ကြည့်ရှုသူပရိသတ်တွေ စိတ်ထဲ မချိတင်ကဲဖြစ်စေခဲ့ပြီး ဇာတ်သိမ်းခဲ့တဲ့ ဂျီဟောသူ ဇာတ်လမ်းတွဲ
MRTV-4
MRTV-4
MRTV-4
Read in UNICODE
ဂျီဟောသူဇာတ်လမ်းတွဲကတော့ (၁၉၈၀) ကာလဝန်းကျင်ခန့်ကိုပြန်လည်ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးပါ။ ဒီဇာတ်လမ်းတွဲမှာတော့ ပရိသတ်တွေမြင်တွေ့ဖူးတဲ့ ဟိန်းထက်၊မေမီကိုကို၊ရှင်မွေလ၊မိုက်မိုက်စတဲ့သရုပ်ဆောင်တွေအပြင် အခြားသရုပ်ဆောင်တွေပါ
MRTV-4
ပါဝင်ခဲ့ကြတာပါ။ ဒီဇာတ်လမ်းကတော့ စာရေးဆရာမကြီးမစန္ဒာရဲ့ နာမည်ကျော်လူကြိုက်များတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်တာကြောင့် ပရိသတ်တွေက ဇာတ်ကားအဖြစ်ပြန်လည်ဖန်တီးတဲ့နေရာမှာ စိတ်ဝင်စားခဲ့ကြပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်တိုင်းကတော့ အကောင်းဆုံးကြိုးစားခဲ့ကြတာကြောင့်
MRTV-4
ပရိသတ်တွေရဲ့ချီးကျူးမှုလည်း ရရှိခဲ့ပါတယ်။ တစ်ချိန်ကစက်မှုတက္ကသိုလ်ကိုနောက်ခံထားတဲ့ ကျောင်းဇာတ်လမ်းလေးဖြစ်တဲ့ “ဂျီဟောသူ” ဇာတ်ကားဟာ လွမ်းမောစရာတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာမနေ့ ဇာတ်သိမ်းသွားတာဖြစ်ပြီး ခေတ်ဟောင်းကို ဖန်တီးခဲ့တာကြောင့် လိုအပ်ချက်တွေရှိခဲ့တယ်လို့လည်း အချို့ဝေဖန်ကြသလို ကြိုက်နှစ်သက်သူတွေလည်း များခဲ့ပါတယ်။ ဇာတ်သိမ်းကိုတော့
MRTV-4
အသက်တွေကြီးသွားတဲ့အချိန်ကိုရိုက်ပြခဲ့တာဖြစ်ပြီး ဇာတ်သိမ်းမှာ အတွဲကိုယ်စီဖြစ်ခဲ့တဲ့သူတွေလည်းရှိသလို တစ်ကိုယ်တည်းသမားဘဝမှာအောင်မြင်ပျော်ရွှင်နေသူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အရမ်းချစ်ခဲ့ကြပေမဲ့မဆုံစည်းနိုင်ခဲ့တဲ့ ငြိမ်းဝေနဲ့မိမိလေးတို့နှစ်ဦးအတွက်ကတော့ ပရိသတ်တွေကမချိတင်ကဲဖြစ်ခဲ့ကြတာပါ။ ဇာတ်သိမ်းပိုင်းနဲ့ပတ်သက်ပြီး ခံစားချက်လေးတွေ မျှဝေခဲ့ပါဦးနော်…
Source : MRTV-4 | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *