သားအလတ္ျဖစ္သူရဲ႕ ေမြးေန႔မွာ ရာနဲ႔ခ်ီတဲ့အ႐ုပ္ေတြကို လွဴဒါန္းသြားမယ္ဆိုတဲ့ ပိုင္ေဇရဲထြန္းတို႔ ဇနီးေမာင္ႏွံ

တစ္ေခတ္တစ္ခါက ပိုင္ေဇရဲထြန္းကေတာ့ ပ်ိဳတိုင္းၾကိဳက္တဲ့ နွင္းဆီခိုင္တစ္ေယာက္ျဖစ္ေပမယ့္ အခုလက္ရိွမွာေတာ့ အိမ္ေထာင္ရွင္တစ္ေယာက္အျဖစ္ သားသမီးသံုးေယာက္ကို ပိုင္ဆိုင္ထားျပီပဲ ျဖစ္ပါတယ္။ ပိုင္ေဇရဲထြန္းက ရံဖန္ရံခါမွာ အနုပညာအလုပ္ေတြကို လုပ္ကိုင္ရင္း

ဆုန္၊ တိုး၊ ျငိမ္းဆိုတဲ့ သားသမီးသံုးေယာက္နဲ့အတူတူ အဓိပၸာယ္ရိွတဲ့ မိသားစုဘဝေလးကို ပံုေဖာ္ေနၾကတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ပိုင္ေဇရဲထြန္းနဲ့တကြ သူ့ရဲ့ မိသားစုေလးကိုပါ ခ်စ္ခင္အားေပးၾကတာ ျဖစ္ပါတယ္။ မေန့က ဇူလိုင္လ (၃၀)ရက္ေန့ကေတာ့ ပိုင္ေဇရဲထြန္းရဲ့

သားအလတ္ တိုးေလးရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ပိုင္ေဇရဲထြန္းတို့ဇနီးေမာင္နွံက သားေလးအတြက္ ေပ်ာ္ရႊင္ဖြယ္ရာေမြးေန့ေလးကို ဖန္တီးေပးခဲ့သလို သားေလးအတြက္ ကုသိုလ္ရေအာင္လည္း အလွဴအတန္းေတြ ျပဳလုပ္ေပးခဲ့ပါတယ္။ ပိုင္ေဇရဲထြန္းတို့က သားအလတ္တိုးရဲ့ ေမြးေန့မွာ ရာနဲ့ခ်ီတဲ့

အရုပ္ေတြကို မိဘမဲ့ကေလးငယ္ေတြဆီ လွဴဒါန္းေပးသြားမယ္လို့ သိရပါတယ္။ ပိုင္ေဇရဲထြန္းတို့ မိသားစုေလးကေတာ့ ေနြးေထြးၾကင္နာျပီး တစ္ေယာက္ရဲ့လိုအပ္ခ်က္ကိုတစ္ေယာက္ ျဖည့္စည္းေပးေနၾကလ်က္ရိွပါတယ္။ ပရိသတ္ၾကီးလည္း ပိုင္ေဇရဲထြန္းတို့ မိသားစုေလးရဲ့ အလွဴေလးကို သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ရက္ေလးတစ္ရက္ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္။

Read in UNICODE

တစ်ခေတ်တစ်ခါက ပိုင်ဇေရဲထွန်းကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ယောက်ဖြစ်ပေမယ့် အခုလက်ရှိမှာတော့ အိမ်ထောင်ရှင်တစ်ယောက်အဖြစ် သားသမီးသုံးယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းက ရံဖန်ရံခါမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း

ဆုန်၊ တိုး၊ ငြိမ်းဆိုတဲ့ သားသမီးသုံးယောက်နဲ့အတူတူ အဓိပ္ပာယ်ရှိတဲ့ မိသားစုဘဝလေးကို ပုံဖော်နေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပိုင်ဇေရဲထွန်းနဲ့တကွ သူ့ရဲ့ မိသားစုလေးကိုပါ ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ်။ မနေ့က ဇူလိုင်လ (၃၀)ရက်နေ့ကတော့ ပိုင်ဇေရဲထွန်းရဲ့

သားအလတ် တိုးလေးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံက သားလေးအတွက် ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးကို ဖန်တီးပေးခဲ့သလို သားလေးအတွက် ကုသိုလ်ရအောင်လည်း အလှူအတန်းတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ပိုင်ဇေရဲထွန်းတို့က သားအလတ်တိုးရဲ့ မွေးနေ့မှာ ရာနဲ့ချီတဲ့

အရုပ်တွေကို မိဘမဲ့ကလေးငယ်တွေဆီ လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ ပိုင်ဇေရဲထွန်းတို့ မိသားစုလေးကတော့ နွေးထွေးကြင်နာပြီး တစ်ယောက်ရဲ့လိုအပ်ချက်ကိုတစ်ယောက် ဖြည့်စည်းပေးနေကြလျက်ရှိပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဇေရဲထွန်းတို့ မိသားစုလေးရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Zin Thae Naing’s Facebook

Add a Comment

Your email address will not be published. Required fields are marked *