ေလျဖတ္ ေသြးတိုး ဦးေႏွာက္ေသြးေၾကာျပတ္ျခင္း အႏၲရာယ္မွ ကင္းေဝးေစဖို႔

လြန္ခဲ့ေသာ ရက္ပိုိင္း အတြင္းက စာေရးသူ၏ လူနာမိတ္ေဆြ အသက္ ၅၈ ႏွစ္အ႐ြြယ္ အမ်ိဳးသမီး တစ္ဦးသည္ရာသီဥတု အလြန္ပူသျဖင့္ အဲကြန္းဖြင့္ထားေသာ..၊ေသာ အခန္းတြင္ ညဘက္ အိပ္စက္ၿပီး နံနက္ေစာေစာ အိပ္ရာထခ်ိန္တြင္္ ေရခ်ိဳးခန္းဝင္ကာ ေရခ်ိဳးသည္ ။ေရခ်ိဳးေနရင္း

တစ္ကိုယ္လုံး ေလးလံလာသျဖင့္ ေရခ်ိဳးခန္းတံခါးကို ဖြင့္ၿပီး အိမ္ေရွ႕ခန္းတြင္ ရွိေနေသာ ခင္ပြန္းျဖစ္သူကို လွမ္းေခၚသည္ ။ ခင္ပြန္း ျဖစ္သူသည္ သူ႔ကို ေပြ႕ယူၿပီး အိပ္ရာေပၚတြင္ အသာခ်၍ ေရစိုဝတ္မ်ား

လဲေပးေနစဥ္မွာပင္ စကားမေျပာႏိုင္ ေခၚ၍မရ လုံးဝ မလႈပ္ရွားေတာ့ဘဲ အသက္မရႉေတာ့..၊ လည္ပင္း ေသြးေၾကာကို စမ္းသပ္ၾကည့္ရာ ေသြးမတိုး၍ ေမာင္ႏွမေတာ္သူမ်ားကို ဖုန္းဆက္ေခၚလိုိက္ရာ ေရာက္လာၿပီး..။

ေဆး႐ုံပို႔ရန္ ကားစီစဥ္ၾကေသာ္လည္း လုံးဝ မလႈပ္ရွားေတာ့သျဖင့္အသက္ေသဆုံးမွန္း သိရွိၾကၿပီး ေဆး႐ုံ မပို႔ျဖစ္ေတာ့ဟု ဆိုသည္ ။ အမွန္မွာ အိပ္ရာထခ်ိန္တြင္ အဲကြန္းခန္းမွ ထြက္လာၿပီး ေရတန္းခ်ိဳးသျဖင့္ ေသဆုံးျခင္း မဟုတ္ပါ..။ေသေသခ်ာခ်ာ ေမးျမန္းၾကည့္မွသိရသည္မွာ သူတို႔ေနသည္မွာ

တိုက္ခန္းအသစ္ျဖစ္သည္ ။မေန႔ကမွ ေျပာင္းလာရာ တစ္ညအိပ္ၿပီး နံနက္အိပ္ရာထတြင္ ေသဆုံးရျခင္း ျဖစ္သည္။နံနက္အိပ္ရာ ထၿပီးေနာက္ အိမ္ေရွ႕ခန္းတြင္တံ ျမက္ စည္း လွည္းသန႔္ရွင္းေရး လုပ္သည္ ။ဘုရားခန္းတြင္လည္းသန႔္ရွင္းေရး လုပ္သည္။ ေသာက္ေတာ္ေရႏွင့္ ဘုရားပန္းမ်ားလဲရန္ ျပင္ဆင္ၿပီးမွ ေရခ်ိဳးခန္းအတြင္္း ဝင္ၿပီး ေရခ်ိဳးသည္ ။

ေရခ်ိဳးေနရင္းမွ ေနမေကာင္း ျဖစ္လာသျဖင့္ ခင္ပြန္းျဖစ္သူကို လွမ္းေခၚျခင္း ျဖစ္သည္။ ေရာဂါ၏ အေျခခံ အေၾကာင္းလည္း ရွိသည္ ။လြန္ခဲ့သည့္ ႏွစ္အနည္းငယ္က သူ႔တြင္ ဆီးခ်ိဳေရာဂါ ဝင္လာသည္။ ဆီးခ်ိဳ အထူးကု ဆရာဝန္ႏွင့္လည္း ျပသည္။ ကုသမႈ ခံယူသည္ ။ ဆီးခ်ိဳ က်ေဆးလည္း ေသာက္ေနသည္။သို႔ေသာ္ သူ႔အားနည္းခ်က္မွာ

အစားမေရွာင္ အစားအေသာက္ မဆင္ျခင္ျခင္း ျဖစ္သည္ ။ စားခ်င္ရာစားၿပီး ေဆးေသာက္လိုက္မည္ဟု အေတြးအေခၚမ်ိဳး သူ႔တြင္ရွိသည္။ေသဆုံးမည့္ နံနက္က အိပ္ရာထ ခ်ိန္တြင္ မိိမိဘာသာလက္ထိိပ္ ေသြးေဖာက္ၿပီး ဆီးခ်ိဳစစ္သည့္ ကိရိယာျဖင့္ စစ္ေဆးသည္ ။ အိုိေကသည္၊ ေကာင္းသည္ဟု ဆိုသည္။သို႔ေသာ္ သူသတိမထားမိိသည္မွာ ေသြးတိုးျဖစ္သည္ ။

အဲကြန္္း ဖြင့္ထားေသာ အေအးခန္းမွ ထြက္လာသူသည္အပူခ်ိန္ မတူသည့္ ျပင္ပသို႔ ေရာက္လာလွ်င္ ေသြးေပါင္တက္လာတတ္သည္္ ။ သတိိျပဳသင့္သည့္ အရာျဖစ္သည္။ေသြးတိုးသည္ တိတ္တဆိတ္ လူသတ္သမား အလစ္ေခ်ာင္း ေနေသာ လူသတ္သမားျဖစ္သည္ ။ သတိိရွိၾက ေစခ်င္သည္။ ေသြးတိုး၊ ေလျဖတ္၊ ဦးေႏွာက္ေသြးေၾကာျပတ္၍

႐ုတ္တရက္ ေသဆုံးရသူ အမ်ားအျပား ရွိသည္ ။ အခ်ိဳ႕ကလည္္း ေဝဒနာ မခံစားရဘဲ ရက္ရွည္လမ်ား ေလျဖတ္ၿပီး ဒုကၡိတ မျဖစ္ဘဲ ယခုလို ေသသြားရျခင္းကို ေကာင္းသည္ဟု ဆိုၾကသူမ်ားလည္း ရွိသည္ ။ေ ရခ်ိဳးရင္္ ေသြးတိုးၿပီး ဦးေႏွာက္ေသြးေၾကာ မျပတ္ေစရန္ ကာကြယ္ႏိုင္သည့္ နည္းကို တင္ျပလိုသည္။ ေရမခ်ိဳးမီ ေလ့က်င့္ခန္း တစ္ခုခု ျပဳလုပ္ပါ..။ သို႔ိမဟုတ္

လမ္းေလွ်ာက္ပါ။ ႂကြက္သားႏွင့္ အာ႐ုံေၾကာမ်ား တစ္ညလုံး အိပ္ထားသျဖင့္ေညာင္းေနသည္ကို လန္းဆန္းေစရန္ ျဖစ္သည္ ။ၿပီးလွ်င္ ေရမခ်ိဳးမီ ေရေအး (ပုံမွန္ ေအးေသာေရ) မတ္ခြက္ တစ္ခြက္ခန႔္ ေသာက္ပါ။ ဝမ္းအတြင္း အစာအိမ္မွ အပူႏွင့္ ေလပူမ်ား ၿငိမ္သြားမွ ေရခ်ိဳးလွ်င္ ေသြးေဆာင့္တိုးျခင္းမွ ကာကြယ္ႏိုင္ပါသည္။ ပူေသာ ရာသီတြင္ သတိျပဳလုပ္ေဆာင္ၾကပါ..။

Read in UNICODE

လွန်ခဲ့သော ရက်ပိုင်း အတွင်းက စာရေးသူ၏ လူနာမိတ်ဆွေ အသက် ၅၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည်ရာသီဥတု အလွန်ပူသဖြင့် အဲကွန်းဖွင့်ထားသော..၊သော အခန်းတွင် ညဘက် အိပ်စက်ပြီး နံနက်စောစော အိပ်ရာထချိန်တွင် ရေချိုးခန်းဝင်ကာ ရေချိုးသည် ။ရေချိုးနေရင်း

တစ်ကိုယ်လုံး လေးလံလာသဖြင့် ရေချိုးခန်းတံခါးကို ဖွင့်ပြီး အိမ်ရှေ့ခန်းတွင် ရှိနေသော ခင်ပွန်းဖြစ်သူကို လှမ်းခေါ်သည် ။ ခင်ပွန်း ဖြစ်သူသည် သူ့ကို ပွေ့ယူပြီး အိပ်ရာပေါ်တွင် အသာချ၍ ရေစိုဝတ်များ

လဲပေးနေစဉ်မှာပင် စကားမပြောနိုင် ခေါ်၍မရ လုံးဝ မလှုပ်ရှားတော့ဘဲ အသက်မရှူတော့..၊ လည်ပင်း သွေးကြောကို စမ်းသပ်ကြည့်ရာ သွေးမတိုး၍ မောင်နှမတော်သူများကို ဖုန်းဆက်ခေါ်လိုက်ရာ ရောက်လာပြီး..။

ဆေးရုံပို့ရန် ကားစီစဉ်ကြသော်လည်း လုံးဝ မလှုပ်ရှားတော့သဖြင့်အသက်သေဆုံးမှန်း သိရှိကြပြီး ဆေးရုံ မပို့ဖြစ်တော့ဟု ဆိုသည် ။ အမှန်မှာ အိပ်ရာထချိန်တွင် အဲကွန်းခန်းမှ ထွက်လာပြီး ရေတန်းချိုးသဖြင့် သေဆုံးခြင်း မဟုတ်ပါ..။သေသေချာချာ မေးမြန်းကြည့်မှသိရသည်မှာ သူတို့နေသည်မှာ

တိုက်ခန်းအသစ်ဖြစ်သည် ။မနေ့ကမှ ပြောင်းလာရာ တစ်ညအိပ်ပြီး နံနက်အိပ်ရာထတွင် သေဆုံးရခြင်း ဖြစ်သည်။နံနက်အိပ်ရာ ထပြီးနောက် အိမ်ရှေ့ခန်းတွင်တံ မြက် စည်း လှည်းသန့်ရှင်းရေး လုပ်သည် ။ဘုရားခန်းတွင်လည်းသန့်ရှင်းရေး လုပ်သည်။ သောက်တော်ရေနှင့် ဘုရားပန်းများလဲရန် ပြင်ဆင်ပြီးမှ ရေချိုးခန်းအတွင်း ဝင်ပြီး ရေချိုးသည် ။

ရေချိုးနေရင်းမှ နေမကောင်း ဖြစ်လာသဖြင့် ခင်ပွန်းဖြစ်သူကို လှမ်းခေါ်ခြင်း ဖြစ်သည်။ ရောဂါ၏ အခြေခံ အကြောင်းလည်း ရှိသည် ။လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ့တွင် ဆီးချိုရောဂါ ဝင်လာသည်။ ဆီးချို အထူးကု ဆရာဝန်နှင့်လည်း ပြသည်။ ကုသမှု ခံယူသည် ။ ဆီးချို ကျဆေးလည်း သောက်နေသည်။သို့သော် သူ့အားနည်းချက်မှာ

အစားမရှောင် အစားအသောက် မဆင်ခြင်ခြင်း ဖြစ်သည် ။ စားချင်ရာစားပြီး ဆေးသောက်လိုက်မည်ဟု အတွေးအခေါ်မျိုး သူ့တွင်ရှိသည်။သေဆုံးမည့် နံနက်က အိပ်ရာထ ချိန်တွင် မိမိဘာသာလက်ထိပ် သွေးဖောက်ပြီး ဆီးချိုစစ်သည့် ကိရိယာဖြင့် စစ်ဆေးသည် ။ အိုကေသည်၊ ကောင်းသည်ဟု ဆိုသည်။သို့သော် သူသတိမထားမိသည်မှာ သွေးတိုးဖြစ်သည် ။

အဲကွန်း ဖွင့်ထားသော အအေးခန်းမှ ထွက်လာသူသည်အပူချိန် မတူသည့် ပြင်ပသို့ ရောက်လာလျှင် သွေးပေါင်တက်လာတတ်သည် ။ သတိပြုသင့်သည့် အရာဖြစ်သည်။သွေးတိုးသည် တိတ်တဆိတ် လူသတ်သမား အလစ်ချောင်း နေသော လူသတ်သမားဖြစ်သည် ။ သတိရှိကြ စေချင်သည်။ သွေးတိုး၊ လေဖြတ်၊ ဦးနှောက်သွေးကြောပြတ်၍

ရုတ်တရက် သေဆုံးရသူ အများအပြား ရှိသည် ။ အချို့ကလည်း ဝေဒနာ မခံစားရဘဲ ရက်ရှည်လများ လေဖြတ်ပြီး ဒုက္ခိတ မဖြစ်ဘဲ ယခုလို သေသွားရခြင်းကို ကောင်းသည်ဟု ဆိုကြသူများလည်း ရှိသည် ။ေ ရချိုးရင် သွေးတိုးပြီး ဦးနှောက်သွေးကြော မပြတ်စေရန် ကာကွယ်နိုင်သည့် နည်းကို တင်ပြလိုသည်။ ရေမချိုးမီ လေ့ကျင့်ခန်း တစ်ခုခု ပြုလုပ်ပါ..။ သို့ိမဟုတ်

လမ်းလျှောက်ပါ။ ကြွက်သားနှင့် အာရုံကြောများ တစ်ညလုံး အိပ်ထားသဖြင့်ညောင်းနေသည်ကို လန်းဆန်းစေရန် ဖြစ်သည် ။ပြီးလျှင် ရေမချိုးမီ ရေအေး (ပုံမှန် အေးသောရေ) မတ်ခွက် တစ်ခွက်ခန့် သောက်ပါ။ ဝမ်းအတွင်း အစာအိမ်မှ အပူနှင့် လေပူများ ငြိမ်သွားမှ ရေချိုးလျှင် သွေးဆောင့်တိုးခြင်းမှ ကာကွယ်နိုင်ပါသည်။ ပူသော ရာသီတွင် သတိပြုလုပ်ဆောင်ကြပါ..။

Source : ၾကည္လြင္ျမင့္္ (မုျဒာ)

Add a Comment

Your email address will not be published. Required fields are marked *