ေမြ႕ေန႔မွာ အတူမရွိေပးႏိုင္တဲ့ ကြယ္လြန္သြားေလသူ မိခင္ႀကီးအတြက္ ဝါဆိုသကၤန္း နဲ႔ ဝတၳဳေငြမ်ား ရည္စူး လွဴဒါန္းေပးခဲ့တဲ့ ဆုျမတ္ႏိုးဦး

ဆုျမတ္နိုးဦးကေတာ့ ျပီးခဲ့တဲ့ ေမလ (၃) ရက္ေန့ကပဲ သူမရဲ့ မိခင္ၾကီးကို ရုတ္တရက္ ဆံုးရႈံးလိုက္ရတာပဲ ျဖစ္ပါတယ္။ မေမွ်ာ္လင့္ပဲ ဘဝထဲကေန ထြက္ခြာသြားတဲ့ မိခင္ၾကီးအတြက္ ဆုျမတ္နိုးဦးက စိတ္မေကာင္းျခင္းမ်ားစြာျဖစ္ခဲ့ရသလို ဒီေန့ဒီအခ်ိန္ထိလည္း မိခင္ၾကီးအတြက္

ရည္စူးျပီး အလွဴအတန္းေတြ ျပဳလုပ္ေပးေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့ ဇူလိုင္လ (၃၀)ရက္ေန့ကေတာ့ ဆုျမတ္နိုးဦးရဲ့ ေမြးေန့ေလးျဖစ္ျပီး ဆုျမတ္နိုးဦးက သူမရဲ့ေမြးေန့မွာ မရိွေတာ့တဲ့ေမေမအတြက္ အလွဴအတန္းမ်ားလုပ္ခဲ့ေၾကာင္းကို အခုလိုပဲ မွ်ေဝထားပါတယ္။ “ဒီေန႔သမီးရဲ႕ေမြးေန႔အလႉအျဖစ္

သန္လ်င္စက္ပစ္ကြင္းေက်ာင္းနဲ႔ သန္လ်င္ဆုေတာင္းျပည့္တိုင္းရင္းသားလူငယ္ဖြံ႕ၿဖိဳးေရးပရဟိတေက်ာင္း တို႔မွာ ဝါဆိုသကၤန္းနဲ႔ အလႉေငြမ်ားလႉဒါန္းခဲ့ပါတယ္။ ျပဳျပဳသမွ်ေကာင္းမႈကုသိုလ္အဖို႔ကိုအမွ်ေပးေဝပါတယ္ မိသားစုနဲ႔႐ုတ္တရက္ခြဲခြာပီး ဘဝတပါးကိုကူးေျပာင္းသြားတဲ့ေမေမလဲရရွိပါေစ 🙏🏼🙏🏼🙏🏼 အမွ် အမွ် အမွ်။ သာဓု သာဓု သာဓု” ဆိုျပီး သူမျပဳသမွ် ေကာင္းမႈအစုစုကို မိခင္အတြက္ အမွ်ေပးေဝထားပါတယ္။ ဆုျမတ္နိုးဦးကေတာ့

ေမြးေန့မွာ အတူတူမရိွေပးနိုင္ေတာ့တဲ့ ေမြးသမိခင္ၾကီးကို ပိုလို့ေတာင္ လြမ္းဆြတ္တမ္းတေနမယ္ ထင္ပါတယ္။ ဆုျမတ္နိုးဦးရဲ့ မိခင္ၾကီးလည္း ေကာင္းရာမြန္ရာ ဘံုဘဝကေနျပီး ျပဳသမွ်ေကာင္းမႈအစုစုအတြက္ သာဓုေခၚဆိုနိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ရက္ေလးတစ္ရက္ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္။

Read in UNICODE

ဆုမြတ်နိုးဦးကတော့ ပြီးခဲ့တဲ့ မေလ (၃) ရက်နေ့ကပဲ သူမရဲ့ မိခင်ကြီးကို ရုတ်တရက် ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါတယ်။ မမျှော်လင့်ပဲ ဘဝထဲကနေ ထွက်ခွာသွားတဲ့ မိခင်ကြီးအတွက် ဆုမြတ်နိုးဦးက စိတ်မကောင်းခြင်းများစွာဖြစ်ခဲ့ရသလို ဒီနေ့ဒီအချိန်ထိလည်း မိခင်ကြီးအတွက်

ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင်လ (၃၀)ရက်နေ့ကတော့ ဆုမြတ်နိုးဦးရဲ့ မွေးနေ့လေးဖြစ်ပြီး ဆုမြတ်နိုးဦးက သူမရဲ့မွေးနေ့မှာ မရှိတော့တဲ့မေမေအတွက် အလှူအတန်းများလုပ်ခဲ့ကြောင်းကို အခုလိုပဲ မျှဝေထားပါတယ်။ “ဒီနေ့သမီးရဲ့မွေးနေ့အလှူအဖြစ်

သန်လျင်စက်ပစ်ကွင်းကျောင်းနဲ့ သန်လျင်ဆုတောင်းပြည့်တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်း တို့မှာ ဝါဆိုသင်္ကန်းနဲ့ အလှူငွေများလှူဒါန်းခဲ့ပါတယ်။ ပြုပြုသမျှကောင်းမှုကုသိုလ်အဖို့ကိုအမျှပေးဝေပါတယ် မိသားစုနဲ့ရုတ်တရက်ခွဲခွာပီး ဘဝတပါးကိုကူးပြောင်းသွားတဲ့မေမေလဲရရှိပါစေ 🙏🏼🙏🏼🙏🏼 အမျှ အမျှ အမျှ။ သာဓု သာဓု သာဓု” ဆိုပြီး သူမပြုသမျှ ကောင်းမှုအစုစုကို မိခင်အတွက် အမျှပေးဝေထားပါတယ်။ ဆုမြတ်နိုးဦးကတော့

မွေးနေ့မှာ အတူတူမရှိပေးနိုင်တော့တဲ့ မွေးသမိခင်ကြီးကို ပိုလို့တောင် လွမ်းဆွတ်တမ်းတနေမယ် ထင်ပါတယ်။ ဆုမြတ်နိုးဦးရဲ့ မိခင်ကြီးလည်း ကောင်းရာမွန်ရာ ဘုံဘဝကနေပြီး ပြုသမျှကောင်းမှုအစုစုအတွက် သာဓုခေါ်ဆိုနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Hsu Myat Noe Oo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *