ႏွလံုးေသြားေၾကာက်ဥ္းေရာဂါ မျဖစ္ရေအာင္ ေဆာင္ရန္ ေရွာင္ရန္မ်ား

“ႏွလုံး”သည္ လူ႔ခႏၶာကိုယ္တစ္ခုလုံးကို ေသြးလည္ပတ္စီးဆင္းရန္အတြက္ လုပ္ေဆာင္ေပးေသာ ေသြးညႇစ္စက္ “Blood Pump Machine” တစ္ခုလို႔ဆိုရမွာပါ…။ သာမန္ လူတစ္ဦးတြင္ ႏွလုံးသည္ ေန႔စဥ္ ပ်မ္းမွ်အားျဖင့္ အႀကိမ္ တစ္သိန္းခန႔္ ခုန္ရၿပီး…ေသြးထုသည္ ဂါလံ ႏွစ္ေထာင္ခန႔္ ညႇစ္ထုတ္ေပးတယ္လို႔သိရွိရပါတယ္….။ လူ႔သက္တမ္းတစ္ေလွ်ာက္ မရပ္မနား စည္းခ်က္မွန္မွန္ ညႇစ္ထုတ္ေပးေနရၿပီး အသက္ ၇၀ အ႐ြယ္ေရာက္ပါက အႀကိမ္ေပါင္း ၂.၅ ဘီလီယံေက်ာ္ ခုန္ခဲ့ၿပီးျဖစ္ပါတယ္…။ ထိုကဲ့သို႔ အခ်ိန္ျပည့္ လုပ္ေဆာင္ႏိုင္ရန္

ႏွလုံးႂကြက္သားမ်ားအတြက္ ေအာက္စီဂ်င္ႏွင့္ အဟာရမ်ားအား ႏွလုံးေသြးေၾကာ “Coronary Arteries” မ်ားမွ ေထာက္ပံ့ေပးရပါတယ္…။အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႏွလုံးေသြးေၾကာမ်ား က်ဥ္းေျမာင္းလာၿပီး ႏွလုံးႂကြက္သားအတြက္ ေအာက္စီဂ်င္ႏွင့္ အဟာရကို လုံေလာက္စြာ မေထာက္ပံ့ႏိုင္ေတာ့သည့္ အခ်ိန္တြင္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ လကၡဏာမ်ားေပၚေပါက္လာပါသည္….။ ထိုလကၡဏာမ်ားကို အၾကမ္းဖ်င္း အားျဖင့္ ေဖာ္ျပေပးလိုက္ပါတယ္…။ အသက္ရႉျမန္ျခင္း၊ အသက္ရႉၾကပ္သကဲ့သို႔ ခံစားရျခင္း၊ မူးေဝလာျခင္းမ်ားျဖစ္ေပၚလာပါတယ္…။ ဒါ့အျပင္ ပ်ိဳ႕အန္ျခင္း၊

အလြန္အမင္း ေခြၽးထြက္ျခင္း၊ အနားယူေသာ္လည္း ရင္ဘတ္ေအာင့္ျခင္း ျဖစ္ေပၚလာပါက လူႀကီးမင္းတို႔အေနနဲ႔ သတိထားဖို႔လိုအပ္လာပါၿပီ…။ အေမရိကန္ႏိုင္ငံတြင္ လူဦးေရ ၃ သန္းမွ ၄ သန္းခန႔္အထိ မည္သည့္ အရိပ္လကၡဏာမွ မျပသပဲ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ ခံစားေနၾကရတဲ့ အတြက္ အထူးစမ္းသပ္စစ္ေဆးခ်က္မ်ား ျပဳလုပ္ၾကရမွာပါ….။ ECG ႐ိုက္ျခင္း၊ ရင္ေခါင္း ဓာတ္မွန္ (Chest X-ray) ႐ိုက္ျခင္းျဖင့္ ႏွလုံး အေျခအေနကို ၾကည့္ရႈႏိုင္ပါတယ္….။ ေသြးအတြင္း ကိုလက္စထေရာ ပါဝင္ႏႈန္း စစ္ေဆးျခင္း၊ ဆီးခ်ိဳ ေသြးခ်ိဳ

စစ္ေဆးျခင္းတို႔ျဖင့္လည္း ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါကို ႀကိဳတင္ကာကြယ္ႏိုင္မွာပါ….။ စာဖတ္ပရိသတ္ႀကီးတို႔အေနနဲ႔လည္း အစားအေသာက္ ေရွာင္ၾကဥ္ျခင္းအားျဖင့္ ေရာဂါျဖစ္ေစႏိုင္မႈ ရာခိုင္ႏႈန္းကို ေလ်ာ့က်ေစမွာပါ…။ ကိုလက္စထေရာ ႂကြယ္ဝသည့္ အစားအစာမ်ားကို ေရွာင္ၾကဥ္ၿပီး… ေရ၊ ဟင္းသီးဟင္း႐ြက္ အသီးအႏွံမ်ား၊ အဆီဓာတ္ နည္းေသာ ႏြားႏို႔၊ ငါး၊ ၾကက္စတာေတြကို သန႔္ရွင္းလတ္ဆက္ေအာင္ျပဳလုပ္ၿပီးစားသုံးရမွာပါ…။ ထို႔အျပင္ ဘဲ ကဲ့သို႔ ျဖဴေသာ

အသားမ်ား၊ ဂ်ဳံ၊ ေျပာင္း၊ လူး၊ ဆပ္ကဲ့သို႔ ႏွံစားသီးႏွံမ်ားကိုလည္း စားသုံးရမွာပါ…။ ေဆးလိပ္ေသာက္ျခင္းသည္ ႏွလုံးေသြးေၾကာအတြင္း ေအာက္စီဂ်င္ ပို႔ေဆာင္မႈကို အဟန႔္အတား ျဖစ္ေစသျဖင့္ လုံးဝေရွာင္ၾကဥ္ သင့္ပါတယ္…။ သင့္တင့္ေသာ ကိုယ္လက္ေလ့က်င့္ခန္း လုပ္ေဆာင္ရန္လည္းလိုအပ္ပါတယ္…။ စိတ္ဖိစီးမႈမျဖစ္ေအာင္ အတက္ႏိုင္ဆုံးေပ်ာ္႐ႊင္စြာ ေနထိုင္ရန္ျဖစ္ၿပီး…..၊ ေသြးတိုး၊ ဆီးခ်ိဳေရာဂါမ်ား ရွိပါက ေရာဂါအတြက္ ၫႊန္ၾကားထားသည္မ်ားကို လိုက္နာေဆာင္႐ြက္ရပါမည္….။ က်န္းမာေပ်ာ္႐ႊင္တဲ့ ဘဝေနထိုင္မႈမ်ိဳးရရွိေအာင္ “ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ” နဲ႔ပတ္သက္၍ ဗဟုသုတျဖစ္ဖြယ္ အေၾကာင္းအရာစုံလင္ကို ပရိသတ္ႀကီးတို႔အတြက္ တင္ဆက္ေပးလိုက္ပါတယ္….။

Read in UNICODE

“နှလုံး”သည် လူ့ခန္ဓာကိုယ်တစ်ခုလုံးကို သွေးလည်ပတ်စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက် “Blood Pump Machine” တစ်ခုလို့ဆိုရမှာပါ…။ သာမန် လူတစ်ဦးတွင် နှလုံးသည် နေ့စဉ် ပျမ်းမျှအားဖြင့် အကြိမ် တစ်သိန်းခန့် ခုန်ရပြီး…သွေးထုသည် ဂါလံ နှစ်ထောင်ခန့် ညှစ်ထုတ်ပေးတယ်လို့သိရှိရပါတယ်….။ လူ့သက်တမ်းတစ်လျှောက် မရပ်မနား စည်းချက်မှန်မှန် ညှစ်ထုတ်ပေးနေရပြီး အသက် ၇၀ အရွယ်ရောက်ပါက အကြိမ်ပေါင်း ၂.၅ ဘီလီယံကျော် ခုန်ခဲ့ပြီးဖြစ်ပါတယ်…။ ထိုကဲ့သို့ အချိန်ပြည့် လုပ်ဆောင်နိုင်ရန်

နှလုံးကြွက်သားများအတွက် အောက်စီဂျင်နှင့် အဟာရများအား နှလုံးသွေးကြော “Coronary Arteries” များမှ ထောက်ပံ့ပေးရပါတယ်…။အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြောများ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နှင့် အဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့သည့် အချိန်တွင် နှလုံးသွေးကြောကျဉ်းရောဂါ လက္ခဏာများပေါ်ပေါက်လာပါသည်….။ ထိုလက္ခဏာများကို အကြမ်းဖျင်း အားဖြင့် ဖော်ပြပေးလိုက်ပါတယ်…။ အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်းများဖြစ်ပေါ်လာပါတယ်…။ ဒါ့အပြင် ပျို့အန်ခြင်း၊

အလွန်အမင်း ချွေးထွက်ခြင်း၊ အနားယူသော်လည်း ရင်ဘတ်အောင့်ခြင်း ဖြစ်ပေါ်လာပါက လူကြီးမင်းတို့အနေနဲ့ သတိထားဖို့လိုအပ်လာပါပြီ…။ အမေရိကန်နိုင်ငံတွင် လူဦးရေ ၃ သန်းမှ ၄ သန်းခန့်အထိ မည်သည့် အရိပ်လက္ခဏာမှ မပြသပဲ နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေကြရတဲ့ အတွက် အထူးစမ်းသပ်စစ်ဆေးချက်များ ပြုလုပ်ကြရမှာပါ….။ ECG ရိုက်ခြင်း၊ ရင်ခေါင်း ဓာတ်မှန် (Chest X-ray) ရိုက်ခြင်းဖြင့် နှလုံး အခြေအနေကို ကြည့်ရှုနိုင်ပါတယ်….။ သွေးအတွင်း ကိုလက်စထရော ပါဝင်နှုန်း စစ်ဆေးခြင်း၊ ဆီးချို သွေးချို

စစ်ဆေးခြင်းတို့ဖြင့်လည်း နှလုံးသွေးကြောကျဉ်း ရောဂါကို ကြိုတင်ကာကွယ်နိုင်မှာပါ….။ စာဖတ်ပရိသတ်ကြီးတို့အနေနဲ့လည်း အစားအသောက် ရှောင်ကြဉ်ခြင်းအားဖြင့် ရောဂါဖြစ်စေနိုင်မှု ရာခိုင်နှုန်းကို လျော့ကျစေမှာပါ…။ ကိုလက်စထရော ကြွယ်ဝသည့် အစားအစာများကို ရှောင်ကြဉ်ပြီး… ရေ၊ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ အဆီဓာတ် နည်းသော နွားနို့၊ ငါး၊ ကြက်စတာတွေကို သန့်ရှင်းလတ်ဆက်အောင်ပြုလုပ်ပြီးစားသုံးရမှာပါ…။ ထို့အပြင် ဘဲ ကဲ့သို့ ဖြူသော

အသားများ၊ ဂျုံ၊ ပြောင်း၊ လူး၊ ဆပ်ကဲ့သို့ နှံစားသီးနှံများကိုလည်း စားသုံးရမှာပါ…။ ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောအတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ် သင့်ပါတယ်…။ သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်လည်းလိုအပ်ပါတယ်…။ စိတ်ဖိစီးမှုမဖြစ်အောင် အတက်နိုင်ဆုံးပျော်ရွှင်စွာ နေထိုင်ရန်ဖြစ်ပြီး…..၊ သွေးတိုး၊ ဆီးချိုရောဂါများ ရှိပါက ရောဂါအတွက် ညွှန်ကြားထားသည်များကို လိုက်နာဆောင်ရွက်ရပါမည်….။ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုမျိုးရရှိအောင် “နှလုံးသွေးကြောကျဉ်းရောဂါ” နဲ့ပတ်သက်၍ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာစုံလင်ကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်….။

Source : ဝီကီပီးဒီးယား

Add a Comment

Your email address will not be published. Required fields are marked *