သစ်တံခါးဆရာတော်ကြီးကို နေ့ဆွမ်း ဝါဆိုသင်္ကန်းနှင့် နဝကမ္မကပ်အလှူငွေများ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်
Read in UNICODE
မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသမီး ခိုင်သင်းကြည် ကတော့ ဇာတ်ကားပေါင်းများစွာကို ပါဝင်သရုပ်ထားပြီး ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ စွယ်စုံရ အနုပညာရှင်
တစ်ယောက်ပဲဖြစ်ပါတယ်။ ခိုင်သင်းကြည် က လတ်ရှိမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့သာလုပ်ကိုင်နေတာတွေ့ရပါတယ်။ ယနေ့အချိန်ထိလည်း ခိုင်သင်းကြည် က ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေပြီး လှပချောမောနေတုန်းပါ။ ယခုမှာဆိုရင်လည်း ခိုင်သင်းကြည် က
ပရိသတ်တွေ ကြည်နူးပီတိဖြစ်စေမယ့် အလှူပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။ သူမ ပြုလုပ်ခဲ့တဲ့ အလှူလေးကတော့ သစ်တံခါးဆရာတော်ဘုရားအား အသိမိတ်ဆွေ အိမ်လေးမှာ သွားရောက်ပြီး နေ့ဆွမ်း ဆပ်ကပ်ခြင်း ၊
ဝါဆိုသင်္ကန်း များ နှင့် နဝကမ္မအလှူငွေ များကို လှူဒါန်းခဲ့ကာ ကောင်းမှုကုသိုလ်လေးကို ရယူခဲ့တာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ခိုင်သင်းကြည် က “သစ်တံခါးဆရာတော်ဘုရားအား နေ့ဆွမ်း ဆပ်ကပ်ခြင်း၊ ဝါဆိုသင်္ကန်း များ နှင့် နဝကမ္မအလှူငွေ များကို ဆရာ+ အမ တို့အိမ်
မှာ လှူဒါန်းကုသိုလ်ယူ ” ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ခိုင်သင်းကြည် က အလှူအတန်းတွေကိုလည်း မကြာခဏဆိုသလို လှူဒါန်းပေးတာတွေ့ရပြီး သူမရဲ့ အလှူပုံရိပ်လေးတွေကိုလည်း အမြဲမျှဝေပေးတာတွေ့ရပါတယ်။ ယခုလို ပြုခဲ့တဲ့ ကောင်းမှု
ကုသိုလ် စိတ်စေတနာအကျိုးတွေကြောင့် ကျန်းမာပျော်ရွှင်ပြီး အနုပညာအလုပ်တွေကို ဒီထက်မက အောင်မြင်ပါစေနော်…။ ချစ်ပရိသတ်တွေလည်း ခိုင်သင်းကြည် ရဲ့ အလှူပုံရိပ်လေးတွေကို ကြည့်ရှုရင်း သူမကို ဆုတောင်းမေတ္တာပို့သပေးလိုက်ပါဦးနော်…။
Source : Khine Thin Kyi’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *