သမီးျဖစ္သူ သဇင္ထူးျမင့္ သ႐ုပ္ေဆာင္ထားတဲ့ သီခ်င္းဗီဒီယိုမွာ ဒါ႐ိုက္တာအျဖစ္ ကိုယ္တိုင္႐ိုက္ကူးေပးခဲ့တဲ့ ခင္လွိုင္

ဇာတ္ပို့သရုပ္ေဆာင္၊ လူရႊင္ေတာ္ ခင္လိႈင္ကေတာ့ သူ့ဘဝရဲ့ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို အနုပညာအလုပ္ေတြထဲမွာ နစ္ျမွပ္ထားခဲ့သူ ျဖစ္ပါတယ္။ ခင္လိႈင္က ေနာက္ပိုင္းမွာေတာ့ ခင္လိႈင္ (ဥာဏ္ၾကီးရွင္) နာမည္နဲ့ ရုပ္ရွင္ဗီဒီယိုဇာတ္ကားေတြကို ကုိယ္တိုင္ဒါရိုက္တာလုပ္ ရိုက္ကူးလာတာပဲ ျဖစ္ပါတယ္။ ခင္လိႈင္ရိုက္ကူးျပီးသမွ်ထဲက ရံုတင္ဇာတ္ကားေတြမွာ

“ခ်ိဳးရုပ္” ရုပ္ရွင္ဇာတ္ကားၾကီးက ေတာ္ေတာ္ေလး ေအာင္ျမင္ခဲ့ျပီး ေက်ာ္ၾကားခဲ့တာကို ေတြ့ရပါတယ္။ သားသမီးေတြကို အနုပညာအေမြေတြ လက္ဆင့္ကမ္းထားနိုင္ျပီျဖစ္တဲ့ ခင္လိႈင္က ဒီကေန့မွာေတာ့ သမီးငယ္ သဇင္ထူးျမင့္သရုပ္ေဆာင္ထားတဲ့ သီခ်င္း MV မွာ ကုိယ္တိုင္ဒါရိုက္တာလုပ္ရိုက္ကူးေပးခဲ့တဲ့အမွတ္တရေလးကို ခ်ျပလာပါတယ္။ ခင္လိႈင္က “ခ်စ္သမီးေလးသဲသဲရဲ႕ အႏုပညာ

သက္တမ္းမွာေဖေဖဒါ႐ိုက္တာဉာဏ္ႀကီးရွင္နဲ႔ပထမဆုံးဆံုေတြ႕မႈ႕ေလးပါ” ဆိုျပီး သူကိုယ္တိုင္ ဒါရိုက္တာလုပ္ရိုက္ကူးထားျပီး သဇင္ထူးျမင့္သရုပ္ေဆာင္ေပးထားတဲ့ ထြန္းဝီရနဲ့ ေနမိုးဝင္းတို့ သီဆိုထားတဲ့ “ရည္းစားလိုခ်င္တယ္” MV ေလးကို ခ်ျပလာပါတယ္။ ခင္လိႈင္ကေတာ့ သူကိုယ္တိုင္ ေအာင္ျမင္တဲ့ အနုပညာလမ္းမမွာ ေလွ်ာက္လွမ္းေနသလို သားသမီးေတြကိုလည္း

လက္တြဲေခၚယူေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း “ရည္းစားလိုခ်င္တယ္” MV ေလးကို သေဘာက်ၾကိဳက္နွစ္သက္ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ရက္ေလးတစ္ရက္ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။

Read in UNICODE

ဇာတ်ပို့သရုပ်ဆောင်၊ လူရွှင်တော် ခင်လှိုင်ကတော့ သူ့ဘဝရဲ့ အချိန်တော်တော်များများကို အနုပညာအလုပ်တွေထဲမှာ နစ်မြှပ်ထားခဲ့သူ ဖြစ်ပါတယ်။ ခင်လှိုင်က နောက်ပိုင်းမှာတော့ ခင်လှိုင် (ဉာဏ်ကြီးရှင်) နာမည်နဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေကို ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးလာတာပဲ ဖြစ်ပါတယ်။ ခင်လှိုင်ရိုက်ကူးပြီးသမျှထဲက ရုံတင်ဇာတ်ကားတွေမှာ

“ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားကြီးက တော်တော်လေး အောင်မြင်ခဲ့ပြီး ကျော်ကြားခဲ့တာကို တွေ့ရပါတယ်။ သားသမီးတွေကို အနုပညာအမွေတွေ လက်ဆင့်ကမ်းထားနိုင်ပြီဖြစ်တဲ့ ခင်လှိုင်က ဒီကနေ့မှာတော့ သမီးငယ် သဇင်ထူးမြင့်သရုပ်ဆောင်ထားတဲ့ သီချင်း MV မှာ ကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်ကူးပေးခဲ့တဲ့အမှတ်တရလေးကို ချပြလာပါတယ်။ ခင်လှိုင်က “ချစ်သမီးလေးသဲသဲရဲ့ အနုပညာ

သက်တမ်းမှာဖေဖေဒါရိုက်တာဉာဏ်ကြီးရှင်နဲ့ပထမဆုံးဆုံတွေ့မှု့လေးပါ” ဆိုပြီး သူကိုယ်တိုင် ဒါရိုက်တာလုပ်ရိုက်ကူးထားပြီး သဇင်ထူးမြင့်သရုပ်ဆောင်ပေးထားတဲ့ ထွန်းဝီရနဲ့ နေမိုးဝင်းတို့ သီဆိုထားတဲ့ “ရည်းစားလိုချင်တယ်” MV လေးကို ချပြလာပါတယ်။ ခင်လှိုင်ကတော့ သူကိုယ်တိုင် အောင်မြင်တဲ့ အနုပညာလမ်းမမှာ လျှောက်လှမ်းနေသလို သားသမီးတွေကိုလည်း

လက်တွဲခေါ်ယူနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “ရည်းစားလိုချင်တယ်” MV လေးကို သဘောကျကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Khin Hlaing & V7Entertainment’s Facebook

Add a Comment

Your email address will not be published. Required fields are marked *