ကိုဗစ်ကာလမှာ စားဝတ်နေရေး အဆင်မပြေကြတဲ့ အနုပညာရှင်တွေကို ကန်တော့ရင်း ပြန်ကြားရတဲ့ ဆုတောင်းစကားတွေကြောင့် အတိုင်းမသိဝမ်းသာမိတယ်ဆိုတဲ့ ဖြူဖြူထွေး
Read in UNICODE
ဆယ်လီအဖြစ်နဲ့ အနုပညာလောကထဲသို့ ဝင်ရောက်လာတဲ့ ဖြူဖြူထွေးကိုတော့ ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဖြူဖြူထွေးကတော့ ကိုယ်တိုင်ဇာတ်ညွှန်းရေးစပ်ပြီး ကိုယ်တိုင်ရိုက်ကူးလေ့ရှိတဲ့ဇာတ်လမ်းတွဲအတိုလေးတွေကို
ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူ ကျကာ အောင်မြင်လာတဲ့သူတစ်ဦးပါပဲနော်။ သူမရဲ့အနုပညာကြေးတွေနဲ့ လိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက်လေးလှူဒါန်းပေးလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ အနုပညာလောကမှာ ရပ်နားထားရတဲ့ သရုပ်ဆောင်တွေကို ခေါ်ပြီး ဇာတ်လမ်းအတိုလေးတွေရိုက်ကူးထားတဲ့
ဗီဒီယိုလေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဇူလိုင်လ(၃၀)ရက်နေ့မှာတော့ “ဖြူဖြူထွေးလေးရဲ့ ရင်ထဲမှာ ဘယ်လောက်ပီတိ ဖြစ်နေလဲဆိုတာ ဒီVideoလေးက သက်သေပါ”လို့ဆိုပြီး သရုပ်ဆောင်တွေကို ကန်တော့ရင်း ဆုပြန်ပေးတဲ့စကားတွေကြောင့် ပီတိဖြစ်မိနေတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက်
အနုပညာလောကမှာလိုအပ်နေတဲ့သရုပ်ဆောင်တွေကို ကန်တော့ရင်း ကြားရတဲ့ ချီးကျုးစကားကြောင့် ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Phyu Phyu Htwe’s Facebook
Add a Comment
Your email address will not be published. Required fields are marked *