address will not be published. Required fields are marked *