အက်ႌဆိုင္မွာ လာအားပေးတာထက် ဝင်မွှေပြီး ဝတ်ထားတဲ့ အင်္ကျီကို (၅၀၀၀)နဲ့ ချွတ်ရောင်းခဲ့တဲ့ သူငယ်ချင်း ကိုဘင်းကြောင့် စိတ်ညစ်နေပြီဆိုတဲ့ ကေညီ





Read in UNICODE

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တွေဖြစ်တဲ့ ကေညီနဲ့ ကိုဘင်းတို့ကို အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကေညီနဲ့ ကိုဘင်းတို့ကတော့ ဇာတ်ရုပ်တိုင်းအတွက် အကောင်းဆုံး

ဇာတ်ပို့သရုပ်ဆောင်ပေးနိုင်တဲ့ သရုပ်ဆောင်ကောင်းတွေဖြစ်ပြီး အပြင်မှာလည်း ပျော်ရွှင်တက်ကြွစွာ နေတတ်လို့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားသူတွေပဲဖြစ်ပါတယ်.။ ရုပ်ရှင်လောကသား အနုပညာသမားအချင်းချင်း အရင်းနှီးဆုံး သူငယ်ချင်းတွေဆိုရင်လည်း မှားမယ် မထင်ပါဘူးနော်.။ ပြောမနာဆိုမနာ ရင်းနှီးကြတဲ့ သူငယ်ချင်းတွေမို့ ဖွင်ထားတဲ့ အင်္ကျီဆိုင်ကို လာအားပေးသူ

သူငယ်ချင်း ကိုဘင်းအကြောင်းကို ပုံလေးတွေနဲ့အတူ ကေညီ က “Snazzy ဆိုင်မှာ မောင်ဘင်း လာဝယ်တာ တစ်ထည်ပဲ.။ ဆိုင်မှာဖွ သွားတာ အထည်(၅၀)လောက်ရှိတယ်.။ ဝယ်တဲ့အကျီကို တစ်ခါတည်းဝတ်သွားပြီးနောက် သူဝတ်လာတဲ့အကျီကို (၅၀၀၀)နဲ့အတင်းပြန်ရောင်းနေတယ်.။ ဒီအရူးကို လာဆွဲကြပါအုံးဗျာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ အရင်းနှီးဆုံး သူငယ်ချင်းတွေမို့ ဝင်မွှေပြီး ပျော်မဆုံးဖြစ်နေတဲ့ ကိုဘင်းရဲ့ ပုံတွေကို ရိုက်ပြီးကေညီတစ်ယောက်

မကျေမနပ်တဲ့အကြောင်းတွေကို ပရိသတ်တွေဆီ ရင်ဖွင့်တင်လာခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးထဲမှာရော ကေညီနဲ့ ကိုဘင်းတို့ သူငယ်ချင်းနှစ်ယောက်လို တစ်ယောက်နဲ့ တစ်ယောက် မွှေဖို့ပဲ စဉ်းစားနေတတ်တဲ့သူငယ်ချင်းတွေပိုင်ဆိုင်ထားသူတွေရော ရှိလား..??။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။

Source : K Nyi’s Facebook

Add a Comment

Your email address will not be published. Required fields are marked *