အာလူးေၾကာ္ အစပ္စားၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ပရိသတ္ေတြကို ဖိတ္ေခၚခဲ့တဲ့ တိုင္ရြန္

မင္းသားေခ်ာတစ္လက္ျဖစ္တဲ့ တိုင္႐ြန္ကေတာ့ ဒီေန႔မွာ အစပ္ႀကိဳက္တဲ့ပရိသတ္ႀကီး အာဆီယံႏိုင္ငံေတြနဲ႔ယွဥ္ၿပီး ဘယ္ေလာက္စားႏိုင္သလဲ အစြမ္းျပလို႔ ရမယ့္ အစီအစဥ္ေလးတစ္ခုကို မိတ္ဆက္ေပးခဲ့ပါတယ္။ လူတစ္ရာမွာ ခုႏွစ္ဆယ္ေလာက္အႀကိဳက္လို႔ ေျပာလို႔ရတဲ့ အစပ္အရသာကိုေတာ့

ပုံမွန္စားေနက် အစပ္အရသာထက္ ထူးကဲၿပီးစပ္ေအာင္၊စပ္ေပမယ့္အရသာလည္းရွိေအာင္ ဖန္တီးထုတ္လုပ္ထားတဲ့ ေခါက္ဆြဲေျခာက္၊ ေတာ့ပိုကီ စတဲ့အစားအစားေတြကို အခုေနာက္ပိုင္းမွာ ေတြ႕ျမင္လာရမွာပါ။ စပ္ေပမယ့္လည္း လူတိုင္း ႏွစ္ၿခိဳက္စြာ စားသုံးၾကတာေၾကာင့္ ၿပိဳင္ပြဲအစီအစဥ္ေတြနဲ႔ပါ အစပ္စားၿပိဳင္ပြဲေတြလုပ္လာၾကတာ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း

႐ိုး႐ိုးအစပ္အာလူးေၾကာ္နဲ႔မတူေအာင္ ဖန္တီးၿပီး ထုတ္လုပ္ထားတဲ့ Mister Potato ရဲ႕ Ghost pepper black crisps ေလးကေတာ့ တစ္ခ်ပ္စား႐ုံနဲ႔ေတာင္ စပ္တဲ့အရသာကို ခံစားရေစမွာပါ။ ဒီခ်ဲလင့္ေလးကို အာဆီယံ(၆) ႏိုင္ငံက ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ၿပီး

တိုင္႐ြန္ကိုေတာ့ စင္ကာပူႏိုင္ငံက ဆယ္လီတစ္ေယာက္က စိန္ေခၚလိုက္တာပဲ ျဖစ္ပါတယ္။ အစပ္အစားႏိုင္ဆုံးႏိုင္ငံက ပထမရမွာမို႔ တိုင္႐ြန္ကေတာ့ ပရိသတ္ႀကီးပါ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ဖိတ္ေခၚလိုက္တာပဲ ျဖစ္ပါတယ္။ အစပ္မစားႏိုင္တဲ့ၾကားထဲက ႀကိဳးစားယွဥ္ၿပိဳင္ထားတဲ့ တိုင္႐ြန္ရဲ႕ဗြီဒီယိုေလးကို ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝလိုက္ပါတယ္ေနာ္။

Read in UNICODE

မင်းသားချောတစ်လက်ဖြစ်တဲ့ တိုင်ရွန်ကတော့ ဒီနေ့မှာ အစပ်ကြိုက်တဲ့ပရိသတ်ကြီး အာဆီယံနိုင်ငံတွေနဲ့ယှဉ်ပြီး ဘယ်လောက်စားနိုင်သလဲ အစွမ်းပြလို့ ရမယ့် အစီအစဉ်လေးတစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ လူတစ်ရာမှာ ခုနှစ်ဆယ်လောက်အကြိုက်လို့ ပြောလို့ရတဲ့ အစပ်အရသာကိုတော့

ပုံမှန်စားနေကျ အစပ်အရသာထက် ထူးကဲပြီးစပ်အောင်၊စပ်ပေမယ့်အရသာလည်းရှိအောင် ဖန်တီးထုတ်လုပ်ထားတဲ့ ခေါက်ဆွဲခြောက်၊ တော့ပိုကီ စတဲ့အစားအစားတွေကို အခုနောက်ပိုင်းမှာ တွေ့မြင်လာရမှာပါ။ စပ်ပေမယ့်လည်း လူတိုင်း နှစ်ခြိုက်စွာ စားသုံးကြတာကြောင့် ပြိုင်ပွဲအစီအစဉ်တွေနဲ့ပါ အစပ်စားပြိုင်ပွဲတွေလုပ်လာကြတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း

ရိုးရိုးအစပ်အာလူးကြော်နဲ့မတူအောင် ဖန်တီးပြီး ထုတ်လုပ်ထားတဲ့ Mister Potato ရဲ့ Ghost pepper black crisps လေးကတော့ တစ်ချပ်စားရုံနဲ့တောင် စပ်တဲ့အရသာကို ခံစားရစေမှာပါ။ ဒီချဲလင့်လေးကို အာဆီယံ(၆) နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး

တိုင်ရွန်ကိုတော့ စင်ကာပူနိုင်ငံက ဆယ်လီတစ်ယောက်က စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အစပ်အစားနိုင်ဆုံးနိုင်ငံက ပထမရမှာမို့ တိုင်ရွန်ကတော့ ပရိသတ်ကြီးပါ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အစပ်မစားနိုင်တဲ့ကြားထဲက ကြိုးစားယှဉ်ပြိုင်ထားတဲ့ တိုင်ရွန်ရဲ့ဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော်။

Source : Tyron Bejay | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *