ေငြမကုန္ဘဲ အသည္းေဆးႏိုင္သည့္ ျမန္မာ့႐ိုးရာ တိုင္းရင္းေဆး

ေငြမကုန္ပဲ အသည္းေဆးႏိုင္သည့္ တိုင္းရင္းေဆးနည္းေလးကို ျပန္လည္မွ်ေဝလိုက္ရပါတယ္ေနာ္…တစ္ပတ္တစ္ႀကိမ္ အဆိပ္အပုပ္ထုတ္တဲ့အစီအစဥ္အရအခုအပတ္မွာ အလွည့္က်တာကေတာ့အသည္းကိုေဆးဖို႔ပဲျဖစ္ပါတယ္။ ခႏၶာကိုယ္မွာအသည္းဟာအေရးႀကီးတဲ့ အဂၤါတစ္ခုျဖစ္သလို အလုပ္အမ်ားဆုံးေသာကလီစာလည္းျဖစ္ပါတယ္။ စားအမွ်အစာေတြကအဆိပ္ေတြကိုေျဖေပးရပါတယ္။ေန႔စဥ္စားေနတဲ့

အစာေတြထဲမွာ အဆိပ္ေတြကအမ်ားႀကီးပဲ။ဒါေၾကာင့္အသည္းေကာင္းဖို႔သိပ္အေရးႀကီးပါတယ္။ အသည္းကိုေဆးဖို႔အေကာင္းဆုံးကေတာ့ မန္က်ည္းေဖ်ာ္ရည္ျဖစ္ပါတယ္။ မန္က်ည္းသီးဟာအသည္းအတြက္ သဘာဝကေပးထားတဲ့ေဆး လည္းျဖစ္ပါတယ္။ အသည္းကိုႏုပ်ိဳေစပါတယ္။အသည္းေျခာက္ျခင္း၊ က်ဳံ႕ျခင္း၊ႂကြပ္ျခင္း၊ ဆတ္ျခင္း၊ပုပ္ျခင္းေတြ မျဖစ္ေအာင္ကာကြယ္ေပးပါတယ္။ အခုေခတ္မွာ

Bပိုး Cပိုး Hပိုး စသည္ျဖင့္ ျဖစ္ၾကတာဟာ အသည္းပုပ္လို႔ပါ။ ပိုးဆိုတာပုပ္မွတြယ္တာပါ။ မပုပ္ရင္မတြယ္ပါဘူး။အဲ့လိုပိုးမတြယ္ေအာင္အသည္းကို ေဆးေၾကာေပးဖို႔လိုပါတယ္။ ႐ိုး႐ိုးေလးပါပဲ၊ မန္က်ည္းေဖ်ာ္ရည္ေသာက္ေပး႐ုံပဲျဖစ္ပါတယ္။ မန္က်ည္းမွည့္လက္တစ္ဆုပ္၊ ထန္းလ်က္သင့္႐ုံ၊ ဆားအနည္းငယ္ကိုမတ္ခြက္ထဲမွာထည့္ၿပီး ေရေႏြးဆူကိုေလာင္းထည့္ပါ။ မနက္ထဲက

ႏွပ္ထားရင္ညေနဆိုေသာက္လို႔ရပါၿပီ။ ဆန္ကာနဲ႔စစ္လိုက္ရင္ အရသာရွိတဲ့မန္က်ည္းေဖ်ာ္ရည္ကိုရၿပီေပါ့။ သံပရာသီးႀကိဳက္ရင္ညႇစ္ထည့္၊ ေအးေအးေလးေသာက္ခ်င္ရင္ ေရခဲထည့္ေသာက္ပါ။ အသည္းကအဆိပ္အပုပ္ေတြသာမကဝမ္းဗိုက္ထဲကအပူအပုပ္ေတြလည္းထြက္သြားၿပီးလူကေပါ့ပါးလန္းဆန္းသြားပါလိမ့္မယ္။ အဆိပ္အပုပ္အပူအစပ္ေတြကင္း ရွင္းသြားေတာ့ေသြးသားသန႔္စင္ၿပီးအလွေတြလည္းတိုးၿပီေပါ့။

Read in UNICODE

ငွေမကုန်ပဲ အသည်းဆေးနိုင်သည့် တိုင်းရင်းဆေးနည်းလေးကို ပြန်လည်မျှဝေလိုက်ရပါတယ်နော်…တစ်ပတ်တစ်ကြိမ် အဆိပ်အပုပ်ထုတ်တဲ့အစီအစဉ်အရအခုအပတ်မှာ အလှည့်ကျတာကတော့အသည်းကိုဆေးဖို့ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာအသည်းဟာအရေးကြီးတဲ့ အင်္ဂါတစ်ခုဖြစ်သလို အလုပ်အများဆုံးသောကလီစာလည်းဖြစ်ပါတယ်။ စားအမျှအစာတွေကအဆိပ်တွေကိုဖြေပေးရပါတယ်။နေ့စဉ်စားနေတဲ့

အစာတွေထဲမှာ အဆိပ်တွေကအများကြီးပဲ။ဒါကြောင့်အသည်းကောင်းဖို့သိပ်အရေးကြီးပါတယ်။ အသည်းကိုဆေးဖို့အကောင်းဆုံးကတော့ မန်ကျည်းဖျော်ရည်ဖြစ်ပါတယ်။ မန်ကျည်းသီးဟာအသည်းအတွက် သဘာဝကပေးထားတဲ့ဆေး လည်းဖြစ်ပါတယ်။ အသည်းကိုနုပျိုစေပါတယ်။အသည်းခြောက်ခြင်း၊ ကျုံ့ခြင်း၊ကြွပ်ခြင်း၊ ဆတ်ခြင်း၊ပုပ်ခြင်းတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ အခုခေတ်မှာ

Bပိုး Cပိုး Hပိုး စသည်ဖြင့် ဖြစ်ကြတာဟာ အသည်းပုပ်လို့ပါ။ ပိုးဆိုတာပုပ်မှတွယ်တာပါ။ မပုပ်ရင်မတွယ်ပါဘူး။အဲ့လိုပိုးမတွယ်အောင်အသည်းကို ဆေးကြောပေးဖို့လိုပါတယ်။ ရိုးရိုးလေးပါပဲ၊ မန်ကျည်းဖျော်ရည်သောက်ပေးရုံပဲဖြစ်ပါတယ်။ မန်ကျည်းမှည့်လက်တစ်ဆုပ်၊ ထန်းလျက်သင့်ရုံ၊ ဆားအနည်းငယ်ကိုမတ်ခွက်ထဲမှာထည့်ပြီး ရေနွေးဆူကိုလောင်းထည့်ပါ။ မနက်ထဲက

နှပ်ထားရင်ညနေဆိုသောက်လို့ရပါပြီ။ ဆန်ကာနဲ့စစ်လိုက်ရင် အရသာရှိတဲ့မန်ကျည်းဖျော်ရည်ကိုရပြီပေါ့။ သံပရာသီးကြိုက်ရင်ညှစ်ထည့်၊ အေးအေးလေးသောက်ချင်ရင် ရေခဲထည့်သောက်ပါ။ အသည်းကအဆိပ်အပုပ်တွေသာမကဝမ်းဗိုက်ထဲကအပူအပုပ်တွေလည်းထွက်သွားပြီးလူကပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။ အဆိပ်အပုပ်အပူအစပ်တွေကင်း ရှင်းသွားတော့သွေးသားသန့်စင်ပြီးအလှတွေလည်းတိုးပြီပေါ့။

Source ; Min Kyaw Win, Happy and Lucky

Add a Comment

Your email address will not be published. Required fields are marked *