ေဖ့ဘြတ္ကေန ေဖ်ာ္ေျဖေရးႏွင့္ ႏွစ္ပါးသြားအကေတြ တိုက္႐ိုက္တင္ဆက္ေပးသြားမယ္ဆိုတဲ့ ဖိုးခ်စ္

ေ႐ႊမန္းသားေလးဖိုးခ်စ္ရဲ႕ဇာတ္သဘင္ကေတာ့ ဇာတ္သဘင္ေလာကမွာ ထိပ္တန္းေနရာရထားတဲ့ဇာတ္သဘင္တစ္ခုပါ။ ငယ္႐ြယ္သူတစ္ေယာက္ျဖစ္ေပမယ့္ ျမန္မာ့ယဥ္ေက်းမႈကို အစဥ္တစိုက္ေလ့လာအားထုတ္ေနမႈနဲ႔ ဦးေဆာင္ႏိုင္စြမ္းရွိမႈတို႔ေၾကာင့္ ဖိုးခ်စ္ရဲ႕ဇာတ္ ဆိုရင္ မႀကိဳက္တဲ့သူမရွိေလာက္ေအာင္

ေအာင္ျမင္မႈရရွိေနတာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာလည္း ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံးရဲ႕ ဥကၠဌအျဖစ္ေဆာင္႐ြက္ေနသလို ဒုကၡေရာက္ေနသူေတြအတြက္ စဥ္းစားၿပီး အစီစဥ္တခ်ိဳ႕လုပ္ေဆာင္ေနသူပါ။ ကိုဗစ္ကာစတင္ကတည္းက ပိုသူလႉ လိုသူကူ အစီအစဥ္ကို ဦးေဆာင္ကာ

ဒုကၡေရာက္ေနသူေတြကို ကူညီေနသလို မၾကာေသးခင္က ဖားကန္႔ေျမၿပိဳမႈမွာလည္း ေျမၿပိဳမႈေၾကာင့္ နစ္နာသူေတြကို အြန္လိုင္းေဈးေရာင္းကာ တစ္တပ္တစ္အားကူညီႏိုင္ဖို႔ ႀကိဳးစားေနသူပါ။ ဒီေန႔မွာေတာ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ပြဲငတ္ေနတဲ့ပရိသတ္ေတြ၊ စိတ္ဒုကၡေရာက္ေနရတဲ့ပရိသတ္ေတြအတြက္ ဖိုးခ်စ္ရဲ႕ ႏွစ္ပါးသြားအကအလွ နဲ႔ေဖ်ာ္ေျဖေရးေတြကို

ေဖ့ဘြတ္ေပ့ခ်္ကေနတဆင့္ တိုက္႐ိုက္ထုတ္လႊင့္ေဖ်ာ္ေျဖသြားမွာျဖစ္ေၾကာင္း သတင္းေကာင္းေလးကို မွ်ေဝခဲ့ပါတယ္။ ” ၿမိဳ႕ေ႐ႊမန္းသားဖိုးခ်စ္တို႔ကတဲ့ဇာတ္အလွသဘင္” ေပ့ခ်္ မွ 14-8-2020(သို႔မဟုတ္)15-8-2020 မွာ တိုက္႐ိုက္ထုတ္လႊင့္ေပးသြားမွာပါတဲ့ ပရိသတ္ႀကီးေရ… ဖိုးခ်စ္ရဲ႕ခ်စ္ပရိသတ္ႀကီးေရ ေပ့ခ်္ေလးကို LIKE လုပ္ၿပီး ေစာင့္ၾကည့္ၾကဖို႔ မေမ့ပါနဲ႔ဦးေနာ္။

Read in UNICODE

ရွှေမန်းသားလေးဖိုးချစ်ရဲ့ဇာတ်သဘင်ကတော့ ဇာတ်သဘင်လောကမှာ ထိပ်တန်းနေရာရထားတဲ့ဇာတ်သဘင်တစ်ခုပါ။ ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် မြန်မာ့ယဉ်ကျေးမှုကို အစဉ်တစိုက်လေ့လာအားထုတ်နေမှုနဲ့ ဦးဆောင်နိုင်စွမ်းရှိမှုတို့ကြောင့် ဖိုးချစ်ရဲ့ဇာတ် ဆိုရင် မကြိုက်တဲ့သူမရှိလောက်အောင်

အောင်မြင်မှုရရှိနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ်ဆောင်ရွက်နေသလို ဒုက္ခရောက်နေသူတွေအတွက် စဉ်းစားပြီး အစီစဉ်တချို့လုပ်ဆောင်နေသူပါ။ ကိုဗစ်ကာစတင်ကတည်းက ပိုသူလှူ လိုသူကူ အစီအစဉ်ကို ဦးဆောင်ကာ

ဒုက္ခရောက်နေသူတွေကို ကူညီနေသလို မကြာသေးခင်က ဖားကန့်မြေပြိုမှုမှာလည်း မြေပြိုမှုကြောင့် နစ်နာသူတွေကို အွန်လိုင်းဈေးရောင်းကာ တစ်တပ်တစ်အားကူညီနိုင်ဖို့ ကြိုးစားနေသူပါ။ ဒီနေ့မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် ပွဲငတ်နေတဲ့ပရိသတ်တွေ၊ စိတ်ဒုက္ခရောက်နေရတဲ့ပရိသတ်တွေအတွက် ဖိုးချစ်ရဲ့ နှစ်ပါးသွားအကအလှ နဲ့ဖျော်ဖြေရေးတွေကို

ဖေ့ဘွတ်ပေ့ချ်ကနေတဆင့် တိုက်ရိုက်ထုတ်လွှင့်ဖျော်ဖြေသွားမှာဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။ ” မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ဇာတ်အလှသဘင်” ပေ့ချ် မှ 14-8-2020(သို့မဟုတ်)15-8-2020 မှာ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာပါတဲ့ ပရိသတ်ကြီးရေ… ဖိုးချစ်ရဲ့ချစ်ပရိသတ်ကြီးရေ ပေ့ချ်လေးကို LIKE လုပ်ပြီး စောင့်ကြည့်ကြဖို့ မမေ့ပါနဲ့ဦးနော်။

Source : Phoe Chit’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *